မွေးရာပါ နှလုံးရောဂါ အမေနဲ့ဆိုင်လားရှင့်။ ကျွန်မက အသက်ရှူမဝတာ ဖြစ်တက်လို့ပါ။

ကလေးမှာ မွေးရာပါနှလုံးရောဂါလို့ ဆရာဝန်တွေက ပြောပါသလား။ မိခင်ဆိုရင် အနည်းဆုံး နားကြပ်နဲ့ နားထောင်မှ တချို့ကို သိလာနိုင်တယ်။ တက်လို့ မရေးရ။ တက်ဆိုတာ အတန်းတက်တာ အတက်ရောဂါ။ တတ်ဆိုတာ ဖြစ်တတ်၊ စားတတ်၊ သွားတတ်တာ။

ကလေးဆုံးတော့မှ ဆရာဝန်က ပြောပြပါတယ်။ ကလေးမှာ မွေးရာပါ နှလုံးရောဂါရှိတယ်လို့ မွေးတုန်းက ဆေးရုံမှာမွေးပေမယ့် မပြောလိုက်ပါဘူးရှင့်။ G6PD လို့ပဲ ပြောပါတယ်။ ၂ လနဲ့ ၉ ရက်ရှိမှ ကလေးက ဆုံးတာပါ။

၂။ ဆရာရှင့် ကျမအသက် ၄၅ နှစ်ပါ။ ကျမမှာ မွေးရာပါနှလုံး အပေါက်ပိုတခုရှိပါတယ်။ ဟိုအရင်က ဒေါက်တာ့ နဲ့ ပြဘူးပါတယ်။ ခွဲမှပျောက်မယ်တဲ့။ ဒါပေမယ့် တာဝန်မယူနိုင်ဘူးလို့ ဆိုတဲ့အတွက် မခွဲခဲ့ပါဘူး။ ဒီလိုပဲ မောလိုက် ပျောက်လိုက်နဲ့ အခု ၄၅ နှစ် ရှိပါပြီ။ အခုတပါတ်လောက်ကစပြီး ရင်ထဲမှာ စူးပြီး အောင့်နေပါတယ်။ ကျမရောဂါ တော်တော်ဆိုးနေပြီလားဆိုတာ သိချင်လို့ပါဆရာ ဖြေကြားပေးပါရှင့်။

၃။ ကျွန်တော် မကြာခင် လက်ထပ်တော့မှာပါ ဆရာ။ ဒါပေမယ့် ကျွန်တော် ယူမယ့် အမျိုးသမီးက နှလုံးရောဂါ ရှိနေလို့ ကျွန်တော် ကလေးမယူချင်သေးပါဘူးခင်ဗျာ။ အဲဒါ ယူပြီး ကလေးမရအောင် သူရောဂါနဲ့သင့်တော်မယ့် ဆေးများရှိရင် ညွန်ကြား ပေးစေလိုပါတယ်ဆရာ။ မြန်မာပြည် မှာရနိုင်မယ် ဆေးမျိုးပေါ့ဆရာ။

၄။ ဆရာခင်ဗျာ မွေးရာပါ နှလုံးအပေါက်ပါတဲ့ရောဂါကို ခွဲစိတ်ကုသရင် ပျောက်ကင်းနိုင်ပါသလားခင်ဗျာ။

၅။ ဆရာ သူငယ်ချင်းမလေးက ကလေးမွေးထားတယ်ဆရာရယ်၊ သူ့ကလေးက တလရှိသွားပြီ။ နှလုံးခုန်မြန်လို့ ဆရာဆေးခန်းသွားပြပါတယ်။ ကလေးက နှလုံးမှာ အပေါက်ပါတယ်ပြောတယ်တဲ့။ ဘယ်လိုမျိုးလဲ အဆို့ရှင်လားဆရာ၊ ဆေးပေးလိုက်ပြီး တစ်လပြန်ချိန်းတယ်တဲ့။ မသက်သာရင် ခွဲရမယ်ပြောတယ်တဲ့။ စိုးရိမ်းပြီး တောတော် သောကရောက်နေရှာတယ်။ အဲဒါကြောင့် ဆရာကို မေးပေးမယ်၊ ဘယ်လို စောင့်ရှောက်ပေးရမယ် ဆိုတာကို။ သိပ်လဲဗဟုသုတရှိတဲ့ ကလေးတွေလဲ မဟုတ်တော့လေ။ ဆရာအခု အချိန်မရရင် ပို့စ်လေးတခု ရေးပြီးတင်ပေးပါလားဆရာ။

၆။ မွေးရာပါ နှစ်လုံးရောအကြောင်း ဆောင်းပါလေး သိဖွယ်လေး ဆေးပညာမှတ်စုလေးများရှိရင် ပို့ပေးစေလိုပါသည်။

ကမ္ဘာမှာ ၁၅ မိနစ်တိုင်း မွေးရာပါနှလုံးရောဂါနဲ့ ကလေးတယောက် မွေးနေတယ်။

မွေးရာပါ နှလုံးရောဂါ အများစုကို ဘာလို့လာဖြစ်သလဲ ဆရာဝန်တွေ မသိကြပါ။ ဒါလိုမျိုးရောဂါတွေကို တွေ့တိုင်း ကံတရားရဲ့သဘောကို နားလည်အောင်၊ ကံကောင်းအောင် လုပ်ဆောင်ဘို့ တွန်းအားတွေ ရလာစေတယ်။ စာဖတ်သူများကိုလည်း အလေးအနက် တိုက်တွန်းပါရစေ။

ဖြစ်နိုင်ခြေ အလားအလာရှိတာတွေတော့ သိပါတယ်။

၁။ Genetic or chromosomal abnormalities မျိုးဗီဇ ဒါမှမဟုတ် ခရိုမိုဇုန်း ချို့ယွင်းချက်၊ ဥပမာ Down syndrome ဒေါင်-ဆင်ဒရုပ်း၊

၂။ Taking certain medications or alcohol or drug abuse during pregnancy တချို့ဆေးတွေကို ကိုယ်ဝန်ဆောင်နေတုံး သုံးစွဲလို့၊

၃။ Maternal viral infection ဗိုင်းရပ်စ် ပိုးဝင်လို့၊ ဥပမာ ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ rubella (German measles) ဂျာမန် ဝက်သက်ဖြစ်လို့။

မွေးရာပါ နှလုံးရောဂါ အမျိုးမျိုးရှိတယ်။ မွေးမွေးချင်း လက္ခဏာခံစားရတာ၊ နဲနဲကြီးလာမှ ခံစားရတာ မတူပါ။ တချို့ဆိုရင် ရောဂါပါလာမှန်း မသိဘူး။ အမေရိကားမှာ ကလေးပေါင်း ၅ သိန်းရှိတယ်။ အမျိုးထဲမှာ ကလေးတယောက်က ဒါမျိုးရှိရင် နောက်ကလေးလဲ ဖြစ်နိုင်ခြေပိုများတာတွေ့ရတယ်။

အဖြစ်များတဲ့ အမျိုးအစားတွေ
၁။ Heart valve defects နှလုံးအဆို့ရှင် ချို့ယွင်းချက်များ၊ အဆို့ရှင် ကျဉ်းနေတာ၊ လုံးဝပိတ်နေတာ၊ မလုံတာ။

၂။ Defects in the walls between the atria and ventricles of the heart နှလုံးအခန်းတွေကြားက အကန့်မှာ အပေါက်ဖြစ်နေတာ၊ ဥပမာ Atrial septal defect (ASD) နဲ့ Ventricular septal defect (VSD) များ၊ မေးတဲ့ကလေးမှာ VSD ဖြစ်နေပါတယ်။

၃။ Heart muscle abnormalities နှလုံးကြွက်သား အားနည်းခြင်း။

Congenital Heart Defects in Children ကလေးမွေးရာပါ နှလုံးရောဂါများ
(၁) Patent ductus arteriosus (PDA) (ပေးတင့် ဒတ်တပ်စ်-အာတီရီယိုးဆပ်စ်)
(၂) Tetralogy of Fallot နှလုံးချို့ယွင်းချက် ၄ မျိုးတွဲရှိခြင်း၊
(၃) Transposition of the great vessels နှလုံးသွေးကြောကြီးများ နေရာလွဲနေခြင်း၊
(၄) Coarctation of the aorta နှလုံးသွေးကြောမကြီး တနေရာမှာကျဉ်းနေခြင်း၊
(၅) Heart valve problems နှလုံးအဆို့ရှင်များ မကောင်းခြင်းများ။

ဆရာဝန်ကနေ နားကြပ်နဲ့ နားထောင်တာနဲ့လဲ တချို့နှလုံးရောဂါကို သိတယ်။ Heart murmur ဆိုတဲ့အသံကိုကြားရတယ်။ သေချာစေအောင် ဒါတွေဆက်စစ်ဆေးနိုင်တယ်။
• Echocardiogram or transesophageal echocardiogram (TEE)
• Cardiac catheterization
• Chest X-ray
• Electrocardiogram (ECG or EKG)
• MRI

ဘာတွေခံစားရမလဲနှလုံးမှာ ရောဂါရှိနေတာကို ကလေး မမွေးခင်ကတည်းက သိအောင်လုပ်နိုင်တယ်။ မွေးပြီးမှလဲ အချိန်မရွေးသိနိုင်တယ်။
၁။ Shortness of breath အသက်ရှူမဝတာ၊
၂။ Limited ability to exercise သွားလာ လှုတ်ရှား၊ အလုပ်လုပ်တာ သူများလို၊ အရင်လို မလုပ်နိုင်တာတွေ တွေ့ရလိမ့်မယ်။

ရောဂါလက္ခဏာများ
• Cyanosis နုတ်ခမ်း၊ လက်သည်း၊ အရေပြား ပြာနှမ်းနေခြင်း၊
• Fast breathing အသက်ရှူမြန်နေခြင်း၊
• Poor feeding အစားအစာ ကောင်းကောင်းမစားခြင်း
• Poor weight gain ကိုယ်အလေးချိန် အတက်နှေးခြင်း၊
• Recurrent lung infections အဆုတ်ခဏခဏရောင်ခြင်း၊
• Inability to exercise ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းမလုပ်နိုင်ခြင်း၊ မဆော့နိုင်ခြင်း။

ဘယ်လိုကုသမလဲ
• တချို့ကဆေးကုဘို့ တကူးတက မလိုကြပါ။ တချို့ဆေးပေးမယ်။ တချို့က ခွဲစိတ်ရမယ်။ တစ်သက်တာ နှလုံးအထူးကုဆရာဝန်နဲ့ ပြသ၊ စစ်ဆေး၊ ကုသမှုလိုတတ်တယ်။
• မွေးရာပါ နှလုံးရောဂါရှိနေသူတိုင်းမှာ လာဖြစ်တတ်တဲ့ Endocarditis နှလုံးသားရောင်တာမျိုးက ကြိုတင်ကာကွယ်နိုင်ပါတယ်။ နှလုံးခွဲစိတ်ရသူတွေမှာ ပိုသတိထားရမယ်။

လည်ချောင်းနာရင်၊ ဖျားရင်၊ ကိုယ်လက်တွေကိုက်ခဲရင် ဆရာဝန်ပြပါ။ သွားနုတ်စရာ၊ ခွဲစိတ်စရာရှိရင် Antibiotics ပဋိဇီဝဆေး သောက်ရမယ်။
• Amoxicillin လူကြီး = 2 g နဲ့ ကလေး = 50 mg/kg
• ပါးစပ်ကမသောက်နိုင်သူများအတွက် Ampicillin 2 g IM or IV ကလေး = 50 mg/kg IM or IV သို့မဟုတ် Cefazolin 1 g IM or IV သို့မဟုတ် Ceftriaxone ကလေး = 50 mg/kg IM or IV
• ပနယ်စလင် မတည့်သူများ Cephalexin 2 g 50 mg/kg သို့မဟုတ် Clindamycin 600 mg ကလေး = 20 mg/kg သို့မဟုတ် Azithromycin သို့မဟုတ် Clarithromycin 500 mg ကလေး = 15 mg/kg
• ပါးစပ်ကမသောက်နိုင်သူများအတွက် Ampicillin သို့မဟုတ် Cefazolin သို့မဟုတ် Ceftriaxone 2 g IM or IV1 g IM or IV ကလေး = 50 mg/kg IM or IV50 mg/kg IM or IV
• ပနယ်စလင် မတည့်သူများ၊ ပါးစပ်ကမသောက်နိုင်သူများအတွက် Cefazolin or ceftriaxone or Clindamycin 1 g IM or IV600 mg IM or IV ကလေး = 50 mg/kg IM or IV20 mg/kg IM or IV

ဒေါက်တာတင့်ဆွေ

Health Care