ကန့်သတ်အထွေထွေဆေးကုသခွင့်လိုင်စင်ဆိုသည်မှာ ကောင်စီ၏ အသိအမှတ်ပြုခြင်းခံရသည့် ပြည်ပနိုင်ငံ၏ သက်ဆိုင်ရာ ဆေးကောင်စီက အသိအမှတ်ပြုသော အခြေခံဆေးပညာဘွဲ့ရရှိသည့် နိုင် ငံခြားသားဆရာဝန်အား ကောင်စီက သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ထုတ်ပေးသော ဆေးကု သခွင့်လိုင်စင်ကို ဆိုသည်။

ကန့်သတ်အထူးကု ဆေးကုသခွင့်လိုင်စင်ဆိုသည်မှာ ကောင်စီ၏ အသိအမှတ်ပြုခြင်းခံရသည့် ပြည်ပနိုင်ငံ၏ သက်ဆိုင်ရာ ဆေးကောင်စီက အသိအမှတ်ပြုသော ဘွဲ့လွန်ဒီဂရီ သို့မဟုတ် ဘွဲ့လွန် ဒီပလိုမာရရှိပြီး သတ်မှတ်ထားသော အရည်အချင်းပြည့်မီသည့် နိုင်ငံခြားသားဆရာဝန်အား ကောင်စီ က သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ထုတ်ပေးသော ဆေးကုသ ခွင့်လိုင်စင်ကို ဆိုသည်။

ဒါတွေကတော့ (၂ဝ၁၅) ခုနှစ် ဧပြီလ(၉)ရက်က ပြည်ထောင်စု လွှတ်တော်မှာ ပြဋ္ဌာန်းလိုက်တဲ့ မြန် မာ နိုင်ငံဆေးကောင်စီဥပဒေမှာ ပါရှိတဲ့ နိုင်ငံခြားသား ဆရာဝန် တွေနဲ့ပတ်သက်ပြီး သတ်မှတ်ထား တဲ့ စည်းမျဉ်းစည်းကမ်းတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီဥပဒေထဲမှာ ပဲ နိုင်ငံခြားသား တစ်ယောက်အနေနဲ့ ပြည်တွင်းမှာ ဆေးကုသခွင့် ရချင်ရင် ကန့်သတ်အထွေထွေ ဆေးကုသခွင့် လိုင်စင်ရရှိဖို့ သတ် မှတ်ချက်များနဲ့အညီ မြန်မာနိုင်ငံ ဆေးကောင်စီကို လျှောက်ထား နိုင်ပြီး အဲ့ဒီလျှောက်လွှာကို ဆေးကောင်စီရဲ့ အလုပ်အမှုဆောင် အဖွဲ့ကနေ သတ်မှတ်ချက်တွေနဲ့ အညီစိစစ်ပြီး လိုင်စင်ကြေးနဲ့ အခြား သတ်မှတ်ထားတဲ့ အခကြေးငွေတွေ ပေးသွင်းစေပြီး ကုသခွင့်ရှိတဲ့နေရာ၊ ဒေသနဲ့အချိန်တွေကို ကန့်သတ်ကာ ကန့်သတ်အထွေထွေ ဆေးကုသခွင့်လိုင်စင်ကို ထုတ်ပေ နိုင်ခွင့်ရှိသလို ငြင်းပယ်နိုင်ခွင့် ရှိတယ်လို့လည်း ဖော်ပြထားခဲ့ပါ တယ်။ တစ်ခါ အဲ့ဒီကမှတစ်ဆင့် အထွေထွေ ဆေးကုသခွင့် လိုင်စင် ရရှိထားတဲ့ မှတ်ပုံတင်ဆရာဝန်ဟာ အထူးကု ဆေးကုသခွင့်ရဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မီရင် အထူးကုဆေးကုသခွင့် လိုင်စင်ရရှိဖို့ သတ်မှတ်ချက်တွေနဲ့ အညီ ကောင်စီကို လျှောက်ထားနိုင် တယ်လို့ ပါရှိပါတယ်။ အဲ့ဒီ ဆေးကောင်စီဥပဒေမှာပဲ မည်သူမျှ ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသခြင်းမပြုရလို့ ပြဋ္ဌာန်းထားခဲ့ပြီး တကယ်လို့ အဲ့ဒီဥပဒေကို ချိုးဖောက် မယ်ဆိုရင် အဲ့ဒီသူကို အနည်းဆုံး တစ်နှစ်ကနေ (၅)နှစ်အထိ ထောင် ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ ဒီနေရာမှာစာရေးသူ သတိပြုမိတာက ထောင်ဒဏ် ချမှတ်ရမည်လို့ အတိအလင်း ပြဌာန်းထား ခဲ့တာပဲဖြစ်ပါတယ်။ ဒါဆိုရင် စာ ရေးသူတို့ နိုင်ငံတွင်းမှာလာပြီးဆေး ကုနေတဲ့ နိုင်ငံရပ်ခြားက ဆရာဝန်တွေမှာ ကန့်သတ်အထွေထွေဆေးကုသခွင့် လိုင်စင်ရှိနေကြ တာလား အထူးကုဆိုပြီး လာရောက်ဆေးကု သနေကြတဲ့ ဆရာဝန်ဆိုသူတွေကရော ကန့်သတ်အထူးကု ဆေးကုသခွင့် လိုင်စင်ရှိနေလားဆိုတာကို မေး ခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလည်း ဘာ ဆရာဝန်ဘွဲ့တွေ၊ ဒီဂရီတွေ၊ ဒီပလို မာတွေမရဘဲ ရုပ်တည်နဲ့ ဆေးကုနေကြတဲ့ ရမ်းကုဆရာဝန်တွေကိုရော ဘာကြောင့် ဒီဥပဒေနဲ့ အရေးယူ ပြီး ထောင်ဒဏ် အပြစ်ပေးတာတွေ မလုပ်နိုင်ကြသေးတာလဲဆိုတာကိုလည်း မေးခွန်းထုတ်ရတော့ မှာဖြစ်ပါတယ်။

တစ်လောလေးကပဲ စည်းမျဉ်း စည်းကမ်းနဲ့မညီညွတ်ဘူးလို့ အသံ ထွက်နေတဲ့ ဆေးရုံနှစ်ခုကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဘာတွေဘယ်လို အရေးယူလိုက် တယ်ဆိုတဲ့ နောက်ဆက်တွဲသတင်း ကတော့ အခုချိန်ထိ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ဆေးကောင်စီ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ဆိုရင် နိုင်ငံရပ်ခြားက လာရောက်ပြီး ဆေးကုသပေးကြတဲ့ ကုသိုလ်ဖြစ် ဆရာဝန်တွေ အဖွဲ့အစည်းတွေတောင် ပြည်တွင်းမှာ ဆေးကုသခွင့် ရရှိဖို့ မြန်မာနိုင်ငံဆေးကောင်စီရဲ့ ခွင့်ပြုချက်မရဘဲ မဖြစ်နိုင်ပါဘူး။ သို့သော်လည်းပဲ  လက်တွေ့မှာတော့ နိုင်ငံခြားသားဆရာဝန်တွေကိုယ်တိုင်ထိုင်ပြီး စကားပြန်ကတစ်ဆင့် ဆေးကုသပေးနေတဲ့ ဆေးရုံ ဆေးခန်းအချို့ကို မြင်တွေ့နေရသလို၊ ဘာဆေးပညာဘွဲ့၊ ဒီဂရီ၊ ဒီပလိုမာမျှမရရှိဘဲ ဆေးကုနေတဲ့ ဆရာဝန် အများအပြား ရှိနေတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီလို ရမ်းကုတွေ တွင်ကျယ်နေတဲ့ နေရာတွေမှာ တော်ရုံဆရာဝန်တစ်ယောက် ထိုးဖောက်ဖို့ မလွယ်ဘူးဆိုတာ ကိုယ်တိုင်ကြုံဖူးတဲ့ ဆရာဝန်တိုင်း သိကြမှာဖြစ်ပါတယ်။ စာရေးသူတို့ ဆီမှာက အသိဉာဏ်က နည်းပါးကြ လေတော့ ဆရာဝန်ကို ဆရာဝန်လို့ မထင်ဘဲ ရမ်းကုကိုမှ ဆရာဝန်လို့ ထင်နေသူတွေရှိသလို တစ်ချို့ကြပြန်တော့လည်း  နိုင်ငံခြားကလာတဲ့ ဆရာဝန်ဆိုသူကိုမှ အထင်တကြီးနဲ့ ပိုက်ဆံကုန်ချင်သလောက်ကုန် ဆိုပြီး ကုနေကြတဲ့သူတွေလည်း အနည်းနဲ့အများရှိနေကြတာပါ။ တချို့ရမ်းကုတွေများဆို ဘွဲ့လက်မှတ်အတုတွေ ဘာတွေလုပ်ပြီးတော့တောင် ရုပ်တည်နဲ့ မှန်ဘောင်သွင်းပြီး ထောင်ထားတာတွေအထိ လုပ်စားနေကြတာပါ။ သူတို့ လုပ်ချင် တာတွေလုပ်ချလိုက်ပြီး နောက်ဆုံး ရောက်လာတဲ့နေရာက ဆေးရုံဆိုလေတော့ သက်ဆိုင်ရာ ဆေးရုံတွေ မှာလည်း အလုပ်ပိုသလို အသိဉာဏ် အားနည်းတာရယ် အဆွယ်ကောင်း တာရယ်ကြောင့် ရောက်သွားခဲ့တဲ့ လူနာတွေမှာလည်း ငွေကုန်လူပန်း ဖြစ်ကြရမှာသေချာပါတယ်။

ဆိုတော့ကာ ဒါတွေကို ဥပဒေအတိုင်း တိတိကျကျ စုံစမ်းဖော်ထုတ် အရေးယူရေးက တော်တော်လေး အရေးပါတဲ့ အခြေအနေမှာ ရှိနေ တာကိုသတိပြုမိပါတယ်။ အရေးယူဖို့ဆိုတာကလည်း သိပ်တော့ခက် ခဲလှတာမဟုတ်ပါဘူး။ မြို့နယ် အဆင့်လောက်နဲ့တင် ရှာဖွေဖော်ထုတ် အရေးယူလို့ ရနိုင်တာမျိုးပါ။ သက် ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက တဆင့် သွားလိုက်ရင်  ရှင်းရှင်း လင်းလင်း တိတိကျကျ အဖြေတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေမှာပါရှိတဲ့အတိုင်း ဆေးကုသခွင့်လိုင်စင်မရှိဘဲ ကုသနေသူတွေရော၊ နိုင်ငံခြားကလာပြီး ဆေးကု ခွင့်လိုင်စင်မရှိဘဲ ဆေးကုသနေ သူတွေကိုပါ စုံစမ်းဖော်ထုတ် အရေးယူဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဦးမျိုးကြီး

Health Care