ကနေ့ခေတ်မှာ ကိုယ်ဝန်ဆောင်တုံး ခရီးသွားတာမှာ အဟန့်-အကန့်တွေ နည်းလာပါပြီ။ ဘယ်လောက်အထိ ပြောကြသလဲ ဆိုရင် လေယာဉ်ပေါ်မှာ သန့်စင်ခန်း ဘယ်နားရှိမှန်းသိရင်တော်ပြီတဲ့။

သုတေသနတွေ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင် လေယာဉ်မယ်လေးတွေကို စမ်းတော့ ပဌမ ၃ လအတွင်း ကိုယ်ဝန် ပျက်တာ နဲနဲပိုများတာကလွဲရင် မထူးတာတွေ့ရတယ်။ သိတဲ့အတိုင်း သူတို့ခမြာ နာရီတွေအများကြီး (၁ လမှာ နာရီ ၄ဝ ကနေ ၇၄ နာရီ) အလုပ် လုပ်ကြရသူတွေဖြစ်နေတယ်။

သတိပေးစရာလေးတွေ ဆောင်ထားရင် လုံးဝအမှား မရှိစေနိုင်ပါ။

• ကိုယ်ဝန် ၃၆ ပတ်ကျော်ရင် Airlines အတော်များများက မတင်ခြင်ပါ။ ဒါကလဲ လေယာဉ်ပေါ်မှာ ကလေးဖွါးရင် သူတို့ အလုပ်ရှုပ်မှာ စိုးလို့သာပါ။

• ဒုတိယ ၃ လခေါ်တဲ့ ကိုယ်ဝန် ၄ လ ကနေ ၆ လအတွင်းသွားတာ ဘာမှမဖြစ်ပါ။

• သက်တောင့်သက်သာ သွားလာနိုင်အောင် ကြိုတင်စီစဉ်ပါ။ နေရထိုင်ခင်းကျယ်တာ စသဖြင့်။

• လူသွားလမ်းမှာ လမ်းလျှောက်ပါ၊ ရေ-အရည်များများသောက်ပါ။ သွားရည်စာစားပါ။ ခြေလက် မကြာမကြာဆန့်ပါ။

• ဟိုရောက်ရင် ကာကွယ်ဆေး မထိုးမနေရ တိုင်းပြည်မျိုးကိုသွားတာ ရှောင်ပါ။

• ကိုယ်ဝန်ဆောင်မှတ်တမ်း လက်တကမ်းမှာ ထားပါ။

• ဘာတွေ ဖြစ်နိုင်သလဲ ကြိုတွေးထင်ထားပါ။ အဝတ်ပို၊ ကလေးအနှီး၊ (ဒိုင်ယ်ပါ) ဆောင်သွားပါ။ ခရီးသွားဖေါ်ထဲမှာ ဆရာဝန်၊ ဆရာမ ပါ-မပါ စပ်စုပါ စသဖြင့်။

• အဝတ်အစားရွေး ဝတ်သွားပါ။ အပူ-အအေး၊ အကြပ်-အချောင်။

လေကြောင်းလိုင်းတွေက ကိုယ်ဝန်သည်တွေအတွက် ကန့်သတ်တာမတူကြပါ။

• British Ariways ကိုယ်ဝန် ၃၆ ပတ်ကျော်သူတွေကို ကန့်သတ်မှု လုပ်ထားတယ်။

• American Airlines မမွေးခင် ၄ ပတ်အတွင်း ခရီးသွားလိုသူ ကိုယ်ဝန်ဆောင်များ Medical certificate ဆေးစာ ပါရမယ်။ (အမွှာမဟုတ်၊ ပြဿနာ မရှိသူ၊ ရိုးရိုး ကိုယ်ဝန် အတွက်သာ ဆိုလိုတယ်။) မမွေးမီ နဲ့ မွေးပြီး ၇ ရက် အတွင်း ရှိသူများ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ၅ နာရီထက်နည်းတဲ့ လေယာဉ်ခရီးစီးခွင့်မပြု။ American Airlines’ Special Assistance Coordinator ဆီက လက်မှတ်ပါရင်တော့ရတယ်။ ရေပြင်ကို အကြာကြီးဖြတ်ရမဲ့ ဥပမာ (ဟာဝိုင်ယီ) ခရီးအတွက် Due date မတိုင်ခင် တလအတွင်း ခရီးမသွားဘို့ အကြံပြုတယ်။ ဒါပေမဲ့ လေယာဉ် မထွက်ခင် ၄၈ နာရီအတွင်းရထားတဲ့ သင့်တော်ကြောင်း ဆေးလက်မှတ်ပါရင်လာခဲ့ပါ။ မွေးရက်ထက် ၁ဝ ရက်စောပြီး နဲ့ မွေးပြီး ၇ ရက်အတွင်းရှိသူတွေ American Airlines’ Special Assistance Coordinator ဆီက စာလိုတယ်။

• Southwest Airlines ကိုယ်ဝန်ဆောင်တိုင်း လေယာဉ်မစီးခင် Medical professional တဦးဦးဆီက အကြံဉာဏ် ရယူပါ။ ကိုယ်ဝန်ဆောင်ကို Emergency exit row မှာ ထိုင်ခွင့် ပြုချင်မှပြုမယ်။ Due date ရဲ့ ၁၄ ရက်အတွင်း လေယာဉ်စီခြင်း မပြုဘို့ Recommend လုပ်ပါတယ်။

• Delta Airlines အကန့်အသတ် မရှိပါ။ Due date ၁ လအတွင်းရှိသူတွေ Medical professional ရဲ့ ခွင့်ပြုချက် ရဘို့ Suggest လုပ်ပါတယ်။

လေထဲမှာ စိတ်လှုတ်ရှားစရာ (Mid-air drama)

၂ဝဝ၆ စက်တင်ဘာ ၂၄ ရက်၊ ဗြိတိသျှလေယာဉ် BA 215 ဟာ လန်ဒန်ကနေ အမေရိကန်ပြည်ထောင်စု (ဘော်စတွန်)ကို ပျံသန်းနေတယ်။ ခရီးသည်ထဲက ကိုယ်ဝန်ဆောင်တဦး အတ္တလန်တိတ်သမုဒ္ဒရာပေါ် ပျံနေရင်း ကလေးမွေးတော့တယ်။ ခရီးသည်တွေထဲက ဆရာဝန်တဦး၊ သူနာပြု တဦး၊ ပင်စင်စားသားဖွားဆရာမတဦး၊ ဆေးကျောင်းသားတဦးနဲ့ အမျိုးသမီး လေယာဉ်မယ်တွေကနေ အောင်မြင်စွာ မွေးပေးလိုက်ပါတယ်။ ကိုယ်ဝန်သည် ဗိုက်နာတာနဲ့ လေယာဉ်မှူးက အနီးဆုံး လေယာဉ်ကွင်း Nova Scotia ကို ဆင်းသက်ဘို့ လုပ်နေတုံး မွေးလိုက်တာပါ။ ကလေးက လမစေ့ (၆ ပတ်စော) မွေး၊ ပေါင်ချိန်လည်း မပြည့်လို့ ဆေးရုံတင်လိုက်ရတယ်။ မေးခွန်းကြီးတခုကတော့ မွေးလာတဲ့သမီးလေး Nadine အတွက် နိုင်ငံသားဖြစ်ဘို့ မွေးရပ်ကဘာလဲ။ မအေက အီဂျစ်သူ၊ ကိုင်ထားတာက အမေရိကန် (ပတ်စ်ပို့တ်)၊ လေယာဉ်က ဗြိတိန်ကနေထွက်၊ သွားတာနေတာက အမေရိကားကို၊ မွေးတာကလေထဲမှာ။ မွေးမွေးချင်း ဆေးရုံတက်ရတာက ကနေဒါ။

ဘယ်လ်ဂျီယမ်လေထဲမွေးရင် မိဘတဦးဦးက ဘယ်လ်ဂျီယမ်ဖြစ်မှ နိုင်ငံသားရတယ်။ အမေရိကန်မှာတော့ သူ့ပိုင်နက်ထဲ မွေးတဲ့ကလေးဟာ အမေ-အဖေတွေက ဘယ်နိုင်ငံသားတွေ ဖြစ်နေနေ US citizens နဲ့ နိုင်ငံခြားသားဆိုရင် Dual citizenship ဖြစ်သွားတယ်။

မှတ်တမ်းတွေမှာ အစောဆုံးပြောနိုင်တဲ့ လေယာဉ်ထဲမွေးတဲ့ ကလေးကို ၂၉-၃-၁၉၃၁ မှာ Mrs. Alex Miller ကနေ Royal Canadian Air Force ပိုင် လေယာဉ်ထဲ ပေ ၄ဝဝဝ အမြင့်မယ် မွေးခဲ့တယ်။ နာမယ်ပေးတော့ Lindbergh Wright Cook Miller တဲ့။ ဘာလို့လဲဆိုတော့ ၁၉၂၇ တုံးက တယောက်ထဲနဲ့ အတ္တလန်းတိတ်သမုဒ္ဒရာ ဖြတ်သန်းပျံသန်းသူနဲ့ လေယာဉ် တီထွင်သူတွေကို ဂုဏ်ပြုတာပါ။

၁၆-၁၁-၂ဝ၁ဝ နေ့က ကနေဒါနိုင်ငံသူ ၁၈ နှစ်အရွယ် Louisa Pilurtuut ဆိုသူကနေ တလစော မွေးတဲ့ Baby William ဟာ Free pass for life, aboard Air Inuit တသက်လုံး လေယာဉ် အခမဲ့စီးခွင့်ရသွားခဲ့တယ်။ ကနေဒါသားလို ကံမကောင်းသူကတော့ ၈-၇-၂ဝ၁ဝ မှာ Turkmenistan ကနေ အိန္ဒိယကို ပြန်လာတဲ့ အိမ်ထောင်မပြုရသေးတဲ့ ၂၅ နှစ်အရွယ် မကုလားမဟာ ကလေးကို လေယာဉ်ထဲမွေးပြီး၊ Washroom ထဲ စွန့်ပစ်ထားခဲ့လို့ Amritsar လေဆိပ်မှာ အဖမ်းခံလိုက်ရတယ်။

Dr. တင့်ဆွေ

Health Care

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here