a hungry girl opens the fridge

ညဘက်တွင် အဆာပြေအစား အစာများ (Snacks) စားခြင်းနှင့် မနက်စောစော၌ အဓိကအစား အစာများ စားသောက်ခြင်းတို့ကို ရှောင်ရှားခြင်းက ခန္ဓာကိုယ်အလေး ချိန်လျော့ကျစေရန် နည်းလမ်း ကောင်းတစ်ခုဖြစ်ကြောင်း ဩစတေးလျနိုင်ငံရှိ အဒီလိုင်ဒီ တက္ကသိုလ်မှ သုတေသီများ၏ လေ့လာ ထားချက်အရ သိရသည်။

အဆိုပါ သုတေသနအရ ည ၈ နာရီ နောက်ပိုင်းတွင် အဆာ ပြေအစားအစာများစားခြင်းက အ ဝလွန်ရောဂါဖြစ်ပွားရန် လမ်းစ တစ်ခုဖြစ်နေကြောင်း၊ ထို့အတူ မ နက်စောစော ၈ နာရီ မတိုင်မီ၌ လည်း အဓိကအစားအစာများစား သောက်ခြင်းမပြုသင့်ဘဲ အစာအိမ် မှ ခြေဖျက်ရလွယ်ကူမည့် အစား အစာများကိုသာ ဦးစွာစားပေးသင့်ကြောင်း သိရသည်။ ၎င်းအပြင် အဓိကအစားအစာများ စားသုံးရန် အသင့်လျော်ဆုံး အချိန်အပိုင်းအ ခြားမှာ မနက် ၈ နာရီမှ ည ၈ နာ ရီအတွင်း၌သာ ဖြစ်သင့်ပြီး ထိုကဲ့သို့ အချိန်ကို ကန့်သတ်၍ စားသုံးခြင်းဖြင့် အဝလွန်ရောဂါမဖြစ်ပွားရန် ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်မှ ပရော်ဖက်ဆာ အေမန်ဒါပေ့ချ်က အကြံပြုပြောကြားထားသည်။

ကမ္ဘာပေါ်ရှိ လူဦးရေ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း (၂ ဘီလီယံ)မှာ အဝလွန်ရောဂါဖြစ်ပွားနေ ပြီး အဝလွန်ခြင်း၏ နောက်ဆက် တွဲဆိုးကျိုးများအဖြစ် ဆီးချိုရောဂါ အမျိုးအစား (၂)၊ နှလုံရောဂါ၊ ကင်ဆာရောဂါနှင့် လေသင်တုန်းဖြတ်ခြင်းများ ခံစားရနိုင်ကြောင်းလည်း သုတေသီများက သတိပေးပြော ကြားထားသည်။

ဒေါက်တာရဲခိုင်ဦး

Health Care