“ငပလီကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသွားတစ်ဦး ခွေးလေခွေးလွင့်များ ဝိုင်းကိုက်ခြင်းခံရ”

0
516
 စင်္ကာပူနိုင်ငံမှ ကမ္ဘာလှည့် ခရီးသွားဖြစ်သူ မစ္စ(စ်)တန်ဇလင်းသည် ငပလီကမ်းခြေတွင် ဇွန်လ၂ ရက် ညနေ ၄ နာရီ ခန့်က လမ်းလျှောက်ထွက်နေစဉ် ခွေးလေခွေးလွင့် သုံးကောင်၏ အကိုက်ခံရပြီး ညာဘက်ခြေသလုံး ပေါက်ပြဲ ဒဏ်ရာများဖြင့် သံတွဲပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသွားများအတွက်သာမက ဒေသခံပြည်သူများအတွက်ပါ အန္တရာယ်ရှိသော ခွေးလေခွေးလွင့် များ ကိုရှင်းလင်းပေးစေလိုကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက အကြံပြုလိုက်သည်။