ပထမဆုံး ချောကလက် ၃၀ ဂရမ် မှာ ပါဝင်တဲ့ အာပာာရတန်ဖိုးတွေ ကို ဖော်ပြချင်ပါတယ်။

၁။ ၁၄၀-၂၇၀ ကယ်လိုရီ အထိပါဝင်နိုင်ပါတယ်။ အချိုပမာဏ ပေါ်မူတည်ပြီး ကယ်လိုရီ ပြောင်းလဲနိုင်ပါတယ်။ Dark Chocolate ကတော့ ကယ်လိုရီ အနည်းဆုံးပါ။

၂။ အဆီဓါတ် ၁၄ – ၁၇ ဂရမ် အထိပါဝင်ပါတယ်။

၃။ ပြည့်ဝဆီ ၉ – ၁၀ ဂရမ် ပါဝင်ပါတယ်။ (နို့အရသာ အချိုအရသာ များလေလေ ပြည့်ဝဆီ များလေလေ ဖြစ်ပါတယ်)

၄။ အမျှင်ဓါတ် ၄ – ၁၀ ဂရမ် အထိ ပါဝင်ပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့

၁။ ဓါတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဗီတာမင်၊ သတ္တုဓါတ် နှင့် ဖိုက်တိုကမ်မီကယ် (Phytochemicals) များစွာပါဝင်ပါတယ်။ ချောကလက်မှာပါဝင်တဲ့ Flavonoids နှင့် Phytochemical ပမာဏ ပာာ ဝိုင်မှာပါဝင်တဲ့ ပမာဏ ထက် များတဲ့ အတွက် ကျန်းမာရေး အတွက် ဝိုင်သောက်မယ့် အစား Dark Chocolate စားပေးလို့ရပါတယ်။

၂။ ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း – Flavonoids နှင့် Phytochemical ကဲ့သို့သော ဓါတ်တိုးဆန့်ကျင် သတ္တိ ရှိသည့် အာပာာရ ဓါတ်များပါဝင်တဲ့ အတွက် ကင်ဆာရောဂါ ကို ကာကွယ်ပေးနိုင်တယ်လို့ တချို့သော သုတေသန စာတမ်းတွေ မှာ ဖော်ပြထားပါတယ်။

၃။ နှလုံးကျန်းမာရေး အတွက် အထူးကောင်းမွန်ခြင်း- ချောကလက် မှာ ပါဝင်တဲ့ ဖလေဗနော (Flavanols) ဓါတ်က သွေးစီးဆင်းမှု့ကို အားပေးပါတယ်။ ဒီအပြင် သွေးပေါင်ကျစေပါတယ်။ ဒါကြောင့် သွေးတိုး ရှိတဲ့ သူတွေ အနေနဲ့ တနေ့ ကို Dark chocolate လက်နှစ်ဆစ် အရွယ်လောက် စားပေးရင် အပေါ် သွေး မတက်အောင် ထိန်းပေးနိုင်ပါတယ်။

၄။ သွေးတွင်း ကိုလက်စထရော ကို ကျစေပါတယ်။ ချောကလက်မှာ ပါတဲ့ Cocoa butter မှာ Oleic Acid ပါတဲ့ အတွက် မကောင်းတဲ့ ကိုလက်စထရော တွေ ဖြစ်တဲ့ LDL, Triglycerides (TG) တွေ ကို ကျစေတဲ့ အတွက် ကြောင့် ၎င်း တို့ များရင် ဖြစ်တတ်တဲ့ သွေးတိုးရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်း အဆီဖုံးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်း ရောဂါတွေ ကို ပါ ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။

၅။ မှတ်ဉာဏ် စွမ်းအားကို တက်စေပါတယ်။ ချောကလက်မှာ ပါတဲ့ Flavanols က ဦးနှောက် ဘက် ကို သွေးစီးဆင်းမှု ကို အားပေးတဲ့ အတွက် ကြောင့် မှတ်ဉာဏ် စွမ်းအား ကိုပိုကောင်းစေပါတယ်။ ဒါကြောင့် စာမေးပွဲ ဖြေနေတဲ့ ကလေး တွေ အတွက် ကို Dark chocolate စားပေးသင့်ပါတယ်။ ဒီအပြင် ခေါင်းလည်းကြည်စေပါတယ်။

၆။ ဆီးချို ရောဂါ ဝေဒနာရှင်တွေ အနေနဲ့လည်း Dark chocolate စားပေးခြင်းဖြင့် Insulin sensitivity တက်စေပြီး ဆီးချို ပမာဏ ကို ထိန်းပေးပါတယ်။ တနေ့ ကို ချောကလက် ၂၅ ဂရမ် စားပေးခြင်းဖြင့် ၈ ပါတ် အကြာ မှာ မနက် အစော ဘာမှ မစားသေးဘဲ တိုင်းတဲ့ ဆီးချို ပမာဏ (Fasting blood glucose) level ကို သိသိသာသာ လျှော့ကျပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက် တွေမှာ ဖော်ပြထားပါတယ်။

အခုဖော်ပြပေးထားတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ပာာ Dark chocolate အတွက်သာ ရည်ညွှန်းပါတယ်။ ကလေး အများ လူအများ စားနေတဲ့ Milk chocolate တွေ ကတော့ အခုဖော်ပြထားတဲ့ ကျန်းမာရေးဂအကျိုးကျေးဇူးအပြည့်အဝ မရနိုင်ပါ။

အထူးသဖြင့် ဆီးချိုဝေဒနာရှင်များ အနေ နဲ့ အချို များတဲ့ Milk chocolate တွေ စားမိရင် ဆီးချိုပမာဏ မကျတဲ့ အပြင် ဆီးချိုပမာဏ ပိုတောင် ဆိုးပြီးတက်လာနိုင်ပါတယ်။

သွေးတွင်း ကိုလက်စထရော များနေတဲ့ သူတွေ အနေနဲ့လဲ Milk chocolate တွေ သွားစားရင်တော့ ကိုလက်စထရော ပိုတက်လာနိုင်ပါတယ်။

ဒါဆိုရင် ဘယ်လို ချောကလက် မျိုးကို စားသင့်သလဲ????

Cocoa ၆၀% အနည်းဆုံးပါတဲ့ ချောကလက်မျိုးကို ရွေးစားပေးဖို့တော့လိုပါတယ်။

စားရင်လည်း ၂၅ ဂရမ် ထက်ပို မစားသင့်ပါဘူး။ အများကြီးစားလိုက်ရင်

၁။ ရင်တုန်ခြင်း

၂။ စိတ်လှုပ်ရှားလာခြင်း

၃။ ဝမ်းလျှောခြင်း

၄။ ရေဓါတ်ခမ်းခြောက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့် စားသင့်တဲ့ ပမာဏ ကိုပဲ ချင့်ချိန်ပြီးစားသင့်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Health Care