မီးကွင်းဂမုန်းပင်များသည် မြစ်ချိုပင်မျိုးနွယ်မှဆင်းသက်လာပြီး ပင်ငယ်မျိုးဖြစ်သည်။ အမြင့်ပေ ၂ ပေကျော်ကျော် ထိရှိ၏။ အရွက်များသည် ရှည်၍ ပင်စည်မှကပ်၍ထွက်၏။ အရွက်အပေါ်ပိုင်းတွင် စိမ်း၍အောက်ပိုင်းက မရမ်းရောင်ဖြစ်သည်။ အပွင့်များသည် အဖြူရောင် အပွင့်ငယ်လေးများဖြစ်၏။ မြန်မာပြည်နေရာအနှံ့အပြားတွင် အလေ့ကျပေါက်ရောက်ကြ၏။ အချို့က အလှပန်းတွင် စိုက်ထားကြ၏။ ၎င်းအပင်များစိုက်ထားခြင်းဖြင့် မီးမလောင်နိုင်ဟု ယူဆကြပြီး စိုက်ပျိုးကြ၏။ မီးကွင်းဂမုန်းအား ဆေးဖက်တွင် အသုံးပြုရာ၌ အရိုးနှင့် အရွက်ကိုသာလျှင် အသုံးပြုကြ၏။

ဆေးဖက်တွင် အသုံးပြုပုံ

၁။ သွေးအန်-သွေးကျရောဂါဖြစ်လျှင် အရိုးနှင့်အရွက်ကို ထုထောင်း ပြီး ၃ ခွက် (၁)ခွက်တင်ကြိုပြီးလျှင် ဒိုဘာလာသကြားခပ်၍ တစ်ခါသောက် ၂ ကျပ်သားခန့် တစ်နေ့ ၃ ကြိမ်မျှ သောက်ပေးကပျောက်၏။

၂။ နားကိုက်-နားနာ- နာပြည်ယိုရောဂါအတွက် အရွက်မီးကင်ပြီး နားကွင်းသို့ ညှစ်ထည့်ပေးပါက ပျောက်ကင်းစေ၏။

၃။ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းကိုက်ဖြစ်ခဲ့သော် အရွက်ကိုပြုတ်ပြီး သုတ်စားကပျောက်၏။

၄။ သွေးဝမ်းသွားပါက အရွက်၏သတ္တုရည်ကို ကြွေဇွန်း ၁ ဇွန်း တစ်နေ့ ၂ ကြိမ်သောက်ပေးပါက ပျောက်ကင်းစေ၏။

၅။ မီးလောင်နာ အပူလောင်နာများအတွက် မီးကွင်းဂမုန်းရွက်နုကို သကြားဖြင့် ကြိတ်ပြီး အုံပေးပါကပျောက်၏။

၆။ ချောင်းဆိုးရင်ကြပ်သလိပ်ရောဂါများဖြစ်လျှင် မီးကွင်းဂမုန်းသတ္တုရည်ကို သကြားအနည်းငယ်ထည့်သောက်က ပျောက်၏။

၇။ ကိုယ်လက်ကိုက်ခဲသော်- မီးကွင်းဂမုန်းအမြစ်ကို သွေးလိမ်းက ပျောက်၏။

ဒေါက်တာသက်ဆွေ

Health Care