တစ်နေကုန်နီးပါး မတ်တပ်ရပ်၊ လမ်းလျှောက်ပင်ပန်းလာပြီးနောက် လူတွေအတွက် အလိုအပ်ဆုံးက နှိပ်နယ်ပေးဖို့ပါပဲ။ ခြေထောက်ကို နှိပ်နယ်ပေးဖို့ပါ။ ခြေထောက်ကို နှိပ်နယ်ပေးတာက ပင်ပန်းနွမ်းနယ် မှုကို သက်သာစေရုံမက ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အကျိုးအာနိသင် တွေကိုလည်း ရရှိစေပါတယ်။

နေ့စဉ်ဝတ်ဆင်တဲ့ဖိနပ်တွေရဲ့ သက်သောင့်သက်သာမဖြစ်မှု၊ တင်းကျပ်မှုတွေက ခြေထောက်သွေး လည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါတင်မကပါဘူး။ ခြေဖဝါးက ကြွက်သားတွေဟာ လှုပ်ရှားမှုနည်းပါးတဲ့အတွက် သွေးလည်ပတ်မှုကို နှေးကွေးစေပါတယ်။ အဲဒါကြောင့် သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် ညအိပ်ရာမ ဝင်ခင်မှာ ခြေဖဝါးကို မိနစ် ၂ဝ ခန့်နှိပ်နယ်ပေးပါ။ ဆီးချိုသမား တွေအတွက် ဒီလိုနှိပ်နယ်ပေးတာက အကောင်းဆုံးပါ။ သွေးလည်ပတ်မှုနည်းတဲ့အခါ အာဟာရဓာတ်၊ အောက်ဆီဂျင် လုံလောက်စွာမရ တော့ဘဲ ခြေထောက်က ထုံကျင် ကိုက်ခဲလာပါတယ်။ သွေးလည် ပတ်မှု တင်းကျပ်လာခြင်းက နှလုံး၊ ကျောက်ကပ်ပြဿနာ၊ သွေးဖိအား များခြင်း စတာတွေကို ဖြစ်စေပါတယ်။

နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေက လူသားတွေ ရဲ့စိတ်ကို တက်ကြွက်လှုပ်ရှားစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာကို တားဆီးပါတယ်။ ခန္ဓာကိုယ်ကို အနားပေးပြီး နှစ်ခြိုက်စွာ အိပ်ပျော် စေဖို့ကတော့ ခြေဖဝါးကို နှိပ်နယ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးကို သက်သာရာ ရစေပြီး နှစ်ခြိုက်စွာအိပ်ပျော်ဖို့ အကူအညီပေးပါတယ်။ အိပ်စက်ချိန် ပိုပြီးများလာခြင်းက နှလုံးရောဂါ ဖြစ်နှုန်းကို လျှော့ချပေးပြီး အား ဖြစ်စေပါတယ်။

လူတိုင်း အချိန်နှင့်အမျှ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ ကြုံဖူးကြ မှာပါ။ ဒီလိုပြဿနာတွေအတွက် အကောင်းဆုံးက ခြေဖဝါးကိုနှိပ်နယ်ပေးဖို့ပါ။ ခြေဖဝါးကို နှိပ်နယ် ပေးခြင်းဖြင့် အာရုံကြောတွေကို တက်ကြွလန်းဆန်းစေပြီး စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကင်းတဲ့အတွက် သွေးတိုး၊ နှလုံး၊ စိတ်ကျဝေဒနာ တို့ကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ကျောရိုးနာကျင်ကိုက်ခဲတတ် သူများ ညအိပ်ရာမဝင်ခင်မှာ ခြေဖဝါးကို လက်မနဲ့ ၅ မိနစ်ခန့်ဖိပြီး နှိပ်နယ်ပေးနိုင်ပါတယ်။ ခြေဖဝါး နှိပ်နယ်ပေးခြင်းရဲ့ ရလဒ်တစ်ခုက နာတာရှည် ကိုက်ခဲနာကျင်မှုတွေ ကိုပါ ကင်းစင်စေပါတယ်။ ကျောရိုးနာကျင်မှုက နှစ်ခြိုက်စွာအိပ်မော ကျစေဖို့ အနှောင့်အယှက်အဟန့် အတားဖြစ်စေပါတယ်။

ကျောရိုးနာကျင်ကိုက်ခဲတတ် သူများ ညအိပ်ရာမဝင်ခင်မှာ ခြေဖဝါးကို လက်မနဲ့ ၅ မိနစ်ခန့်ဖိပြီး နှိယ်နယ်ပေးနိုင်ပါတယ်။ ခြေဖဝါး နှိပ်နယ်ပေးခြင်းရဲ့ ရလဒ်တစ်ခုက နာတာရှည် ကိုက်ခဲနာကျင်မှုတွေ ကိုပါ ကင်းစင်စေပါတယ်။ ကျောရိုးနာကျင်မှုက နှစ်ခြိုက်စွာ အိပ်မောကျစေဖို့ အနှောင့်အယှက် အ ဟန့်အတားဖြစ်စေပါတယ်။

ခြေဖဝါးကို ပုံမှန်နှိပ်နယ်ပေး ခြင်းက ပင်ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေရုံသာမက အရိုးအဆစ်နာကျင်ကိုက်ခဲမှုကို သက်သာ စေပါတယ်။ ဒါ့အပြင် သွေးတိုးကို လည်းကျစေပါတယ်။

ရွှေနန်းစံ

Health Care