Doctor dermatologist examines the foot on the presence of athlete's foot

ဖိနပ်မပါဘဲ သွားလာနေကြ သော အထူးသဖြင့် တောနေလူ တန်းစားများတွင် ခြေဖဝါးဆူးစူး ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ ကြောင့် ရောဂါပိုးဝင်ခြင်းဖြစ်တတ် ကြပါတယ်။ တောနေလူတန်းစား က ပိုဖြစ်တတ်သော ရောဂါတစ်ခု ဖြစ်ပါသည်။ အဲဒီလို ရောဂါပိုးဝင် သောကြောင့် ပေါင်ခြံ၊ ဒူးခေါင်း အကွေးတို့တွင် အကြိတ်ခို၊ ပြည် တည်နာအထိတောင် ဖြစ်တတ်ကြ ပြီး တစ်ချို့ဆိုလျှင် မေးခိုင်ပိုးတောင် ဝင်တတ်ကြပါသည်။ ထိခိုက်ဒဏ် ရာကြောင့် ခြေဖဝါးတွင် ရောဂါပိုး ဝင်တာတစ်ခုတည်းကြောင့်မဟုတ် ဘဲ သွေးလွှတ်ကြောရောဂါကြောင့် လည်း ခြေဖဝါးတွင် သွေးမလျှောက် ဘဲ ရောဂါပိုးဝင်တတ်ပါသေးသည်။

ထိခိုက်ဒဏ်ရာရလျှင် ချက်ချင်း ဆပ်ပြာ၊ ရေတို့နှင့် သန့်ရှင်း စင်ကြယ်စွာ ဆေးကြောသန့်စင်ဖို့ လိုပါတယ်။ ဒဏ်ရာပေါ်တွင် မလို လားအပ်သော မီးဖိုချောင်သုံး ပစ္စည်းများ သစ်ရွက်ဝါးပြီး ဆန်ဝါး ပြီး ပုံတာ၊ အုပ်ထားတာမျိုး မလုပ် ဖို့လိုပါသည်။ ရောဂါပိုးကို ပိုပြီး ပျံ့နှံ့စေတတ်ပါသည်။ ခြေဖဝါးတွင် ဖြစ်တတ်သော ရောဂါများမှာ –

() အရေကြည်ဖု – ပူပြင်း သောရာသီတွင် ဆော့ကစားခြင်း၊ ကြာရှည်စွာ လမ်းလျှောက်ခြင်း၊ အ ပူနှင့် ထိတွေ့ခြင်းကြောင့် အရေ ကြည်ဖုဖြစ်တတ်ပါသည်။ အရေ ကြည်ဖုသည် သွေးရည်ကြည်တစ် မျိုးဖြစ်သဖြင့် ချက်ချင်းမဖောက် သင့်သလို သူ့အလိုလို အရည်ကြည် ဖု ပေါက်ပြဲခြင်းဖြစ်တတ်ပါသည်။ တချို့ အရည်ကြည်ဖုကို အပ်နှင့် ထိုးဖောက်လိုက်၍ ပြည်တည်တာ မျိုးဖြစ်တတ်ပါသည်။ ပြည်တည်နေသော အရည်ကြည်ဖုဆိုလျှင် သန့် ရှင်းသောအပ်ဖြင့် ဖောက်ထုတ်ပစ် ရပါမည်။

() ခြေစွယ်ငုပ်ခြင်း

(Paronychia)

ခြေမယ် ခြေသည်းခွံသည် ပြန့်ကား၍ ထွက်မလာဘဲ အတွင်း သို့စိုက်ဝင်သည့်အတွက်ကြောင့် ဂဏန်း လက်မနှင့်အညှပ်ခံရသလို နာကျင် ရောင်ကိုင်းခြင်း ဖြစ်တတ် ပါသည်။ ခြေသည်းလက်သည်း ညှပ်ရာတွင် ထောင့်ချွန်းကစပါ အောင်အတွင်းဖက်ကျကျရောက် အောင်ညှပ်သဖြင့် အသားစိုက်ပြီး ရောဂါပိုးဝင်တတ်ပါသည်။ တစ်ချို့က တိုင်းရင်းဆေးလိမ်းဆေး၊ အမှုန့် တွေ စသည်တို့ဖြင့်သိပ်ပြီး အနာပို ရင်းကာမှ ဆေးခန်းသို့ရောက်လာ ကြပါသည်။ စိုက်နေသောခြေသည်း ခွံကို ခွာပစ်ဖို့ လိုပါသည်။

() အသားမာတက်ခြင်း

ခြေဖဝါးတွင် ဖြစ်တတ်ပါ သည်။ အသားမာပေါ်သို့ ဖိနင်း လိုက်လျှင် ဆူးကနဲ၊ မျက်ကနဲဖြစ် တတ်ပါသည်။ တစ်ချို့ကခြေသည်း ညှပ်ကိရိယာ၊ တစ်ချို့က ဓားပါးပါး နှင့် ရှပ်လှီးတတ်ကြသော်လည်း တ ကယ်တမ်းကျတော့ မပျောက်ပါ။ ထုံဆေးပေးပြီး အသားမာအောက် ခြေထိပါအောင် လှီးဖြတ်မှ လုံးဝ ပျောက်ကင်းနိုင်ပါလိမ့်မည်။

() ခြေဂွကြားထဲတွင် ပြည်တည်ခြင်း

ခြေမနှင့် ခြေညှိုးကြားနေရာ ၌ ပိုကျယ်ပြီး ခြေဖဝါးဘက်မှ ရောဂါပိုးစဝင်လျှင် ခြေခုံဘက်သို့ လျှင်မြန်စွာကူးတတ်ပါသည်။ ပြည်ကို ခွဲထုတ်ခြင်းနှင့် ပိုးသတ်ဆေးတိုက် ကျွေးပြီး ကုသရပါသည်။

() ခြေဖနောင့်ထဲ ပိုးဝင်ခြင်း

ခြေဖနောင့် ပိုးဝင်သောလူနာများ၏ သုံးပုံတစ်ပုံသည် အရေပြားအောက်တွင်ပိုးဝင်ပြီး ကျန်သုံးပုံနှစ်ပုံသည် ခြေဖနောင့်၏ အဆီအစုထဲတွင် ပိုးဝင်ခြင်းဖြစ်ကြပါသည်။ အက်ကွဲနေသောအရေပြားအမာမှ တစ်ဆင့် ပိုးဝင်ရောက်ခြင်းဖြစ်ပြီး  တဖြည်းဖြည်းနာကျင်ကာ ညဘက် အိပ်မရသည်အထိ ဖြစ်တတ်ပါသည်။ ခြေထောက်ရောင်ရမ်းပြီး အောက်သို့ချ၍မရ ဖြစ်တတ်ပါသည်။ ပြည်တည်နာဖြစ်သောကြောင့် ခွဲပြီး ပြည်ကို ထုတ်ပစ်ရပါသည်။

ခြေဖဝါးအောက်ခြေ အရေပြားနှင့် အရွတ်ကြား၌ အမြှေးပါး ထူထူရှိပြီး Plantar Fascia ဟု ခေါ်ပါသည်။ ၎င်းအမြှေးပါး အောက်တွင်လည်း ပြည်တည်နာ ဖြစ်နိုင်ပြီး ပြည်ကိုခွဲထုတ်လျှင် ခြေဖဝါးအလျားအတိုင်းအတွင်းဘက်(ပေါင်ဂွကြား)၊ ခြေဖဝါး၏ ထက်ဝက် အထက်နားမှ ခွဲထုတ်ရပါသည်။

() ခြေဖမိုးတွင် ရောဂါပိုးဝင်ခြင်း

ခြေဖမိုးအရေပြားအောက် ရောဂါပိုးဝင်ခြင်းသည် ခြေချောင်းဂွ ကြား(သို့မဟုတ်) ခြေချောင်းဆစ်များ၌ ရောဂါပိုးဝင်ရောက်၍ ဖြစ်ရခြင်းဖြစ်ပါသည်။ ခြေဖဝါးအောက် အမြှေးပါးထူထူကြီးတွင် ပိုးဝင်ခြင်းသည် တစ်ခုခု စူးဝင်သွား၍ဖြစ် ခြင်း၊ အဆိုပါ အမြှေးပါးထူထူ၏ အထက်ဘက်တွင် ဝင်နေသောပိုးမှ ခြေဖမိုးဖက်သို့ကူးပြီး ဝင်ရောက် ခြင်းဟူ၍ ရှိပါသည်။ ၎င်းဖြစ်စဉ် နှစ်ခုသည် ပြည်ဖောက်ထုတ်သော အခါ၌ ပုံစံခြင်းမတူကြပါ။ အချို့သော အနာကြီးရောဂါများ၌ ခြေ ချောင်းတိုခြင်းများကိုလည်း တွေ့နိုင်ပါသည်။

Madura Food ဆိုတာဘာလဲ

အမျှင်တန်းပါသော ကပ်ပါးပိုး သည် ဖိနပ်မဝတ်သူများ၏ ဒဏ်ရာ သို့မဟုတ် အက်ကွဲရာမှတစ်ဆင့် ခြေထောက်တွင်း ဝင်ရောက်ပြီး အဖု ဖြစ်လာပါသည်။ ၎င်းအဖုမှ  ထွက်လာသော အရည်ကြည်သည် အဝါ ရောင်(သို့မဟုတ်)အနီရောင်ဖြစ်ပါ က ရောဂါပိုးဝင်မှု နက်နဲပြီးအရိုးကို ပါစားနိုင်ပါသည်။ ၎င်းအနာ အတွင်းသို့ ဘက်တီးရီးယားပိုး ဝင်ရောက်လာနိုင်ပြီး ဝင်လာသောပိုး ကိုသတ်ရန် ပဋိဇီဝဆေးများ တိုက် ရသည့်အပြင် Dapsone ဆေးကို လည်း တိုက်ရပါသည်။

ခြေသည်းခွံအောက်မှ အသားမာထွက်ပြီး ခြေသည်းကြွနေသောရောဂါ

Onychogryphosis ဟုခေါ်ပြီး ထိခိုက်ဒဏ်ရာ သို့မဟုတ် မှိုရောဂါ ကြောင့် ဖြစ်ရပါသည်။ အ သက် ကြီးလွန်းသူများ အိပ်ရာထက်တွင် အနေများတဲ့အခါ ဖြစ်တတ်ပါပြီး  ခြေသည်းခွံနှင့် ခြေသည်းအထိုင် အောက်ခြေကို လွှာထုတ်ပစ်ရ ပါသည်။

အေးကမ္ဘာဒေါက်တာချစ်

Health Care