လေ့လာမှုသစ်အရ “စပီရူလိုင်းနား” စိမ်းပြာရေညှိက သွေးပေါင်ချိန်လျော့ကျစေတယ်လို့ဆိုတယ်။ သုတေသီတွေဟာ စွမ်းအားပြည့်ဒြပ်ပေါင်းက ကျန်းမာရေးအကျိုးရှိမှုကို သတိပြုမိခဲ့တာဖြစ်တယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ ဂီယာတစ်ခု တွန်းတင်လိုက်သလို အာဟာရဆိုင်ရာပစ္စည်းတွေက ကျန်းမာရေး အကျိုးအတွက် စွမ်းအားမြင့်ကြောင်း တွေ့ရှိထားကြတာဖြစ်တယ်။

အာဟာရတွေကြား စပီရူလိုင်းနား စိမ်းပြာရေညှိတွေက ရှေ့ တန်းရောက်လာတာ သိပ်မကြာသေးပါဘူး။ ယနေ့မှာ စိမ်းပြာရေညှိပါဝင်မှုက သေချာတဲ့ကျန်းမာရေးကောင်းစေတဲ့အစာဖြစ်ကြောင်း ရှေးနဲ့ ရှေးဟောင်း အာဖရိက (Aztoes and Ancient Africa)မှာ ကြာမြင့်စွာသိရှိခဲ့ကြတယ်။ သမိုင်းကာလကတည်းက ရှေးဟောင်းတိုင်းရင်းဆေးအဖြစ် ကိတ်မုန့်တွေမှာ စပီရူလိုင်းနားကို အသုံးပြုခဲ့ကြတယ်။

စပီရူလိုင်းနား စိမ်းပြာရေညှိမှာ ပရိုတိန်း၊ သံဓာတ်နဲ့ အခြားအာဟာရတွေ မြင့်မားစွာပါဝင်ကြောင်း စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီးနောက် နာတာရှည်အာဟာရချို့ တဲ့ခြင်း၊ ခရီးရှည်သွားရမယ့်ခရီးတွေနဲ့ အစားအသောက်လုံခြုံရေးတွေမှာ ပိုမိုသုံးစွဲလာခဲ့ကြတယ်လို့ ဆိုတယ်။

ဒေါက်တာသက်လွင်(ပြည်သူ့ကျန်းမာရေး)

Health Care