အဓိကအနေနဲ့ အစားအသောက်တွေ စားတဲ့နေရာမှာ ကယ်လိုရီတွက်ပြီးစားဖို့ အရမ်းအရေးကြီးပါတယ်။ တကယ်တမ်း အဲ့လိုကယ်လိုရီတွက်ပြီး စားတတ်ရင် အစားအသောက် အရမ်းလျှော့စရာမလိုဘဲ ကိုယ်အလေးချိန် လျှော့ချလို့ရပါတယ်။

Breakfast (မနက်စာ)

-မနက်စာကို အဆီထုတ်ထားတဲ့ နွားနို့ဖန်ခွက်တစ်ခွက် (200 ml) နဲ့ ပေါင်မုန့်မီးကင်နှစ်ချပ် စားပေးပါ။

Lunch (နေ့လယ်စာ)

-နေ့လယ်စာကို အရွက်ကြော် (မုန့်ညှင်း၊ ကန်စွန်း၊ ပာင်းနုနွယ်၊ မုန်လာဥနီ) ထမင်းစားပန်ကန်လုံး နှစ်လုံးစာနှင့် ထမင်းမစားဘဲ မနေနိုင်ပါက တရုတ်ထမင်း ပန်းကန်လုံးတစ်ဝက် စားပါ။

Dinner (ညနေစာ)

-ညနေစာအတွက်ကတော့ အရွက်သုပ်(Salad) တစ်ခုခု (ဆီလုံးဝမပါ/ Mayonnaise လုံးဝမပါတာ) စားပါ။

အသီးအရွက်တွေမှာ အမျှင်ဓါတ် (Fibre) ပါဝင်မှုများတဲ့အတွက် ဝမ်းမချုပ်စေတဲ့အပြင် သွေးတွင်း ကိုလက်စထရောကိုပါ ကျစေပါတယ်။ တစ်ခုရှိတာက အသီးအရွက်စားတဲ့အခါမှာ ပါဝင်တဲ့ အာပာရတွေ ပြည့်ပြည့်ဝဝရစေဖို့ အပူပြင်းပြင်းပေးပြီးချက်တာ၊ အချိန်အကြာကြီး ပြုတ်တာမျိုးတွေကို ရှောင်ကြဉ်ရပါမယ်။

ဒေါက်တာ ညီညီကျော်

Health Care