သင်တစ်ချိန်လုံး မောပန်းနေ တဲ့ ခံစားမှုကို ဆရာဝန်ကို ပြောပြ တဲ့အခါ ဆရာဝန် ပထမဆုံးစစ်ဆေး မှာကတော့ သင့်မှာ “Anaemia” သွေး အားနည်းရောဂါ (သို့) သိုင်းရွိုက် ပုံမှန် အလုပ်လုပ်သလားဆိုတာကို စစ်ဆေးမှာပဲ။ သွေးအားနည်း ရောဂါဆိုတာက သင့်သွေးဟာ ခန္ဓာကိုယ်တစ်ခုလုံးဆီ အောက်ဆီဂျင်ကို လုံလောက်စွာ မပို့တော့တာဖြစ် ပြီး သံဓာတ်ချို့တဲ့လို့ဖြစ်တာပဲ။ သွေးအားနည်းရောဂါရှိတဲ့သူတွေ ဟာ အရမ်းချမ်းခြင်း၊ မူးဝေခြင်း (သို့) ကသိကအောက်ဖြစ်ခြင်း (သို့) မောပန်းတာအပြင် ခေါင်းကိုက် ဝေဒနာတို့ကို ခံစားကြရတယ်။

သင့်မှာ သိုင်းရွိုက်ပြဿနာရှိ ရင်လည်း သင့်အသားအရေတွေ ဟာ အလွန်ခြောက်သွေ့တယ်လို့ ခံစားရပြီး ဝမ်းအလွန်ချုပ်တာကို လည်း ခံစားရတယ်။ Hypothyroidism ဝေဒနာကိုလည်း ခံစားရတတ်တယ်။ အဲဒါကတော့ အရေးကြီးတဲ့ အချို့ဟော်မုန်းတွေကို သင့်သိုင်း ရွိုက်အကျိတ်က လုံလောက်စွာ မထုတ်ပေးနိုင်တာကိုခေါ်တယ်။ ဒီ ဝေဒနာဟာ အများအားဖြင့် အမျိုးသမီးတွေမှာ ဖြစ်တတ်တယ်။ ဒီ ဝေဒနာဖြစ်လာရင် သင့်ဆရာဝန်က Synthetic Thyroid ဟော်မုန်း ကို သောက်ဖို့အကြံပြုမှာဖြစ်တယ်။

သင့်သွေးတွင်း ဂလူးကို့စ်က မြင့်မားနေရင် သင့်ရဲ့သွေးလှည့် ပတ်မှုဟာ ပုံမှန်မဟုတ်တဲ့အတွက် ဆဲလ်တွေအနေနဲ့ သူတို့လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ် တွေမရတဲ့အခါမှာလည်း သင့်အနေ နဲ့ မောပန်းခြင်းကို ခံစားရမှာဖြစ် တယ်။ သွေးဂလူးကို့စ် အဆင့်နိမ့် နေပြန်ရင်လည်း ဆဲလ်တွေ အလုပ်လုပ်ဖို့ လုံလောက်တဲ့လောင်စာမရှိ တာကြောင့် မောပန်းမှုကို ခံစားရ နိုင်တယ်။ သင့်သွေးဂလူးကို့စ် မြင့်မားတာကြောင့် သွေးကြောတွေ ရောင်ရမ်းလာတဲ့အခါမှာလည်း သင့်ကို မောပန်းစေနိုင်တယ်။

သင့်အနေနဲ့ တစ်ချိန်လုံး မောပန်းနေတယ်လို့ခံစားရပြီး နံနက် အိပ်ရာမှ မထချင်ရင်(သို့) အိပ်ပျော်ဖို့ အခက်အခဲဖြစ်နေရင် သင့် အနေနဲ့ စိတ်ဓာတ်ကျတဲ့ဝေဒနာ မျိုး ခံစားနေရတာမျိုးဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျတာ၊ အရက်သေစာ ကို စည်းကမ်းမရှိသောက်တာတို့နဲ့ မောပန်းတာတွေဟာ နီးစပ်စွာ ဆက်နွယ်နေကြတယ်။

သင့်အနေနဲ့ ကောင်းမွန်စွာ စားသောက်နိုင်ခြင်းမရှိဘဲ။ အထူးသဖြင့် စီမံနည်းနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ များများစားရင် အူရဲ့ ဆဲလ်တွေဟာ လျှော့ရဲလာကာ သွေးကြောထဲမှာ မရှိသင့်တဲ့ ပရိုတင်းဓာတ်တွေ သွေးကြောထဲ ကိုစိမ့်ဝင်ပြီး ရောင်ရမ်းတဲ့ တုန့် ပြန်မှုကိုဖြစ်စေတယ်။ ဖောလာတာ၊ မောပန်းတာ၊ စိတ်တွေ ပရမ်းပတာဖြစ်တာ၊ ခေါင်းကိုက်တာနဲ့ ကိုယ်အလေးချိန် တက်လာတာတွေ ကို ခံစားရတတ်တယ်။

သင်အိပ်နေတုန်း၊ သင့်ရဲ့ လည်ချောင်းပိတ်သွားပြီး ခဏတာ အသက်ရှူရပ်သွားရင် သင့်အနေ နဲ့ Apnoea ဝေဒနာခံစားနေရတာ ဖြစ်နိုင်တယ်။ ဒါမျိုးဖြစ်တဲ့သူတွေ ဟာ အိပ်တဲ့အခါ ဟောက်လေ့ ဟောက်ထရှိကြတယ်။ အောက်စီ ဂျင် လုံလုံလောက်လောက်မရတာ ကြောက်စရာဖြစ်ပေမယ့် သင့်ဦး နှောက်က သင့်ကိုမမွန်းစေဘူး။ သင့်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မစွန့်ပစ်နိုင်ဘူးဆိုတာကို ဦးနှောက် က သတိထားမိတယ်။ ဒါကြောင့် သင့်အနေနဲ့ တခဏတာလန့်ဖြန့်ပြီး နိုးလာတတ်တယ်။ ဒီလို နိုးနိုး နေတာ တိုတောင်းတဲ့အတွက် သင့် အနေနဲ့ သတိထားမိမှာ မဟုတ်ဘူး။ အဲဒီတော့ နောက်တစ်နေ့မှာ သင် ခြေကုန်လက်ပန်းကျနေတာကို သင်နားလည်မှာမဟုတ်ဘူး။

မောင်ချမ်းသာ

Health Care