ပန်းသီးနဲ့ ဘရိုကိုလီတို့မှာ  ပါဝင်တဲ့ဖိုင်ဘာတွေဟာ ဆီးချိုနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်တယ်ဆိုတာကို သင့်အနေနဲ့ သိနေပြီးဖြစ်လောက်တယ်။ ဘယ်ရီသီးတွေမှာ ပါတဲ့ Antioxidants တွေကလည်း ကင်ဆာကာကွယ်တဲ့ အာနိသင်တွေ ရှိတယ်။ ပြီးတော့ အသားထဲမှာပါတဲ့ အသားဓာတ်ဟာလည်း ကြွက်သားကို တည်ဆောက်ပေးတယ်။

သင်သိတာထက် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစား အသောက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။

ကညွတ် (Asparagus) မှာ သဘာဝ Diuretic (Asparagine) ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ထဲက ပိုနေတဲ့အရည်နဲ့ ဆားဓာတ်ကို စွန့်ပစ်ပေးတယ်။ သွေးတိုးကြောင့် edema (ခန္ဓာကိုယ်တွင်းနေရာလွတ်တွေမှာ အရည်စုပြီး ရောင်ယမ်းခြင်း)ရှိသူတွေအတွက် အထောက်အကူဖြစ်တယ်။ ဒါ့အပြင် ကညွတ်တွင်ပါတဲ့ B ဗီတာမင်တွေက သိမြင်ခြင်းလျော့ကျမှုနဲ့ စိတ်အားညှိုးငယ်မှုတို့ကို တိုက်ခိုက်ရာတွင်လည်း အထောက်အကူပြု တယ်။ သင့်မှာအဆစ်ရောင်ဂေါက်(Gout) ရောဂါရှိရင်တော့ ကညွတ်ကို အနည်းအကျဉ်းသာ စားသင့်တယ်။ ကညွတ်မှာ ယူရစ်အက်ဆစ် ပါတဲ့အတွက် နာကျင်မှုတွေဖြစ်လာတတ်တယ်။

လက်ဘက်ရည်မှာပါတဲ့ L-theanine ဓာတုပစ္စည်းဟာ Gammadelta T cells (ကူးစက်မှုအားလုံးကို ခန္ဓာက ကာကွယ်နိုင်တဲ့ ခံနိုင်ရည်ရှိတဲ့သွေးဆဲလ်)တွေကို အဆ (၅ဝ)အထိ ကျယ်ပြန့်စေတယ်။ ဒါပေမယ့် လက်ဘက်ရည်ဟာ သံဓာတ်မြင့်မားတဲ့ အစားအစာနဲ့ တွဲသောက်ရင် သံဓာတ်စုပ်ယူမှုကို ၈ဝ ရာခိုင်နှုန်းကျော်လျော့သွား စေတယ်။ အစားအသောက်စားပြီး ကြားအချိန်တွေမှာသောက်ရင် (သို့) သံပရာသီးညှစ်သောက်ရင် အဲဒီသက်ရောက်မှုကို နည်းစေတယ်။

ဝက်သားဟာThiamine (ကာဗွန်ဟိုက်ဒရိတ်ကိုပြောင်းလဲပြီး စွမ်းအင်အဖြစ်နဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက် အတွက် ပြုလုပ်ပေးတဲ့ B ဗီတာမင် တစ်မျိုး)ဖြစ်တယ်။ နှလုံး၊ ကြွက်သားနဲ့ အာရုံကြောစနစ်လှုပ်ရှားမှု တွေအတွက်အရေးပါတယ်။ ဝက်သားထဲမှာပါတဲ့ သွပ်ဓာတ်ဟာ ခံနိုင်ရည်ရှိတဲ့စနစ်ကို မြှင့်တင်ပေးတယ်။ အသားဓာတ်ကိုဖြစ်စေကာ ဒဏ်ရာတွေကိုလည်း ကျက်စေတယ်။

ကြက်သွန်နီကို စားတာဟာလည်း အဆုတ်ကင်ဆာဖြစ်ပွားတာကို လျော့ပါးစေတယ်။ ဒါ့အပြင် ကောင်းတဲ့ကိုလက်စထရော (HDL) ကို မြှင့်တင်ပေးရာမှာလည်း အထောက်အကူပြုတယ်။ ချိစ်မှာ သဘာဝအလျောက်ပါဝင်တဲ့ အဆီဟာလည်း သင့်သွားတွေကိုဖုံးပြီး ဘက်တီးရီးယားအန္တရာယ်ကို သ ဘာဝအတားအဆီးအဖြစ် ကာကွယ်ပေးတယ်။ ချိစ်မှာ Casein လို့ခေါ် တဲ့ ပရိုတင်းဓာတ်ဟာသွားတွေကို ဘက်တီးရီးယားရန်မှ ကာကွယ်ပေးတယ်။

သံပယိုသီးနဲ့ သံပရာသီးတို့ မှာပါတဲ့ Citric အက်ဆစ်ဟာ ကျောက်ကပ်မှာဖြစ်တတ်တဲ့ ကျောက်အချို့တို့ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးတယ်။ ဘယ်လိုကာကွယ်ပေးသလဲဆိုရင် ကျင်ငယ်ထဲ ကယ်လ်စီယမ်ပါဝင်မှုကို လျော့နည်းစေတယ်။ သံပယိုအခွံဟာ ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ Rutin ကြွယ်ဝပြီး၊ သူဟာ အကြောတွေရဲ့ နံရံနဲ့ ဆံခြည်မျှဉ်သွေးကြောများကို အားကောင်းစေတယ်။ ဒါကြောင့်လည်း ခြေသလုံးမှာ သွေးကြော ထုံးခြင်းကြောင့် နာကျင်မှုကိုလျော့နည်းစေတယ်။

တရုတ်ဆီးသီး (Apricots) အထူးသဖြင့် အခြောက်ခံထားရင်  Beta Carotene များများပါဝင်တာကြောင့် မျက်စိတိမ်နဲ့ အသက်အရွယ်ကြီးရင့်ခြင်းလို့ဖြစ်တတ်တဲ့ စက္ခုအာရုံချို့ယွင်းခြင်းတို့ကို ကာကွယ်ရာမှာ အထောက်အကူ ပေးတယ်။ အခြောက်ခံထားတဲ့ တရုတ်ဆီးသီးတွေဟာ သံဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်မြင့်မားတာကြောင့် အာရုံကြောနဲ့ ကြွက်သား လှုပ်ရှားမှုတို့အတွက် လိုအပ်တယ်။

သင့်တင့်တဲ့ အရွယ်အစားရှိတဲ့ ငှက်ပျောသီးဟာ နေ့စဉ် စားသုံးရာမှာပါဝင်တဲ့ ဗီတာမင် B6 ရဲ့ ၃ဝ ရာခိုင်နှုန်းပါဝင်တာကြောင့် ဦးနှောက်ကို ကောင်းမွန်စေတယ်။Tryptophan ရတာကြောင့်လည်း စိတ်အားညှိုးငယ်ခြင်းနဲ့ ပူပန်စိတ်တို့ကို သက်သာစေတယ်။ သတိထားရမယ့်အချက်ကတော့ ကြက်ပေါင်စေး (Latix) နဲ့ မတည့်တဲ့သူတွေဆိုရင် ဓာတ်မတည့်ခြင်းဖြစ်တတ်တယ်။

ပုံမှန်သင်္ဘောသီးအရွယ်စား တစ်လုံးဟာ နေ့စဉ် ပုံမှန်ရရှိမယ့် ဗီတာမင် C နှစ်ဆကျော်ကိုပေးတယ်။ လူ (၂ဝ,ဝဝဝ)ကျော်ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ရာမှာ ဗီတာမင် C ပါတဲ့ အစားအစာများများ စားတဲ့လူတွေဟာ အဆစ်မြစ် ရောင်ယမ်းကိုက်ခဲတဲ့ရောဂါ (Rheumatoid Arthritis) ဖြစ်ပွားနှုန်း သုံးဆကျော်လျော့နည်းတယ်လို့ သိရတယ်။

မုန်လာဥချိုဟာ နိုက်ထရစ်အောက်ဆိုဒ် (Nitric oxide) ကို ထုတ်လုပ်တဲ့အတွက် ခန္ဓာကိုယ်အတွင်းနဲ့ ဦးနှောက်သို့ သွေးစီးဆင်းမှု တိုးလာမှုကို အထောက်အကူပြုတာကြောင့် Alzheimer နဲ့ Dementia ရောဂါဖြစ်ပွားတဲ့အန္တ ရာယ်ကို လျော့နည်းစေရာမှာ အထောက်အကူပြုတယ်။

မုံညင်းစေ့အနက်မှထုတ်လုပ်တဲ့ အညိုရောင်စားမြိန်ရည်ပျစ် (Mustard) တွင် မန်ဂါးနီးစ်နဲ့ ဖော့ ဖော်ရပ်စ်ပါဝင်တဲ့အတွက် အရိုးတွေမာဖို့နဲ့ သွားတွေသန်မာဖို့အားပေးတယ်။ Mustard မှာ ဓာတုပစ္စည်း တစ်ခုဖြစ်တဲ့Selenium ကြွယ်ဝတာကြောင့် ကင်ဆာရောဂါနဲ့ နှလုံးရောဂါကာကွယ်ရာမှာ အ ထောက်အကူပြုတယ်။ Magnesium လည်းပါတာကြောင့် ရောင်ယမ်းတာ၊ သွေးတိုးတာနဲ့ သွေးချိုတို့ကို လျော့နည်းစေတယ်။

ဖိုင်ဘာများများပါဝင်တဲ့ အစားအသောက်ထဲမှာ ဂျုံ၊ ဖွဲနုကို ပါဝင်စေတာဟာ Diverticulitis လို့ခေါ်တဲ့ အူနဲ့ပတ်သက်တဲ့ရောဂါ ဖြစ်ပွားခြင်းကို ကာကွယ်ပေးတယ်။ အူမနံရံမှထွက်နေတဲ့ အိတ်ငယ်ကလေးတွေ ရောဂါကူးစက်တာ (သို့) ရောင်ယမ်းတာဖြစ်တယ်။

ဖွဲနုကြမ်းမှာပါတဲ့ Phytic အက်ဆစ်ကတော့ ကယ်လ်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်နဲ့ အခြားအရေးကြီးတဲ့ ဓာတ်သတ္တုတွေ ခန္ဓာကိုယ်ကစုပ်ယူတာကို ဟန့်တား တတ်တယ်။

မောင်ချမ်းသာ

Health Care