မွေးကင်းစအရွယ်၌ ကာကွယ် ဆေးထိုးခြင်းဖြင့် သင်၏ကလေး ကို ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ ပိုလီယို၊ ဝက်သက်နှင့် ပါးချိတ်ရောင် ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ် ပေးနိုင်သည်။ ထိုကဲ့သို့ ကာကွယ်  ဆေး မထိုးနှံသော ကလေးများ အ နေဖြင့် အသက်ငယ်ရွယ်စဉ်အချိန် ၌သာမက လူကြီးဘဝတွင်ပါ ရော ဂါများ၊ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်ပြီး အသက်သေဆုံး သည်အထိ အန္တရာယ်ဖြစ်စေနိုင် သောကြောင့် ကလေးများကို သတ် မှတ်ထားသည့်အရွယ်၌ ကာကွယ် ဆေးထိုးနှံပေးရန်မှာ လွန်စွာအရေး ကြီးလှပါသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကလေးငယ်၏ နာကျင်မှုဝေဒနာ သက်သာစေရန် မိခင်နှင့် ကျန်းမာ ရေးဝန်ထမ်းများအတွက် လုပ်ဆောင် သင့်သည်တို့ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (ွျှံဥ) ၏ လမ်းညွှန်ချက် နှင့်အညီ ဖော်ပြလိုက်ရပါသည်။

မိခင်

၁။ ကလေးကို သက်တောင့် သက်သာဖြစ်စေမည့် အနေအထား တွင် ပွေ့ချီထားပါ။

၂။ ကာကွယ်ဆေးမထိုးမီနှင့် ထိုးနေစဉ်၌ ကလေးကို နို့ချိုတိုက် ကျွေးပါ။

၃။ ဆေးထိုးချိန်တွင် အရုပ် များ၊ ရုပ်ပြစာအုပ်များ၊ သီချင်းသီ ဆိုခြင်းများ စသည်တို့ကို ပြုလုပ် ခြင်းဖြင့် ကလေးကို အာရုံပြောင်း ပါ။

ကျန်းမာရေးဝန်ထမ်းများ

၁။ ကာကွယ်ဆေးထိုးနှံခြင်း နှင့်ပတ်သက်၍ ကောင်းစွာ ဗဟု သုတရှိပြီး တည်ငြိမ်မှု၊ ပူးပေါင်း ဆောင်ရွက်နိုင်မှုများလည်း ရှိရ မည်။

၂။ ကာကွယ်ဆေးထိုးချိန်၌ သာမန် ရိုးရှင်းသော စကားများ ကိုသာ ပြောဆိုပါ။

၃။ အကယ်၍ ကာကွယ်ဆေး အရေအတွက် များပြားစွာ ထိုးနှံ ရန် စီစဉ်ထားပါက ကလေးကို အ နာကျင်ဆုံးဖြစ်စေမည့် ဆေးကို နောက်ဆုံးမှ ထိုးပါ။

ရဲခိုင်(ဆေး-၂)

Health Care