ဆံကေသာအတွက်ဌက်ပျောသီး

ဆံကေသာပျော့ပျောင်းစေရန်– ငှက်ပျောသီးတွင် သဘာဝအဆီအနှစ်များ၊ ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒရိတ်နှင့် အာဟာရဓာတ်များစွာ ပါဝင်လို့ ဆံသားကျိုးကျေခြင်း၊ အဖြားနှစ်ခွဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည့်အပြင် ဆံသားကိုပျော့ပျောင်းနူးညံ့စေသည်။ ဆံသားဧ။် မူလဆန့်ကျုံ့မှုကို ကူညီပေးသည်။ ငှက်ပျောသီးကို ထောပတ်သီးနှင့် အတူတူခြေပြီးအုန်းနို့နဲ့ရောပါ။ ပြီးလျှင်ဦးရေပြားအနှံ့သုတ်လိမ်းပြီး ရေချိုးခန်းသုံး ခေါင်းစွပ်စွပ်ထားပါ။ ၁၅မိနစ်-မိနစ်၂၀ခန့် ထားပြီးမှခေါင်းလျှော်ပါ။

ဆံကေသာတောက်ပစေရန်– ငှက်ပျောသီးကို အခွံနွှာပြီး သံလွင်ဆီ 1/4 ခွက်နှင့် ကြက်ဥအကာရည်ရောပြီး မွှေစက်ထဲထည့်မွှေပါ။ ဆံသားနှင့် ဦးရေပြားပေါ်တွင် အဆိုပါအရောကိုလူးပါ။ ၁၅မိနစ်-မိနစ်၂၀ကြာမှ အပျော့စားခေါင်းလျှော်ရည်နှင့်ပျော့ဆေးသုံး ပြီးခေါင်းလျှော်ပါ။

ဆံပင်ကျွတ်ခြင်းကိုတိုက်ခိုက်ရန်– ငှက်ပျောသီးအမှည့်ကိုခြေပြီး ဒိန်ချဉ်နဲ့အတူရောပါ။ ပြီးလျှင်ဦးရေပြားအနှံ့သုတ်လိမ်းပြီးမိနစ်၂၀ထားပါ။ နောက်မှ ခေါင်းလျှော်ရည်အပျော့စားနှင့် ပျော့ဆေးသုံးပြီး ခေါင်းလျှော်ပါ။ မကြာမကြာပြုလုပ်ပေးပါ။

ခြောက်သွေ့ကြမ်းတမ်းပျက်စီးနေသော ဆံကေသာကို ထာဝရနှုတ်ဆက်ရန်– ငှက်ပျောသီးကိုခြေပြီး ဗာဒံဆီနဲ့ရောပါ။ ပြီး လျှင် ဦးရေပြားနဲ့ ဆံသားအနှံ့ဝအောင်လူးပါ။ မိနစ်၂၀ထားပြီးမှ ခေါင်းလျှော်ရည်အပျော့စားနှင့် ခေါင်းလျှော်ပါ။ တစ်ပတ်နှစ်ကြိမ်ပြုလုပ်ပါ။

အရေပြားအတွက်ငှက်ပျောသီး

သဘာဝအစိုဓာတ်ထိန်းဆေး

ငှက်ပျောသီးသည် အသားအရေအတွက် အကောင်းဆုံး သဘာဝအစိုဓာတ်ထိန်းဆေး ဖြစ်သည်။ ငှက်ပျောသီးတွင်ဗီတာမင်အေအပြည့်အဝပါဝင်လို့ခြောက်သွေ့၊ မွဲခြောက်၊ ပျက်စီးနေသောအသားအရေများကို အစိုဓာတ် ပြန်ဖြည့်ပေးပြီး ပြန်လည်ကောင်းမွန် လာစေသည်။ ငှက်ပျောသီးကိုခြေပြီး မျက်နှာပေါ်တွင် လူးပါ။ မိနစ်၂၀ခန့်ကြာမှ ကြက်သီးနွေးရေနဲ့ဆေးပါ။အလွန်ခြောက်သွေ့ပြီး အလွှားလွှားကွာနေသော အသားအရေများအတွက် ကြိတ်ခြေထားသော ငှက်ပျောသီးတွင် ပျားရည်အနည်းငယ်ထည့်ပြီး ပေါင်းတင်ပေးနိုင်ပါသည်။

အသားအရေဝင်းပဆေး

ငှက်ပျောသီးတွင် သဘာဝဗီတာမင်စီများစွာပါဝင်လို့ အသားအရေကို သဘာဝအတိုင်းနုပျိုပြီး စိုပြည်တောက်ပစေသည်။ ငှက်ပျောသီးမှည့်ကို ကြိတ်ခြေပြီး နံ့သာဖြူမှုန့်လက်ဖက်ရည်ဇွန်း၁ဇွန်းနှင့် ပျားရည်လက်ဖက်ရည်ဇွန်းဝက်ကိုရောမွှေပါ။ အရေပြားပေါ်တွင် ၁၅မိနစ်-မိနစ်၂၀ ခန့်လူးထားပြီးမှ ကြက်သီးနွေးရေဖြင့်ဆေးပါ။ ညစ်ထေးနေသော အသားအရေနှင့်မျက်နှာပေါ်က အမဲစက်တင်းတိပ်များကို လျော့ပါးစေရန်အတွက် အဆိုပါအရောအနှောထဲတွင် သံပုရိုအရည်ထည့်ပြီးပေါင်းတင်ပါက အသားအရေကို တောက်ပလာစေသည်။

သဘာဝအတိုင်းဆဲလ်အသေများကို ဖယ်ရှားနိုင်သောဆေး

ငှက်ပျောသီးတွင် Antioxidents များအပြည့်အဝပါဝင်နေပါသည်။ ထို့ကြောင့်ငှက်ပျောသီးသည် အရေပြားပေါ်မှ ဆဲလ်အသေများကို ဖယ်ရှားပြီးပြန်လည်ရှင်သန်မှုကို ခံစားရစေပါသည်။ ငှက်ပျောသီးကိုခြေပြီးသကြားအညိုလက်ဖက်ရည်၁ဇွန်းနဲ့ရောပါ။ မျက်နှာပေါ်တင်ပြီး စက်ဝိုင်းပုံလူးပေးပါ။ နောက်မှတစ်ရှူးနဲ့ သုတ်ပြီးရေနဲ့ပြန်ဆေးပါ။ ခြောက်သွေ့နေသောအသားအရေများတွင် ထိုသို့ပြုလုပ်ပေးပါက ဆဲလ်အသေများကိုဖယ်ရှားပြီး စိုပြည်နူးညံ့စေသည်။

နုပျိုစေသောဆေး

ငှက်ပျောသီးတွင်ပါဝင်သော အာဟာရဓာတ်များက မျက်နှာပေါ်ရှိအရေးအကြောင်းများကို ဖယ်ရှားရန်ကူညီပေးသည်။ ဗီတာမင်အေနှင့် အီးအပြည့်အဝပါဝင်သော မျက်နှာပေါင်းတင်ဆေးအတွက် ငှက်ပျောသီးနှင့် ထောပတ်သီးကို ကြိတ်ခြေပြီးရောမွှေပါ။ မျက်နှာအနှံ့နှင့် လည်ပင်းပေါ်လူးပြီး ၂၅ မိနစ်ထားပါ။ နောက်မှကြက်သီးနွေးရေဖြင့်ဆေးပါ။ ပုံမှန်လုပ်ပေးပါက သင့်အသားအရေသည် နုပျိုပြီးနူးညံ့စိုပြည်နေမှာ အမှန်ပင်ဖြစ်သည်။ ထောပတ်သီးတွင်ပါဝင်သော အာဟာရဓာတ်များနှင့် ငှက်ပျောသီးဧ။် ပေါင်းစပ်မှုကြောင့် အသားအရေပျက်စီးမှုများကို ပြန်ကောင်းစေသည်။

အထက်တွင် ငှက်ပျောသီးဧ။် ဆံပင်နှင့်အသားအရေအတွက် ကောင်းကွက်များ ကိုတင်ပြပေးခဲ့ပြီးဖြစ်သည်။ အဆိုပါကောင်းကွက်များကို သိမြင်ပြီးထပ်မံမျှဝေပေးနိုင် စေရန်ရည်ရွယ်ပါသည်။

ပန်းအိမ်

Health Care