ပြည်သူ့ကျန်းမာရေးဦးစီးဌာန သို့ ကျပ်သိန်းခုနှစ်ထောင့်နှစ်ရာ ကျော်တန်ဖိုးရှိ ဆေးဝါးတုများ လိမ်လည်တင်သွင်းမှုအမှုဖွင့်ပြီး တစ်လနီးပါးကြာသည်အထိ တရား စွဲဆိုနိုင်ခြင်းမရှိသေးကြောင်း ဥတ္တ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန သည် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ကျောင်းကျန်းမာရေးဌာန ခွဲများအတွက် လိုအပ်လျှက်ရှိသော ဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် H-Dent Needle နှင့် Medicaine Injection တို့ကို ဝယ်ယူလိုကြောင်း အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ Pharma Medico ကုမ္ပဏီက အောင်မြင်ခဲ့ ပြီး H-Dent Needle (တစ်ဘူးလျှင် အခု ၁၀ဝ ပါ)ဘူးပေါင်း ၁၆,ဝဝ၀ ဘူးအတွက် တန်ဖိုးကျပ ်သိန်းတစ် ထောင့်သုံးရာ နှစ်ဆယ်နှင့် Medicaine Injection ဘူးပေါင်း ၁၆,၅၀ဝ ဘူးအတွက် တန်ဖိုးကျပ် သိန်းငါးထောင့်ကိုးရာလေးဆယ်၊ စုစုပေါင်း ကျပ်သိန်းခုနှစ်ထောင့် နှစ်ရာ့ခြောက်ဆယ်ဖိုး တင်သွင်းခဲ့ ကြောင်း သိရသည်။

အရည်အသွေးမမီ ဆေးဝါး များဖြစ်နေ

ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ၎င်းကုမ္ပဏီမှ ဆေးဝါးများ လက်ခံရရှိခဲ့သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ကျန်းမာရေးဦးစီးဌာနများ သို့ ဖြန့်ဖြူးပေးခဲ့ရာ လက်ခံရရှိသုံး စွဲခဲ့သည့်ဌာနများအားလုံးက H-Dent Needle နှင့် Medicaine Injection ဆေးဝါးများသည် အိတ်ဖွင့်တင်ဒါ ယှဉ်ပြိုင်ခဲ့စဉ်က တင်ပြခဲ့သည့် အရည်အသွေးနှင့် မကိုက်ညီကြောင်း တင်ပြခဲ့သည့်အပြင် ပြည်တွင်းသို့ ယင်းဆေးဝါး များ တင်သွင်းသည့် Dental Key Trading Ltd နှင့် K.M.T Group Ltd များ၏ တိုင်ကြားချက်များအရ မူလအရည်အသွေး မကိုက်ညီကြောင်း ထပ်မံသိခဲ့ရကြောင်း သိရသည်။

ကုမ္ပဏီကို အမှုဖွင့်

ထိုသို့ ဆေးဝါးတု သို့မဟုတ် စံမမီဆေးဝါးများ တင်သွင်းသည့် Pharma Medico ကုမ္ပဏီမှ တာဝန်ရှိသူကို တရားစွဲဆိုနိုင်ရေးအ တွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး နှင့် ညှိနှိုင်း၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ထွန်းဦးက တရား လိုပြုလုပ်၍ ဘုရားကုန်းမြို့မရဲစ ခန်းသို့ ဧပြီ ၂၅ ရက်တွင် စာပေးပို့တိုင်တန်းခဲ့ရာ ဆေးဝါးများအား တာဝန်ယူရောင်းချခဲ့သည့် Pharma Medico ကုမ္ပဏီမှ ဦးနေဇော်အောင် အား (ပ)၃၁/၂၀၁၈၊ ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ခဲ့ကြောင်း သိရသည်။

သက်သေတွေ မအား

ယင်းနောက်ရဲတပ်ဖွဲ့အနေ ဖြင့် အမှုနှင့်ပတ်သက်သည့် သက် သေများစစ်ဆေးခြင်းကို အမြန်ဆုံး ဆောင်ရွက်နိုင်ရန် ဆေးဝါးတု သို့ မဟုတ် စံမမီဆေးဝါးများကို သက် သေခံပစ္စည်းအဖြစ် ရရှိနိုင်သလောက် အပ်နှံပေးရန် တရားလိုပြု တိုင် တန်းခဲ့သော ဒေါက်တာ ဉာဏ်ထွန်း ဦးအား ဆက်သွယ်အကူအညီ တောင်းခံခဲ့သော်လည်း ယနေ့တိုင် အပ်နှံနိုင်ခြင်းမရှိသေးသည့်အပြင် အမှုအတွက်လိုအပ်သည့် သက်သေ များ မအားလပ်သည်ကတစ်ကြောင်း၊ နိုင်ငံခြားခရီးစဉ်သွားနေရ၍လည်း ကောင်း စစ်ဆေးနိုင်ခြင်းမရှိခဲ့ ကြောင်းသိရသည်။

တရားစွဲရန်ကြန့်ကြာခဲ့ရ

ထို့ကြောင့် တရားရုံးသို့ တရား စွဲဆိုတင်ပို့ရန် ဆေးဝါးတု သို့မ ဟုတ် စံမမီ ဆေးဝါးများကို သက် သေခံပစ္စည်းအဖြစ် မရရှိသဖြင့် FDA သို့ ပေးပို့စစ်ဆေးကာ ထင် မြင်ချက် တောင်းခံနိုင်မှုမရှိခြင်း၊ သက်သေတစ်ဦးဖြစ်သည့် တင်ဒါ ခေါ်ယူရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါက် တာကျော်ကံကောင်းသည် ရုရှား နိုင်ငံသို့ သုံးပတ်ကြာ လေ့လာရေး သွားရောက်နေသဖြင့် ရဲလုပ်ငန်း များ ကြန့်ကြာနေခြင်းဖြစ်သည်ဟု ဥတ္တခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Health Care Journal အတွဲ(၉)၊ အမှတ်(၁၉)