မက်ဆာချူးဆက်လိုဝဲ (Massachusetts Lowell) တက္ကသိုလ်မှ သုတေသီတွေက “ဥခွံအကာနဲ့ လမ်းလျှောက်ခြင်း” ကုသနည်းသစ်အတွက် ကျေးဇူးတင်ခံနေကြရပါပြီ။ လေ့လာမှုသစ်အရ ကြွက်တွေမှာ ဥခွံအကာနဲ့ အရိုးနေရာ အစားထိုးကုသမှုကို အရိုးထိခိုက်ဒဏ်ရာရနေရာမှာ အသုံးပြုခဲ့ရာအောင်မြင်မှုရရှိခဲ့ပါ တယ်။

ဥအခွံတွေဟာ ကမ္ဘာတစ်ဝန်း မီးဖိုချောင်တွေမှာ အတွေ့ရအများ ဆုံးစွန့်ပစ်ပစ္စည်းပဲဖြစ်တယ်။ ဥ(ကြက်ဥ)ကို ခွဲလိုက်ရင် ကြက်ဥအကာနဲ့ အနှစ်ထွက်လာပါတယ်။ အခွံကတော့ အမှိုက်ပုံးထဲရောက်သွားတယ်။ ဥအခွံမှာ ကယ်လ်ဆီယမ်ကာဗွန်နိတ်(Calcium Carbonate)နဲ့ ပြုလုပ်ထားပြီး အရိုးကျန်းမာရေးအတွက် အရေးပါတာ တွေ့ရှိရပါတယ်။

သည်ရည်ရွယ်ချက်နဲ့ ဥအခွံတွေကို အမှုန့်ပြုလုပ်ကာ သဘာဝကယ်လ်စီယမ်အားဖြည့်အနေနဲ့ အရိုးတွေမှာ သုံးလာကြတယ်။ အချို့ဥခွံတွေမှာ ဆယ်လ်မိုနဲလား (Salmonella enteritidis) ဘက်တီးရီးယား ပါဝင်တတ်လို့ ရောဂါဖြစ်ပွားနိုင်တယ်။

မက်ဆာချူးဆက်တက္ကသိုလ်မှ သုတေသီတွေက ဥအခွံဟာ အရိုးအတွက် ကောင်းမွန်တဲ့ တူညီမှုပေးနိုင်ပြီး အရိုးပျက်စီးခြင်းကိုသက်သာစေအောင် ဖန်တီးနိုင်တယ်လို့ဆိုထားတယ်။

သုတေသီတွေက လေ့လာမှုစာတမ်းကို “သိပ္ပံဇီဝပစ္စည်း”ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားပြီး ပါမောက္ခ ဂိုဒင်ကဲမစ်အာနယ် (Prof: Gulden Camic–Unal)နဲ့အဖွဲ့က ဆောင်ရွက်ခဲ့တာပဲဖြစ်တယ်။

ဒေါက်တာသက်လွင်

(ပြည်သူ့ကျန်းမာရေး)

Health Care