နိုင်ငံရဲ့မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ စပိန်စစ်တပ်မှစစ်သားများဟာ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဂေဟာအတွင်း ပိုးသတ်ဆေးဖျန်းနေတုန်း လူနာကုတင်တွေပေါ်မှာ သေဆုံးနေတဲ့ သက်ကြီးရွယ်အိုအလောင်း ၄ လောင်းထက်မနည်းကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါစောင့်ရှောက်ရေးဂေဟာမှာ သင့်လျော်တဲ့ပြုစုစောင့်ရှောက်မှုမရှိဘဲ အလွန်ဆိုးရွားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မြင်တွေ့ခဲ့ရတယ်လို့ အဆိုပါစစ်သားတွေကဆိုပါတယ်။

စပိန်နိုင်ငံမှာရှိတဲ့ ပြုစုစောင့်ရှောက်ရေးဂေဟာတွေဟာ COVID-19 ကူးစက်ရောကြောင့် ဝန်ထမ်းအင်အားများစွာ လျော့ချခံခဲ့ရပြီး ဝန်ထမ်းအနည်းငယ်ဟာ စောင့်ရှောက်ခံသက်ကြီးရွယ်အိုတွေရဲ့ လိုအပ်ချက်အားလုံးကိုဖြည့်ဆည်းပေးဖို့ အင်အားမရှိခဲ့ပါဘူးလို့ စပိန်ပြည်ထဲရေးဌာနမှအရာရှိကြီးတစ်ဦးက ဆိုပါတယ်။

ယခုသက်ကြီးရွယ်အိုတွေသေဆုံးခဲ့တဲ့စောင့်ရှောက်ရေးဂေဟာဟာ ဘယ်နေရာမှာတည်ရှိတယ်ဆိုတာကို မသိရှိရသေးပေမယ့်လည်း ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။​

စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအဆိုးရွားဆုံးဖြစ်ပွားနေတဲ့နိုင်ငံစာရင်းမှာ တရုတ်၊ အီတလီ၊ USA တို့နောက် လေးနိုင်ငံမြောက်မှာရပ်တည်နေပြီး ယနေ့ ၂၆ ရက်မနက်အစောပိုင်းအထိ ကူးစက်ခံရသူ ၄၉,၅၁၅ ဦးနဲ့ သေဆုံးသူ ၃,၆၄၇ ဦးရှိနေပြီဖြစ်ပါတယ်။

Health Care