အခုတလော ကိုယ်ဝန်ဆောင်မိခင်တွေကြားမှာ ကိုယ်ဝန်ဆောင်ကာလအတွင်း ဝိတ်သေချာတက်ရဲ့လား၊ မိမိကလေး ရှိသင့်တဲ့ဝိတ်မှရှိရဲ့လားဆိုပြီး စိုးရိမ်နေကြတဲ့အတွက် သိရှိရအောင် ဗဟုသုတအနေနဲ့ ဖော်ပြပေး လိုက်ပါတယ်။ကိုယ်ဝန်မဆောင်ခင်က ပုံမှန်ကိုယ်အလေးချိန်ရှိသူ (BMI-(18.5-24.9)  (normal) ဆိုရင်တော့- ကိုယ်ဝန်ဆောင်ကာလအတွင်း ၂၅-၃၅ ပေါင်အထိ တက်ဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်က အလေးချိန် နည်းတဲ့သူ (BMI- 18.5 အောက်) ဆိုရင်တော့ – ကိုယ်ဝန်ဆောင်ကာလ အတွင်း ၂၈-၄ဝ ပေါင်အထိတက်ဖို့လို အပ်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်က ကိုယ်အလေးချိန်များနေသူ (BMI- (25-29.9) (overweight) ဆိုရင်တော့ – ကိုယ်ဝန်ဆောင်ကာလအတွင်း ၁၅-၂၅ ပေါင်အထိ တက်ဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်က ကိုယ်အလေးချိန်အလွန်များနေသူ (BMI- (30 နှင့်အထက်) (Obesity) ဆိုရင်တော့ – ကိုယ်ဝန်ဆောင်ကာလအတွင်း ၁၁ ပေါင်မှ ပေါင် ၂ဝ လောက်သာ အများဆုံး တက်ဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်း ဘယ်လိုအလေးချိန်တက်ဖို့လိုသလဲ?

ပထမ ၃ လမှာ ၁.၁ ပေါင်ကနေ ၄.၄ ပေါင်အထိ တက်လို့ရပါတယ်။ဒုတိယ ၃ လမှာတော့ တစ်ပတ်ကို ပေါင်ဝက်မှ တစ်ပေါင်နှုန်း တက်ဖို့လိုအပ်ပါတယ်။တတိယ ၃ လမှာလည်း တစ်ပတ်ကို ပေါင်ဝက်မှ တစ်ပေါင်နှုန်း တက်လို့ရပါတယ်။

ဒေါက်တာညီညီကျော်

Health Care