၁။ စိတ်ပင်ပန်းမှုကြောင့် ဖြစ်သော ခေါင်းကိုက်ခြင်း

ဒီခေါင်းကိုက်ခြင်းဟာ ဖြစ်နေကျ အမျိုးအစားဖြစ်တယ်။ သီတင်းပတ်များကြာတဲ့ နာကျင်မှုကို ဦး ခေါင်းပတ်လည် ပတ်ကြိုးကဲ့သို့ ဖိအားအဖြစ် ဖော်ပြတယ်။ ဦးရေပြားပေါ် အထိမခံနိုင်တဲ့ နေရာလေးတွေကို ခံစားနိုင်ပြီး ပျို့အန်ခြင်း နဲ့ တောက်ပတဲ့ အလင်းရောင်ကို မနှစ်မြို့ခြင်းတို့မရှိပေ။

စိတ်ဖိစီးမှု၊ အသံ၊ အခိုးအငွေ့များ၊ ရေဓာတ်ကုန်ခမ်းခြင်း နဲ့ ကွန်ပျူတာ၊ တီဗီအပေါ် အာရုံစူးစိုက် ခြင်းတို့ကြောင့်ဖြစ်တယ်။ ဒီလို ခေါင်းကိုက်ခြင်းက ဘေးအန္တရာယ် မရှိပါ။ ဆေးဆိုင်မှ ခေါင်းကိုက် ပျောက်ဆေး ဝယ်သောက်ရင် နာကျင်တာ ပျောက်နိုင်ပါတယ်။

 

၂။ ခေါင်းတစ်ခြမ်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာဟာ ပျို့အန်ခြင်း၊ တောက်ပတဲ့ အလင်းရောင် မနှစ်မြို့ခြင်း နဲ့ ထုံထိုင်းနေခြင်းတို့ဖြင့် တွဲလျက်ပါလာတယ်။ ရောဂါလက္ခဏာတွေဟာ ၇၂ နာရီထိ ကြာနိုင်တယ်။

စိတ်ဖိစီးမှု၊ ဟော်မုန်း နဲ့ အချို့အစားအစာတွေက ထိုရုတ်တရက် ဖြစ်လာတဲ့ ဝေဒနာကို ဖြစ်စေတယ်။ နာကျင်တာကို သက်သာစေဖို့ ပါရာစီတမောကို တစ်ခါတရံ သုံးစွဲကြတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းကို သက်သာစေတဲ့ ကာကွယ်ပေးတဲ့ ဆေးဝါးတွေ ရှိပါတယ်။ လူအများစုကတော့ မှောင်ပြီး ဆိတ်ငြိမ်တဲ့နေရာမှာ အနားယူ ခြင်းဖြင့် သက်သာမှုကို ရှာကြတယ်။

 

၃။ ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း

ဦးခေါင်းခွံအတွင်း လေလမ်းကြောင်း ပိတ်ဆို့ခြင်း နဲ့ ရောဂါကူးစက်မှု၊ အဖျားရှိတဲ့ အအေးမိခြင်း၊ နှာယိုခြင်း၊ နှာပိတ်ခြင်းတို့ကြောင့် ထိုခေါင်းကိုက်ခြင်းဖြစ်တယ်။ ရေနွေးငွေ့ရှူခြင်း နဲ့ နှာခေါင်းပိတ်ခြင်း ကို လျော့ပါးစေတဲ့ဆေးဖြင့် သက်သာနိုင်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုကို ရှင်းပစ်ဖို့ တစ်ခါတရံ ပဋိဇီဝဆေးများ လိုအပ်ပါတယ်။ ဒီခေါင်းကိုက်တာ ရက်နည်းနည်း ကြာလာမယ်ဆိုရင် ဆရာဝန် နဲ့ ပြပါ။

 

၄။ အစုအပြုံခေါင်းကိုက်ခြင်း

ဒီခေါင်းကိုက်တာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်း မဟုတ်ပါ။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်တတ်တယ်။ အထူးသဖြင့် အသက် ၃ဝ ပြည့်နှစ် များတွင် စတင်ဖြစ်ပြီး ၃၅ နှစ် ကျော်သွားရင် ပျောက်သွားတယ်။ ဆေးလိပ်လွန်ကဲစွာ သောက်သူတွေ မှာပိုပြီး မကြာခဏဖြစ်လေ့ရှိတယ်။ ရောဂါလက္ခဏာတွေဟာ မိနစ် ၃ဝ နဲ့ ၉ဝ အတွင်းကြားလေ့ရှိပြီး ပြင်းထန်စွာနာကျင်တဲ့ ခေါင်းကိုက်ခြင်းက မျက်စေ့တစ်ဖက် ပတ်ပတ်လည်တွင် ထပ်မံဖြစ်တတ်တယ်။ အခြားရောဂါလက္ခဏာတွေ က မျက်ရည်များစွာထွက်ခြင်း၊ နာကျင်တဲ့ဘက်၌ နှာခေါင်းပိတ်ခြင်း နဲ့ ပျို့အန်ခြင်းတို့ဖြစ်တယ်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ အတွက် နာကျင်မှုကို သက်သာစေတဲ့ ဆေး နဲ့ ကုသမှုက အဆိုပါ ခေါင်း ကိုက်ဝေဒနာကို သက်သာစေပါတယ်။ လီသီယံကာဘိုနိတ် (Lithium Carbonate) က ပြင်းထန်တဲ့ ရောဂါကို ကူညီနိုင်ပေမဲ့ ဒီအဆိပ်ရှိတဲ့ ဆေးဝါးက ပျို့ခြင်း၊ အန်ခြင်း နဲ့ တုန်တုန်ယင်ယင်ဖြစ်ခြင်းကြောင့် အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

 

၅။ တရီဂျီဗီနယ် ဦးခေါင်းပိုင်း အကြောတက်နာ

၎င်းဟာ မျက်နှာသို့ အဓိက အာရုံခံစားမှု အာရုံကြောဖြစ်တဲ့ Trigeminal အာရုံကြောထိခိုက်မှု ကြောင့်ဖြစ်တယ်။ ထိခိုက်မှုရဲ့ အကြောင်းရင်းများမှာ ရေယုံနာကဲ့သို့ ကူးစက်မှုတွေ နဲ့ ခန္ဓာကိုယ်တစ်သျှူး များ ခက်မာခြင်းကဲ့သို့သော ရောဂါ တွေဖြစ်တယ်။ နာကျင်မှုဟာ မကြာခဏ ရုတ်တရက် နဲ့ ပြင်းထန်တယ်။ ထိုသို့ ရုတ်တရက်ဖြစ်ခြင်းတွေဟာ စက္ကန့်လောက်ပဲကြာသော်လည်း တစ်နေ့တည်းမှာ အကြိမ်များစွာ ဖြစ်နိုင်တယ်။ နာကျင်မှု ရုတ်တရက်ပေါ်လာပြီးနောက် မသိမသာ ကိုက်ခဲခြင်းခံစားမှု လိုက်လာတယ်။

၎င်းကိုကုသဖို့အတွက် Tricyclic antidepressants  ဒါမှမဟုတ် Anticonvalsants တို့နဲ့ ထိရောက်နိုင်ပါတယ်။ ဆေးဝါးတွေ နဲ့ မပျောက်ရင် ခွဲစိတ်ကုသမှုကို စဉ်းစားရမယ်။

 

ခေါင်းကိုက်ဝေဒနာကို ကုသဖို့ မှန်ကန်တဲ့နည်း

ခေါင်းကိုက်ဝေဒနာကို ကုသဖို့ မှန်ကန်တဲ့နည်းကိုရဖို့ ဆရာဝန် အနေနဲ့ တိကျတဲ့ရောဂါ ရှာဖွေနိုင်ရန် ကူညီပေးရမယ်။ အကြိမ်ပေါင်း၊ ပြင်းထန်မှုအခြေအနေ စတာတွေကို စာနဲ့ ရေးမှတ်ထားပြီး ဆရာဝန်အားပြပါ။ သို့မှသာ ရိုးရိုးခေါင်း ကိုက်မှုမှ ပြင်းထန်တဲ့ဝေဒနာအထိ ခွဲခြားသတ်မှတ်နိုင်မှာဖြစ်တယ်။ ရေးမှတ်ရမယ့် အချက်တွေက –

(၁) ခေါင်းကိုက်တာ ဘယ်အချိန်မှာ စဖြစ်သလဲ။

(၂) ရုတ်တရက်ဖြစ်သလား။

(၃) ခေါင်းကိုက်ခြင်းတစ်မျိုးတည်း တစ်ချိန်လုံးဖြစ်နေသလား၊ ဒါမှမဟုတ် ရုတ်တရက်ဖြစ်တာလား၊ ရုတ်တရက်ဖြစ်တာ ဘယ်လောက်ကြာသလဲ။

(၄) ဘယ်အချိန်မှာဖြစ်ပြီး မကြာမကြာ ဘယ်လောက်ဖြစ်သလဲ

(၅) ၎င်းတို့ဟာ ပိုပြီး ဆိုးလာပါသလား။

(၆) နာကျင်မှုဟာ ဓား နဲ့ ထိုးသကဲ့သို့ နာနေသလား။ ကိုက်နေသလား။

(၇) ဘယ်နေရာမှာဖြစ်သလဲ။ တစ်နေရာတည်းမှာလား။ နေရာအနှံ့မှာလား။

(၈) ခေါင်းကိုက်ခြင်းပေါ်လာအောင် နဲ့ ပိုဆိုးဝါးအောင်ဖြစ်စေပုံရတဲ့ အစားအစာ နဲ့ ချောင်းဆိုးခြင်း စတာတွေရှိသလား။

 

နှင်းအေးဝေ

Health Care