စိတ်ဓာတ်ကျ / စိတ်အားငယ်ခြင်းသည် လူတစ်ယောက်၏ အတွေး၊ ခံစားချက်နှင့် နေ့စဉ် လုပ်ငန်းဆောင်တာများဖြစ်သည့် အစာစားခြင်း၊ အိပ်စက်ခြင်း၊ အလုပ်လုပ်ခြင်း စသည်တို့ကို သက်ရောက်မှုဖြစ်စေသော စိုးရိမ်ဖွယ် စိတ်ပိုင်းဆိုင်ရာရောဂါတစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် စိတ်ကျရောဂါဖြစ်ပွားသူအရေအတွက်မှာ နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိနေပြီး အချို့သောသူများသည် ၎င်းတို့၌ စိတ်ကျဝေဒနာခံစားနေရသည်ကိုပင် သတိမပြုမိဘဲ ရှိနေတတ်သည်။ သို့ဖြစ်ရာ စိတ်ဓာတ်ကျ/စိတ်အားငယ်သူတို့ ပြုမူလေ့ရှိသော အလေ့အထများကို ဖော်ပြပေးလိုက်ရပါသည်။

၁။ စိတ်မတည်ငြိမ်ခြင်း – စိတ်အပြောင်းအလြဲမန်ခြင်းနှင့် နက်ရှိုင်းစွာ စဉ်းစားတွေးခေါ်တတ်ခြင်းတို့ကြောင့် စိတ်ကို တည်ငြိမ်စွာထားနိုင်ရန် ခက်ခဲနေတတ်သည်။

၂။ စိတ်အခြေအနေမှန်ကို ဖုံးကွယ်ထားတတ်ခြင်း – ဝမ်းနည်းနေသည့်အချိန်၌ပင်လျှင် ဟန်ဆောင်၍ ပြုံးနေတတ်သောအလေ့အထရှိတတ်သဖြင့် ၎င်းတု့ိ၏စိတ်အခြေအနေမှန်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်မည်မဟုတ်ပေ။

၃။ အိပ်ချိန်ပုံမှန်မဟုတ်ခြင်း – စိတ်ဓာတ်ကျသူတို့၌ ညဘက် အိပ်မပျော်သည့်ရောဂါ(Insomnia) ရှိနေတတ်ပြီး နေ့ဘက်တွင် အိပ်စက်နေတတ်ကြသည်။

၄။ အရာရာတွင် အဆိုးမြင်စိတ်ရှိခြင်း – ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်သော်လည်း ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရလျှင် အဆိုးမြင်စိတ်ဖြင့်သာ ဖြေရှင်းလေ့ရှိကြသည်။

၅။ မိမိကိုယ်မိမိ အပယ်ခံအဖြစ်သာ ထင်မြင်နေခြင်း – ၎င်းတို့သည် တစ်ချိန်ချိန်၌ အပစ်ပယ်ခံရမည်ဟု ကြောက်ရွံ့နေတတ်ကြသဖြင့် သာမန်လူများနှင့် နီးနီးကပ်ကပ်ပေါင်းသင်းဆက်ဆံလေ့ မရှိကြပေ။

၆။ မိမိကိုယ်သာမိမိ ဂရုစိုက်တတ်ခြင်း – တစ်ကိုယ်တည်း ပန်းခြံ၌ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စာရေးခြင်း၊ သီချင်းနားထောင်ခြင်း စသည့်ကိုယ်ပိုင်နည်းလမ်းများဖြင့်သာ ၎င်းတို့၏ စိတ်ဝေဒနာကို ဖြေရှင်းတတ်ကြသည်။

၇။ အသေးအဖွဲကိစ္စများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်တတ်ခြင်း – စိတ်ဓာတ်ကျသူတို့သည် မိမိတို့၏ စိတ်ခံစားမှုများကို ဖြေသာစေရန် အသေးအဖွဲကိစ္စများကအစ အပြင်းအထန်ကြိုးစားလုပ်ဆောင်လေ့ရှိကြသည်။

၈။ အစားအသောက် အလေ့အထများ မူမမှန်ဖြစ်နေခြင်း – အစာကို အလွန်အကျွံစားသောက်ခြင်း၊ အစာ စားချင်စိတ်ပျောက်ဆုံးခြင်း စသည့် မူမမှန်သော အလေ့အထများလည်း တွေ့ရတတ်သည်။

ဒေါက်တာရဲခိုင်ဦး

Health Care