အဝလွန်ခြင်းဟာ ကင်ဆာ ရောဂါဖြစ်စေတဲ့ အကြောင်းအချက် အလက်တွေထဲက တစ်ခုဖြစ်တယ်။ လတ်တလော လေ့လာမှုတစ်ရပ်မှာ အဆီပြင်ကြွက်သားခွဲစိတ်လူနာ (,၀၀၀) ကို မေးမြန်းချက်တွေအရမန်နယ်လိုမား အရေပြားကင်ဆာဟာ ကိုယ်အလေးချိန် ထိန်းသူတွေမှာ မြင်ရနည်းကြောင်း တွေ့ရှိထား ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အရေပြားကင်ဆာဟာ အတွေ့ရများတဲ့ ကင်ဆာတစ်မျိုးဖြစ်တယ်။ ၂၀၁၄ ခုနှစ်၊ တစ်နှစ်တည်းမှာ အရေပြားကင်ဆာလူနာသစ် (၈၀,၀၀၀) လောက်ရှိတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းရောက်ရင် အရေပြား ကင်ဆာလူနာသစ် (၉၀,၀၀၀) ရှိလာနိုင်တယ်။

ရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေ နားလည်ထားခြင်းက ယင်း ရောဂါဖြစ်နိုင်ခြေအနည်းဆုံး ပတ် ဝန်းကျင်အထိလျှော့ချနိုင်ကာ ရောဂါဖြစ်နှုန်း ကျဆင်းမှာဖြစ်တယ်။

အဝလွန်ခြင်းဟာ အသည်းကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ကင် ဆာနဲ့ သားအိမ်ကင်ဆာများ ပိုမိုဖြစ်စေတဲ့ အချက်ဖြစ်တယ်။

ယခင်လေ့လာတွေ့ရှိထား ချက်အရ အရေပြားကင်ဆာဟာ နေရောင်ခြည်ကို အကာအကွယ် မဲ့ခံယူသူများ “အဖြစ်အများဆုံး” မှတ်တမ်းတင်ထားတယ်။ ယခုလေ့လာမှုအရ အဝလွန်ခြင်းက “အရေပြားကင်ဆာဖြစ်နိုင်ခြေ” ရှိကြောင်း တွေ့ရှိထားပါတယ်။ သုတေသီတွေက အဝလွန်ခြင်းက အရေပြားကင်ဆာ လျင်မြန်စွာဖြစ်စေကြောင်းဆိုတယ်။

ဒေါက်တာသက်လွင်(ပြည်သူ့ကျန်းမာရေး)

Health Care