ကင်ဆာရောဂါဖြစ်ရတာဟာ (၁) ဇီဝဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ဖွံ့ဖြိုး ခြင်း၊ (၂) ကင်ဆာဆဲလ်ဟာ ပတ်ဝန်း ကျင်မှာရှိသော တစ်သျှူးတွေကို ထိုး ဖောက် ဝင်ရောက်နိုင်သော အစွမ်းရှိ ခြင်းနှင့် အဝေးတစ်နေရာမှာရှိသော ဝမ်းတွင်းကလီစာထိအောင်ရောက်ရှိ ပြန့်ပွားနိုင်ခြင်း (၃) ကင်ဆာအကျိတ် ကို အောင်မြင်စွာ ခွဲစိတ်နိုင်တာတောင်ကင်ဆာကြီးထွားမှုဟာ တဖြည်းဖြည်းချင်းကြီးထွားတဲ့အဆင့်ကို ကျော်လွန်ပြီး လူနာသေတော့မှပဲ ချုပ်ငြိမ်းသွား တတ်တဲ့ သဘောရှိပါတယ်။ ကင်ဆာဟာ ခန္ဓာကိုယ်အနှံ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။

ကင်ဆာကို သုံးပိုင်းခွဲထားနိုင်ပါ တယ်။ ဝမ်းတွင်းဂလိုင်ပါတဲ့ကလီစာ ဥပမာ – အာခေါင်လေပြွန်၊ အူလမ်း ကြောင်း၊ အစာအိမ်၊ သားအိမ် စသည် တို့မှာဖြစ်တဲ့အုပ်စု (၂) အမျှင်တန်းတွေ ပါတဲ့ဝမ်းတွင်းကလီစာ ဥပမာ- အရိုး၊ အဆီ၊ အမျှင်မှာကင်ဆာဖြစ်တဲ့အုပ်စု (၃) ရိုးတွင်းခြင်ဆီနှင့် ခုခံအားစနစ်နှင့် ဆိုင်သောနေရာမှာဖြစ်တဲ့ ကင်ဆာ

(ဥပမာ- သွေးကင်ဆာ၊ သားနံရည် ကျိတ်ကင်ဆာ)အုပ်စုဆိုပြီး (၃)အုပ်စု ရှိပါတယ်။

ဝမ်းတွင်းကလီစာ၏ မူလနေရာ ကနေ စဖြစ်တာရယ်၊ မူလဖြစ်နေတဲ့ ကင်ဆာက သွေး၊ ပြန်ရည်ကြော စ သည်ကနေ တစ်ခြားတစ်နေရာကို ကင်ဆာဆဲလ် ရောက်ရှိပြီးဖြစ်တဲ့ ကင်ဆာဆိုပြီး နှစ်မျိုးရှိပါတယ်။ ကင်ဆာ ဆဲလ်ဟာ ကြီးထွားပွားများပြီး အဆုံး စွန်သော အရွယ်အထိရောက်လာတဲ့အခါ အကျိတ် သို့မဟုတ် အနာအဖြစ်

လက္ခဏာပြလာပါတယ်။ ရောဂါဆိုး လေ ဘေးပတ်ဝန်းကျင်ကို ထိုးဖောက် ဝင်ရောက်သော လက္ခဏာတွေနဲ့ တစ်ခြားတစ်နေရာကို ပြန့်နှံ့တာဟာ ပိုပြီး သိသာလေပါပဲ။

မေး – ကင်ဆာဖြစ်သူဦးရေ ဘယ်လောက်ထိ ရှိနေသလဲ။

ဖြေ – နှစ်စဉ် လူဦးရေ (၆)သန်း ကျော် ကင်ဆာရောဂါဖြစ်ပြီး သေဆုံး နေကြပါတယ်။ အဆုတ်ကင်ဆာက ကင်ဆာရောဂါအားလုံး၏ (၁၂.၃) ရာခိုင်နှုန်း၊ ရင်သားကင်ဆာက (၁ဝ.၄) ရာခိုင်နှုန်း၊ အူမကြီးကင်ဆာ က (၉.၄) ရာခိုင်နှုန်း ရှိပါတယ်။ အမျိုးသားတွေက အဆုတ်၊ အစာအိမ်၊အစာရေမျို၊ အသည်းနှင့် ဆီးအိမ်ကင်ဆာ ပိုဖြစ်တတ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေက နာတာရှည် ရောဂါ (ဥပမာ -ဘီပိုးရောဂါ ဆိုလျှင် အသည်းကင်ဆာ) Papilloma  ဗိုင်း ရပ်စ်ဆိုလျှင် သားအိမ်ခေါင်းကင်ဆာ၊ အစာအိမပိုးကြောင့် အစာအိမ် ကင်ဆာတွေ ပိုဖြစ်တတ်ပါတယ်။ ဖွံ့ဖြိုး ပြီးနိုင်ငံတွေမှာ ဆေးလိပ်သောက်သုံးမှု လျော့နည်းခြင်း၊ ရောဂါကို စောစီးစွာ ရှာဖွေနိုင်ခြင်းနှင့် ကင်ဆာကုထုံးခေတ် မီလာခြင်း စတာတွေကြောင့် ကင်ဆာ ဖြစ်နှုန်းကျဆင်းနေပါတယ်။

မေး – ဘာကြောင့် ကင်ဆာဖြစ်ရတာလဲ။

ဖြေ – ပတ်ဝန်းကျင်အကြောင်း၊ မျိုးရိုးဗီဇအကြောင်းဆိုပြီး နှစ်ပိုင်းရှိ ပါတယ်။

ပတ်ဝန်းကျင်အကြောင်း ၈ဝ – ၉ဝ ရာခိုင်နှုန်းဟာ ပတ်ဝန်းကျင်ကြောင့် ကင်ဆာဖြစ်ရတာ။ ဆေးရွက်ကြီးဝါးတာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေလမ်းကြောင်းဆိုင်ရာ ကင်ဆာအ ပြင် ဆီးအိမ်၊ ကျောက်ကပ်အထိတောင်ကင်ဆာဖြစ်နိုင်ပါတယ်။ ဆေးလိပ်ကြောင့် တစ်နှစ်ကို စောစောစီးစီး လူဦးရေ တစ်သန်းကျော်ဟာ သေဆုံးနေကြပါတယ်။ အရက်ကြောင့် အလွန်အကျူးသောက်ပြီး ကင်ဆာဖြစ်နေပါတယ်။ ဘီယာသောက်တာကြောင့် အစာ ဟောင်းကင်ဆာတောင်ဖြစ်နိုင်ပါတယ်။

အစားအသောက်မှာ မီးကင်၊ ကျပ်တိုက်ငါးတွေကြောင့် အစာအိမ် ကင်ဆာ၊ အမျှင်ဓာတ်ကြောင့် အူကင် ဆာ၊ အမဲသားကြောင့် အူမကြီးကင်ဆာ၊ အဆီဓာတ်များလို့ ရင်သားကင်ဆာ စတာတွေဖြစ်တတ်ပါတယ်။ (၁ – ၅) ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်ကြောင့် အငွေ့အသက်ရှူမိပြီး ကင်ဆာဖြစ်တာတွေရှိပါတယ်။ ဗိုင်းရပ်စ်ပိုး၊ ကပ်ပါးပိုးတွေကြောင့်လည်း ကင်ဆာ ဖြစ်တတ်ပါတယ်။ နေရောင်ခြည်၊ ဓာတ် ရောင်ခြည်၊ ရေ၊ လေ မသန့်ရှင်း ခြင်း၊ အီစတိုဂျင်ဆေးဝါးဖြင့်ကုသခြင်း၊ လယ်ယာလုပ်ငန်းတွင် ပိုးသတ်ဆေး ဖြန်းခြင်း စတာတွေကနေ ကင်ဆာ ဖြစ်တတ်ပါတယ်။

မျိုးရိုးဗီဇ

မွန်ဂိုတွေက သွေးကင်ဆာပိုဖြစ်တတ်ပါတယ်။

မေး – ကင်ဆာမဖြစ်အောင် ဘယ်လိုထိန်းချုပ်မလဲ။

ဖြေ – အနည်းဆုံး သုံးပုံတစ်ပုံသော ကင်ဆာက ကြိုတင်ကာကွယ်နိုင်ပါတယ်။ မူလတားဆီးရမှာက (၁) ဆေးလိပ်၊ အရက်သောက်တာကို တားဆီးခြင်း၊ (၂) တစ်ကိုယ်ရေ သန့် ရှင်းအောင်နေခြင်း (သားအိမ်ခေါင်း ကင်ဆာမှို)၊ (၃) ရောဂါကုသမှုမှာ ပိုလျှံပြီး ဓာတ်ကင်တာမလုပ်ဖို့၊ (၄) လုပ်ငန်းခွင်မှာ အဆိပ်သင့်မှု ကာကွယ်ခြင်း၊ (၅) ဘီပိုးကာကွယ် ဆေးထိုးခြင်းဖြင့် အသည်းကင်ဆာ ကာကွယ်ခြင်း၊ (၆) အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်တွေမှာ ကင်ဆာဖြစ်စေနိုင် သောပစ္စည်း မထည့်ခြင်း၊ (၇) အစော ပိုင်းရောဂါကို ကုသခြင်း၊(သားအိမ် ခေါင်းဒဏ်ရာ၊ အူထဲတွင် အကျိတ်ရှိ နေသူ၊ ကြွက်နို့၊ နာတာရှည် အစာအိမ်ရောင်သူ၊ သားအိမ်ခေါင်းရောင်သူ စတာတွေကို စောစီးစွာ ရောဂါရှာဖွေ ပြီး ချက်ချင်းကုသမှုခံယူခြင်းတွေ လုပ်ရပါမယ်။

ဒုတိယတားဆီးရမှာက ဆေးရုံတက်လူနာ သို့မဟုတ် လူထုကြားထဲ ရောဂါတွေ့ပါက ချက်ချင်းထိရောက် သော ကုသမှုပေးခြင်းဖြစ်ပါတယ်။

မေး – ကင်ဆာကို သိရှိနိုင်ဖို့ ပြည်သူတွေ ဘာတွေ ဂရုပြုရမလဲ။

အန္တရာယ်ရှိ လက္ခဏာတွေကို သိရပါမယ်။

(၁) ရင်သားမှာ အကျိတ်အခဲ သို့မဟုတ် မာတဲ့နေရာတွေ့လျှင် သတိ

(၂) မှဲ့ သို့မဟုတ် ကြွက်နို့ သို့ မဟုတ် အမှတ်က ပုံစံပြောင်းနေလျှင် သတိ

(၃) အစာအိမ်၊ အူလမ်းကြောင်း တစ်ခုခု ပြောင်းလဲနေလျှင် သတိ

(၄) အမြဲချောင်းဆိုး အသံဝင် နေလျှင် သတိ

(၅) တစ်လတစ်လ သွေးတွေသွန် နေလျှင် သွေးတွေဆုံးရှုံးနေလျှင် သတိ

(၆) ဒွါရပေါက်မှ သွေးထွက်နေလျှင် သတိ

(၇) အကျိတ်၊ အနာဖြစ်နေပြီး သက်သာမှု မရှိလျှင် သတိ

(၈) ဘာကြောင့်မှန်းမသိဘဲ ကိုယ် အလေးချိန်ကျနေလျှင် ကိုယ့်ဟာကိုယ် သတိထားပြီး အမြန်ပြပေတော့…

အေးကမ္ဘာဒေါက်တာချစ်

Health Care