ကားမောင်းလျှင် ခါးပတ်ပတ်ထားခြင်းက ယာဉ်မတော်တဆမှုများတွင် သေစေနိုင်သော အသည်းထိခိုက်ပျက်စီးမှု ဖြစ်ပွားနိုင်ခြေကို ၂၀ ရာခိုင်နှုန်းကျော်အထိ လျှော့ချပေးကြောင်း အမေရိကန်နိုင်ငံရှိ နယူးယော့ခ်တက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်အရ သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာ၌ အသည်းသည် အဓိကထိခိုက် ပျက်စီးသော အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ထိခိုက်မှု ပြင်းထန် ဆိုးရွားပါက အသက်ပင်သေစေနိုင်ကြောင်းလည်း သုတေသီများက ဖော်ပြခဲ့သည်။ အဆိုပါ သုတေသနကို ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ဆေးရုံသို့တင်ပို့ကုသခဲ့ရသော လူ ပေါင်း (၅၅,၅၄၃)ဦးတွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ကားမတော်တဆမှုတွေဖြစ် ရင် ခါးပတ်ပတ်ထားတာက အ သက်အန္တရာယ်ကို ကာကွယ်ပေး နိုင်တယ်ဆိုတာ လူတွေသိနေတာ တော့ ကြာပါပြီ။ ဒါပေမယ့်လည်း ကားတွေမှာ အကာအကွယ်ပေး နိုင်တဲ့ လေအိတ်တွေပါလို့ ခါးပတ် ပတ်စရာ မလိုဘူးဆိုပြီး အငြင်းပွား ဖွယ် ပြောဆိုနေသူတွေလည်း ရှိပါ သေးတယ်။ ဒါကြောင့် အဓိကသိစေချင်တာ ကတော့ ခါးပတ်မပတ်ဘဲ လေအိတ်သီးသန့်က မတော်တဆမှု ဖြစ်ရင် အသည်းထိခိုက်ပျက်စီးတာကို ကာကွယ်မပေးနိုင်ပါဘူး” ဟု ၎င်း သုတေသနကို ဦးဆောင်သူ Audrey Renson က ပြောကြားထားသည်။

ယာဉ်မတော်တဆမှုများသည် ကမ္ဘာတွင် အများအပြားဖြစ်ပွားလျက်ရှိနေပြီး ယင်းဖြစ်စဉ်များကြောင့် နှစ်စဉ် လူ ၁.၃ သန်း နီးပါးသေဆုံးပြီး လူသန်း ၂၀ ကျော်မှာ ထိခိုက်ဒဏ်ရာရရှိကာ အရေးပေါ်ကုသမှုခံယူကြရကြောင်းလည်း သိရသည်။

ဒေါက်တာရဲခိုင်ဦး

Health Care