တစ်စုံတစ်ယောက် သတိလစ်နေရင် ဘာလုပ်သင့်သလဲဆိုတာ မရှိမဖြစ်လိုအပ်လာပါတယ်။ ပထမအဆင့်အရ သူရဲ့ မရှိမဖြစ် သွေးဖိအား၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်း၊ အခြားထိခိုက်ဒဏ်ရာရှိမရှိ၊ အရေးပေါ်လူနာကားလိုမလို ရုတ်ချည်းတွက်ချက်ရမှာဖြစ်တယ်။ အသက်မရှူတော့ရင် ပါးစပ်ချင်းတေ့ပြီး လေတစ်ဝရှူသွင်း ရှူထုတ်ပေးခြင်း နည်းနဲ့(CPR) ပြုလုပ်ဖို့လိုအပ်မှာဖြစ်တယ်။

သတိမရတာဟာ တုံ့ပြန်မှုမရှိတဲ့ အခြေအနေပဲဖြစ်တယ်။ အချို့ အိပ်ရင်းနဲ့ သတိလစ်နေတတ်တယ်။ ဒါပေမယ့် အပြင်မှာ ရုတ်တရက်သတိလစ်သွားတတ်တာက ဆူညံတဲ့အသံ (သို့) သိ၊ထိခြင်း မရှိတော့ခြင်း၊ မလှုပ်နိုင်ခြင်း ဖြစ်နိုင်တယ်။ သတိလစ်ခြင်းက အနည်းငယ် ကြာရှည်နိုင်တယ်။ လူတစ်ဦး နဲ့တစ်ဦး အခြေအနေချင်း မတူညီ နိုင်ဘူး။ ရုတ်တရက် ကျန်းမာရေးအရေးပေါ်ဖြစ်လို့၊ အသက်ရှူရပ်သွားရင်၊ သွေးခုန်နှုန်းနိမ့်ကျသွားတတ်လို့ လိုအပ်တဲ့ကုသမှု ခံယူရပါမယ်။ လူတစ်ယောက် သတိလစ်နေရင် အသက်ရှူလမ်းကြောင်း ဖွင့်ထားရမယ်။ လျှာမကိုက်မိအောင် လက်ကိုင်ပုဝါကြားခံထားရမယ်။ သွားတုများ၊ အံကပ်များ၊ တံတွေး၊ သွေးခဲများ ထုတ်ယူပစ်ရမယ်။ အသက်ရှူအားကူနည်းနဲ့ လေတဝရှူပြီးပါးစပ်နဲ့တေ့မှုတ်ခြင်း၊ အောက်ဆီဂျင်ပေးခြင်း တွေပြုလုပ်ပေးနိုင်တယ်။ အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကိုစောင့်ကြည့်ရမယ်။ အရေးပေါ်နံပါတ်(၁၉၉)ကို ဖုန်းဆက်ရမယ်။ သွေးခုန်နှုန်းနည်းခြင်း၊ အသက်ရှူမမှန်ခြင်း၊ တစ်မိနစ်အတွင်း သတိမလည်ခြင်း၊ အသက်ရှူ ခက်ခဲခြင်းတို့ရှိရင် အရေးပေါ်ဖုန်းနံပါတ်ကို ဆက်သွယ်ရမယ်။

ပထမသူနာပြုစုခြင်းမှာ အသက်ရှူမှန်စေရမယ်။ အသက်မရှူရင် (CPR) နည်းနဲ့ အသက်ရှူနိုင်အောင် ဆောင်ရွက်ရမယ်။ အသက်ရှူလာရင် ထိခိုက်ဒဏ်ရာတွေ ရှိမရှိကြည့်ကာ အရိုးကျိုးမှုတွေ့ပါက မရွေ့ လျားနိုင်ဖို့ ယာယီပတ်တီး၊ အောက်ခံအမာနဲ့ စည်းပေးထားရမယ်။ ထိခိုက်ဒဏ်ရာကြောင့် သွေးထွက်လွန်မှုမရှိစေဖို့ ဒဏ်ရာရဲ့အထက်မှာ ပတ်တီးချည်နှောင်ခြင်း၊ မရွေ့ နိုင်အောင် တင်းတင်းချည်ခြင်းပြုရမယ်။

အသက်ရှူအားကူနည်း (CPR) ဆိုတာ ကျောရိုးမဒဏ်ရာမရှိသူမှလွဲရင် ဒူးနဲ့တံတောင်ကွေး နိုင်သမျှကွေးရမယ်။ လူနာရဲ့ ရင်ဘတ်မှာ ကူညီသူူရဲ့ လက်ကိုတင်ကာ ဖိလိုက်ခွာလိုက်လုပ်ရမယ်။ ဒူးခေါင်းကို လက်မောင်းရင်းအထိ ဆွဲယူပြီး လေတဝရှူကာ မှုတ်သွင်းပေးနိုင်တယ်။ (သို့) အောက်ဆီဂျင်ပေးနိုင်တယ်။ စက္ကန့်တိုင်း (၂) ကြိမ် လုပ်နိုင်တယ်။ လေရှူပေါက်ဖွင့်ထားရမယ်။ အသက်ပြင်းပြင်းရှူကာ လူနာပါးစပ်ကိုတေ့ပြီး မှုတ်ပေးကာ အသက်ပြန်ရှူလာအောင် လုပ်ရမယ်။ အရေးပေါ်ကားရောက်လာရင် ကျွမ်းကျင်သူထံ စနစ်တကျလွှဲပြီး ဆေးရုံပို့ပေးရမယ်။

ဒေါက်တာသက်လွင်(ပြည်သူ့ကျန်းမာရေး)

Health Care