Smiling couple hiking together

ကိုယ်အလေးချိန်ကျဖို့၊ အလွန် မောပန်းခြင်းကို သက်သာစေဖို့နဲ့ ကျန်းကျန်းမာမာရှိနေဖို့ ကျန်းမာ ရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ နေ့စဉ် ပုံမှန်ပြုရမယ့် ကျန်းမာရေး ဆိုင်ရာ အကြံပြုချက်အချို့ကို ဖော်ပြလိုက်ပါတယ်။

() ကော်ဖီပိုသောက်ပါ

ကော်ဖီသည် အသက်ကယ်တဲ့ ထူးခြားတဲ့ ဆေးဝါးအမှန်ဖြစ်ကြောင်း Harvard Medical School မှ အ သည်းအထူးကုပါမောက္ခ ဆန်ဂျစ်ချိုပရာက ဆိုတယ်။ ရိုးရိုးကော်ဖီ တစ်ခွက်ဟာ ခန္ဓာကိုယ်ထဲမှာ ထူး ခြားတဲ့အာနိသင်တွေ ဘယ်လိုဖြစ်စေတယ်ဆိုတာ သိပ္ပံလျှို့ဝှက်ဆန်း ကြယ်တစ်ခုဖြစ်နေဆဲဟု ၎င်းက ပြောတယ်။ ကပ်ရောဂါဗေဒလေ့လာ ရေးတွေက ၎င်းရဲ့အံ့ဖွယ်အကျိုးပြုမှု တွေကို အထပ်ထပ်စစ်ဆေးကြတယ်။

မကြာမီက သုတေသနအချို့က အောက်ပါအချက်တွေကို အလေးပေးဖော်ပြထားတယ်။

(က) တစ်နေ့ ကော်ဖီသုံးခွက် ကျော်သောက်ခြင်းဟာ အမျိုးသမီး တွေအတွက် သာမန်အရေပြားကင် ဆာဖြစ်နိုင်ခြေရာခိုင်နှုန်း ၂ဝ နည်းစေတယ်။

(ခ) တစ်နေ့ ကော်ဖီခြောက် ခွက်ကျော် သောက်ခြင်းဟာ အမျိုး သားတွေအတွက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၆ဝ နည်း စေတယ်။

(ဂ) တစ်နေ့ ကော်ဖီတစ်ခွက် ထက်မနည်းသောက်တဲ့ အမျိုးသမီး တွေမှာ လေသင်တုန်းဖြတ်ခြင်း ၂၅ ရာခိုင်နှုန်း လျော့စေတယ်။

(ဃ) နေ့စဉ် ကော်ဖီနှစ်ခွက် ထက်မနည်းသောက်ခြင်းဟာ အမျိုး သမီးတွေမှာ စိတ်ဓာတ်ကျလာဖို့ အခွင့်အရေး ရာခိုင်နှုန်း ၂ဝ လျော့ စေတယ်။

Kilojoules နည်းဖို့ ကော်ဖီ ကို နို့၊ သကြား မပါဘဲ သောက်ရန်၊ နို့ထည့်သောက်ချင်ရင်လည်း မလိုင်မပါတဲ့နို့ကို သုံးရန် “ချိုပရာ” က အကြံပြုပါတယ်။

 

() ပိုတက်စီယမ်ကိုပိုဖြည့်ပါ

ဆိုဒီယမ်နဲ့ ပိုတက်စီယမ်အ ချိုးကို ပိုကောင်းအောင် ဆိုဒီယမ် ကို လျှော့ပြီး ပိုတက်စီယမ်ကိုတိုး ပေးဖို့ဖြစ်ကြောင်း Ohio State University  မှ နှလုံးအထူးကု “မာ သာဂူလာတီ” ဆိုတယ်။ ဆိုဒီယမ် ရဲ့ သွေးတိုးစေတဲ့ အကျိုးဆက်က ပိုတက်စီယမ်က လျော့ပါးစေတာ ကြောင့်ဖြစ်တယ်။ မကျန်းမာဆုံး အချိုးရှိသူတွေဟာ အနည်းဆုံး အ ချိုးရှိသူတွေထက် နှလုံးတိုက်ခိုက်မှုနဲ့ သေဆုံးနိုင်ခြေ နှစ်ဆရှိတယ် လို့ နောက်ဆုံးပေါ် သုတေသနက တွေ့ရှိတယ်။

ပိုတက်စီယမ် စားသုံးမှုကို ၁၆ဝဝ မီလီဂရမ် တိုးမြှင့်ပါက လေ သင်တုန်းဖြတ်မှု ၂ဝ ရာခိုင်နှုန်း ပို နည်းကြောင်း လေ့လာရေး နောက် တစ်ခုကဖော်ပြတယ်။ ၁၆ဝဝ မီလီ ဂရမ်ရှိ ပိုတက်စီယမ်မှာ နို့တစ်ခွက်၊ ငှက်ပျောသီးနှစ်လုံး၊ ထောပတ်သီး လေးပုံတစ်ပုံနဲ့ စပျစ်သီးခြောက် ပန်းကန်တစ်ဝက်နဲ့ ညီမျှတယ်လို့ ဆိုတယ်။ အခြားပိုကောင်းတဲ့ ပိုတက်စီယမ် အရင်းအမြစ်တွေမှာ ကိုကိုး၊ အပရိကော့ခြောက်၊ ငါး၊ ဆီးသီး၊ ဒေါက်ခွရွက်၊ ဒိန်ချဉ်သက် သက်နဲ့ အခွံပါအာလူးတို့ဖြစ်တယ်။

() ထိုင်တာများရင် ကြား ဖြတ်မတ်တပ်ရပ်ပါ

သင်ရဲ့တစ်နေ့တာရဲ့ အများ ဆုံး အချိန်ကို ထိုင်ရင်းဖြုန်းနေမယ် ဆိုရင် သင်ဟာ သင့်ရဲ့အားထုတ်မှု (အင်အား)တွေကို ဖျက်ဆီးနေတယ် လို့ ကိုယ်လက်လေ့ကျင့်ခန်းဂုရု ခရစ်ဖရေတက်က ဆိုတယ်။ တစ် ချိန်လုံးထိုင်နေရာက ကြားဖြတ် မတ်တပ်ရပ်ခြင်းဟာ စက္ကန့် ၆ဝ ခန့် တိုတောင်းပေမယ့် ထိုင်ရာမှ မကြာ မကြာ မတ်တပ်ရပ်ရင် ကိုလက်စထ ရောပိုကျပြီး အင်ဆူလင်တုံ့ပြန်မှု ပိုကောင်းတယ်လို့ သိရတယ်။

မှန်မှန်ခြေစုံခုန်ခြင်းဟာ ကင် ဆာရောဂါဖြစ်မှုကို ကာကွယ်နိုင် ကြောင်း ကပ်ရောဂါ ကျွမ်းကျင်သူ များက ဆိုတယ်။ ထိုင်ပြီးလုပ်ရတဲ့ အလုပ်ကို ဆယ်နှစ်လုပ်တဲ့သူဟာ တက်ကြွ လှုပ်ရှားမှုပါဝင်တဲ့အလုပ် လုပ်သူထက် အူမကြီးကင်ဆာဖြစ် နိုင်ခြေ နှစ်ဆရှိတယ်လို့ ခရိုင်တက် ကဆိုတယ်။

 

() စောစောအိပ်ရာဝင်ပြီး စောစောစားပါ

ဇီးကွက်လိုနေသူတွေဟာ ပိုဝ လာတယ်လို့ အိပ်ခြင်းနဲ့ပတ်သက် တဲ့ ကျွမ်းကျင်ဒေါက်တာ မိုက်ကယ် ဘရီအက်စ်က ဆိုတယ်။ ညဉ့်နက် ထိနေပြီး နောက်ကျမှအိပ်တဲ့သူ တွေဟာ ည ၈းဝဝ နာရီထိုးပြီး နောက် အာဟာရတန်ဖိုးနည်းတဲ့ အစားအစာတွေကို ပုံမှန်အိပ်သူ တွေထက် ပိုစားမိကြတယ်။ လေ့ လာရေးတစ်ခုက ည ၈းဝဝ နာရီ ကျော်မှာ ပိုစားတဲ့သူတွေဟာ ၎င်းတို့ရဲ့ Body Mass Index  ပိုမြင့်လေ ဖြစ်တယ်လို့ဆိုတယ်။

အကောင်းဆုံးနည်းက နေ့စဉ် အိပ်ချိန်နဲ့ အိပ်ရာထချိန်ကို မှန်မှန် ပြုပါ။ သင့်ရဲ့ ခန္ဓာကိုယ်က ဘယ် အချိန်အိပ်ရမယ်ဆိုတာ သိလာပြီး ပိုပြီးထိရောက်တယ်လို့ ဒေါက်တာ ဘရီအတ်စ်ကဆိုတယ်။ သင့်ရဲ့ နံနက်စာ စားချိန်ကိုလည်း နေ့စဉ် အချိန်မှန်မှန်စားသင့်ကြောင်း ၎င်း ကဆိုတယ်။

 

() သင့်မှတ်ဉာဏ်ပိုကောင်း အောင် လမ်းလျှောက်ပါ

အမေရိကန် ဦးနှောက်ကျန်းမာရေး တီထွင်သူ ဒေါက်တာအာသာ ကရေမာ၏ နောက်ဆုံးပေါ်သုတေ သနအရ အေရိုးဗစ်လေ့ကျင့်ခန်းက ခန္ဓာကိုယ်နဲ့ စိတ်အတွက်ကောင်း တယ်လို့ သိရတယ်။ မှတ်ဉာဏ် အတွက် အဓိကဖြစ်တဲ့ Hippocampus ခေါ် ဒေသကနှစ်စဉ် တစ် ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းကျုံ့ပြီး နှစ်ကြာလာတဲ့အခါ ဒီမင်းရှား ဖြစ် နိုင်ခြေတိုးလာတယ်။ “ကရေမာ”  ရဲ့ သုတေသနသစ်အရ တစ်ပတ်မှာ ၄၅ မိနစ် သုံးကြိမ်သွက်သွက် လမ်းလျှောက်တဲ့ အသက်ကြီးသူရဲ့ Hippocampus ဟာ တစ်နှစ်အတွင်း နှစ်ရာခိုင်နှုန်း ကြီးထွားလာပြီး အသက်နဲ့ ဆက်စပ်တဲ့ ကျုံ့ခြင်းကို တွန်းလှန်တယ်လို့သိရတယ်။ အသက် ကြီးပေမယ့်နောက်မကျသေးကြောင်း နဲ့ ၎င်းရဲ့သုတေသနမှာ ပါဝင်လိုကြတဲ့ သူတွေဟာ အသက် ၅၅ နှစ်မှ ၈ဝ အထိရှိကြပြီး လေ့ကျင့်ခန်း မလုပ် ဖူးကြကြောင်း တကယ်လိုအပ်တာ က အားသွန်ခွန်စိုက်လုပ်ဖို့သာဖြစ် ကြောင်း “ကရေမာ” ကဆိုတယ်။

နှင်းအေးဝေ

Health Care