၁။ ဆော်လမွန်ငါး
– ဆော်လမွန်ငါးမှာ Omega 3 Fatty Acid တွေဖြစ်တဲ့ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ မှတ်ဉာဏ်စွမ်းအား အတွက် မရှိမဖြစ်လိုအပ်တဲ့ EPA နဲ့ DHA ပါဝင်ပါတယ်။ က လေးတွေက ငါးဆိုရင် ဒီတိုင်းကျွေး ရင် မစားချင်ကြပါဘူး။ ဒါကြောင့် Sandwich လို လုပ်ပြီး ကျွေးတာမျိုး လုပ်ပေးရင်တော့ ပိုကြိုက်ကြပါ လိမ့်မယ်။ တချို့ကလေးတွေက ဆော်လမွန် မကြိုက်ဘူးဆိုရင်တော့ တူနာငါးကျွေးလို့လည်းရပါတယ်။ ဒါပေမယ့် ဆီသွပ်ဘူးတွေမှာပါတဲ့ တူနာကတော့ အသားချည်းပဲ ပါပြီး ငါးအဆီမပါတဲ့အတွက် Omega 3 Fatty Acid ကတော့ နည်းပါတယ်။
၂။ ကြက်ဥ ကျွေးပါ
– အားလုံးသိပြီးသား ဖြစ်တဲ့ အတိုင်း ကြက်ဥက အသားဓါတ် ကြွယ်ဝတဲ့အတွက် ကလေးငယ်တွေ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အသုံးဝင်ပါတယ်။ နောက်တစ်ခု ကောင်းတဲ့အချက်ကတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်း (Choline) ဓါတ်က မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါပေမယ့် တစ်ဖက်က ကိုလက်စထရောလည်း များတဲ့အတွက် တစ်နေ့ ကို ၂ လုံးထက်ပိုပြီး မကျွေးသင့်ပါဘူး။ တစ်ခုရှိတာက ကလေးငယ် တွေမှာ ကြက်ဥ နဲ့ တည့်မတည့်ကို စမ်းဖို့တော့ လိုပါတယ်။ စကျွေး တဲ့နေရာမှာ တည့်မတည့်ကို အရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာ ဘူးဆိုရင် တည့်တယ်လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေး လို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးငယ်တွေကို ကျွေးတဲ့နေရာမှာ အစိမ်းလုံးဝ မကျွေးသင့်ပါ။ အကျက် (သို့မပာုတ်) အကာကျက်လေး ပြုတ်ပြီး ကျွေးရပါမယ်။
၃။ မြေပဲထောပတ် ကျွေးပါ
– အခုနောက်ပိုင်း Super Market အတော်တော်များများမှာ မြေပဲထောပတ် Peanut Butter ဝယ်လို့ရနေပါပြီ။ Peanut က ဗီတာမင် E ကြွယ်ဝပြီး ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့အတွက် အာရုံကြောဆဲလ်လေးတွေရဲ့ အ မြှေးပါး ပျက်စီးမှုဒဏ ်မှ ကာကွယ်ပေးပါတယ်။ နောက်ထပ်လဲ Thiamin (ဗီတာမင် B1) ကြွယ်ဝ တဲ့အတွက် ဦးနှောက် နဲ့ အာရုံ ကြော လုပ်ငန်းဆောင်တာတွေ အတွက် တဖက်တလမ်းကနေ ကူညီပေးပါတယ်။ ဒါပေမယ့် မြေပဲ ကလည်း လူတိုင်းနဲ့ မတည့်တတ်တဲ့ အတွက် ကလေးတွေကို စကျွေးရင် တည့်မတည့် သိရအောင် လက်တ တို့စာလောက်ကျွေးပြီး နာရီဝက် စောင့်ပြီး အနီစက်ထွက်တာ အသက်ရှူကြပ်တာတွေ မရှိမှဆက် ကျွေးပါ။ ဒါက အရင်ကတည်းက မြေပဲ တစ်ခါမှ မကျွေးဖူးတဲ့ ကလေးတွေအတွက်သာဖြစ်ပါတယ်။
၄။ Whole Grains ကျွေးပါ
-Whole Grains ဆိုတာ ကတော့ အလွယ်ပြောရင် ဂံျုကြမ်း ဆန်ကြမ်းတွေပါ။ Whole Grains တွေမှာ ဗီတာမင် B complex ပါဝင်တဲ့အတွက် ဦးနှောက် နဲ့ အာရုံကြောအတွက် အထူးကောင်းမွန် စေပါတယ်။
၅။ Oatmeal ကျွေးပါ
– ကလေးငယ်တွေကို မနက် စာအနေနဲ့ ဗီတာမင် B, E ပို တက်ဆီယမ်နဲ့ ဇင့်ဓါတ်ကြွယ်ဝတဲ့ Oatmeal ကျွေးသင့်ပါတယ်။
၆။ ဘယ်ရီသီးတွေ များများ ကျွေးပါ
– ဘယ်ရီသီးတွေဆိုတာကတော့ စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီသီး စတဲ့ အသီးတွေကို ဆိုလိုတာပါ။ ဗီတာမင်စီ ကြွယ်ဝလို့ ကိုယ်ခံစွမ်းအားကို မြှင့် တင်ပေးတဲ့အတွက် ကလေးငယ် တွေမှာ ဘက်တီးရီယား၊ ဗိုင်းရပ်စ် တွေကြောင့်ဖြစ်တဲ့ နှာစေးချောင်း ဆိုး ဖြစ်တာတွေကို လျှော့ချပေးပါတယ်။
၇။ ပဲအမျိုးမျိုး ကျွေးပေးပါ
– Omega 3 Fatty Acid ကြွယ်ဝတဲ့ Kidney Bean နဲ့ Pinto Bean ကျွေးခြင်းအားဖြင့် ဦးနှောက်ဖွံ့ဖြိုး မှုကို တဖက်တလမ်းက အားပေးပါတယ်။ တစ်ခု သတိထားသင့်တာ ကတော့ တချို့သော ပဲအမျိုးအစား တွေက ကလေးတွေမှာ မတည့် တတ်ပါဘူး။ အထူးသဖြင့် G6PD ကလေးတွေမှာဆိုရင် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ်။
၈။ အရောင်စုံအောင် အသီးအရွက်တွေ ကျွေးပါ
ဥပမာ-
(၁) အနီရောင် – ခရမ်းချဉ် သီး၊ စတော်ဘယ်ရီ
(၂) အဖြူရောင် – မုန့်ညှင်းဖြူ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်
(၃) အဝါရောင် (သို့) လိမ္မော် ရောင် – လိမ္မော်သီး၊ မုန်လာဥနီ
(၄) အစိမ်းရောင် – ကန်စွန်း ရွက်၊ ပာင်းနုနွယ်၊ ပန်းပွင့်စိမ်း
(၅) ခရမ်းရောင် – စပျစ်သီး စတာတွေထဲမှ တစ်နေ့ကို သုံး မျိုးလောက် ပါအောင်ကျွေးပေးပါ။ ကန်းစွန်းဥနဲ့ ရွှေဖရုံသီးကျွေး လည်းရပါတယ်။ ကလေးတွေ ပို ကြိုက်ပါတယ်။
၉။ နွားနို့ နဲ့ ဒိန်ချဉ်ကျွေးပေးပါ
– ဦးနှောက်တစ်သျှူးနဲ့ အင်ဇိုင်းတွေကို ဖွံ့ဖြိုးစေပါတယ်။
၁ဝ။ သံဓါတ် အားကောင်းစေတဲ့ အမဲသား ကျွေးပေးပါ
– သံဓါတ်ပာာ ဦးနှောက်ဖွံ့ဖြိုးမှု နဲ့ မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သံဓါတ်ကြွယ်ဝတဲ့ အမဲသား ကျွေးပေး ဖို့လိုပါတယ်။ ဒါပေမယ့် တပတ်ကို နှစ်ကြိမ်ထက်တော့ မပိုသင့်ပါဘူး။
ဒေါက်တာညီညီကျော်
Health Care