ကမ္ဘာပေါ်တွင် ကွမ်းစားသူ သန်း ၆ဝဝ ကျော်ရှိပြီး အများစုမှာ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှဖြစ်ကြောင်းသိရပြီး အဆိုပါဒေသများတွင် ခံတွင်းကင်ဆာဖြစ်ပွားမှု မြင့်တက်နေကြောင်း သိရသည်။

ကွမ်းသီးတွင် ကင်ဆာဖြစ်စေသော ကာစီနိုဂျင်ပါသဖြင့် ကွမ်းသမားများသည် လျှာနှင့် ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေများပြားသည်။ ကွမ်းကြောင့် သွားများပျက်စီးခြင်းနှင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေများသော်လည်း ကွမ်းသည် မူးယစ်ဆေးကဲ့သို့ စွဲလမ်းစေသောအရာဖြစ်သဖြင့် ကွမ်းသမားအများစုသည် ကွမ်းဖြတ်ရန် အခက်အခဲရှိကြသည်။ ထိုင်ဝမ်တွင် ကွမ်းစိုက်သူများကို ကွမ်းမစိုက်ဘဲ အခြားသီးနှံပြောင်းစိုက်က အစိုးရက မြေတစ်ဟက်တာ (၂.၄ဧက)လျှင် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၈၃၁၅ ပေးသော်လည်း ၁ဝ ရာခိုင်နှုန်းသာ အခြားသီးနှံပြောင်းစိုက်ခဲ့ကြသည်။သုတေသီများက အာရှတိုက်တွင် ကွမ်းစားခြင်းနှင့်ပတ်သက်သည့် လေ့လာမှု ၁၇ ခုပြုလုပ်ခဲ့ရာ ကွမ်းစားသူများသည် ကွမ်းမစားသူများထက် အဝလွန်မှုတွင် ၁.၄၇ ဆ၊ ဆီးချိုဖြစ်နိုင်ခြေ ၁.၄၇ ဆ၊ သွေးတိုးရောဂါဖြစ်နိုင်ခြေ ၁.၄၅ဆ၊ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ ၁.၂ ဆပိုများကြောင်း တွေ့ခဲ့သည်။

Health Care