၁။ အမျှင်ဓါတ်

၂။ ဗီတာမင် A

၃။ ဗီတာမင် B6

၄။ ဗီတာမင် B12

၅။ ဗီတာမင် C

၆။ ပိုတက်ဆီယမ် (Potassium)

၇။ ကယ်လဆီယမ် (Calcium)

၈။ သံဓါတ်

၉။ မဂ္ဂနီဆီယမ် (Magnesium)

၁ဝ။ ဖော့လစ်အက်ဆစ်

၁၁။ ဖော့စဖောရပ် (Phosphorus)

၁၀၀ဂရမ် (သုံးမွှာခန့်) တွင်

၁။ ကယ်လိုရီ – ၁၄၇ ကယ်လိုရီ

၂။ ကာဗိုဟိုက်ဒရိတ် – ၂၇ ဂရမ်

၃။ ပရိုတင်း – ၁.၅ ဂရမ်

၄။ အဆီ – ၅ ဂရမ်

၅။ ဆိုဒီယမ် – ၂ မီလီဂရမ်

၆။ ပိုတက်ဆီယမ် – ၄၃၆ မီလီဂရမ်

ပိုတက်ဆီယမ် (Potassium) ပါဝင်မှုများတဲ့အတွက် ကျောက်ကပ် ရောဂါဝေဒနာရှင်များ သတိထား စားဖို့တော့လိုပါတယ်။

Glycemic Index (သကြား ပါဝင်မှု) မြှင့်တဲ့အတွက် ဆီးချို ရောဂါဝေဒနာရှင်များလည်း သတိထား စားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားပါ။

ဒူးရင်းသီးစားရင်ဘာတွေ ကောင်းပြီး ဘာတွေမကောင်းဘူး လဲ

၁။ ဒူးရင်းသီးမှာ အမျှင်ဓါတ် များတဲ့အတွက် ဝမ်းပုံမှန် သွားစေပါတယ်။

၂။ ကယ်လဆီယမ်(ထုံးဓါတ်) နဲ့ မဂ္ဂနီဆီယမ်ဓါတ်တို့ပါဝင်တဲ့ အတွက် အရိုးကျန်းမာရေးအတွက်  ကောင်းမွန်ပါတယ်။

၃။ သံဓါတ်နဲ့ ဖောလစ် အက်ဆစ်ပါတဲ့အတွက် သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။

၄။ အခြားသော ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်တဲ့ အတွက် ကင်ဆာဓါတ်တိုးဆန့်ကျင် သတ္တိရှိပြီး ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ အိပ်မပျော်တဲ့ ရောဂါ (Insomnia) ကို သက်သာစေခြင်း – ဒူးရင်းသီးမှာပါတဲ့ Tryptophan က ခန္ဓာကိုယ်ထဲမှာ Serotonin အဖြစ် ပြောင်းလဲ သွားပြီး သွေးထဲ သို့ Melatonin ထွက်စေပြီး အိပ်ပျော်စေပါတယ်။

ဒူးရင်းသီးစားရင် သွေးတိုးတယ်ဆိုတာ မှန်ပါသလား?

တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ်များတဲ့ အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါ တယ်။ ဒါပေမယ့် သူ့ကို သွေးကျတယ်ဆိုပြီး အများကြီးမစားသင့်ပါ။ ဒူးရင်းသီး ၅ဝဝ ဂရမ် ၁၅ မွှာခန့် စားမိပါက ပိုတက်ဆီယမ်ဓါတ်တွေ အရမ်းများသွားပြီး နှလုံးခုန်နှုန်းတွေ အရမ်းမြန်လာတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါရှိတဲ့သူတွေ အနေနဲ့ကတော့ သုံး၊လေးမွှာထက် ပို မစားသင့်ပါ။ ဒီအပြင် ဆီးချိုသမားတွေမှာလည်း သကြားဓါတ်ပါဝင်မှု့များတဲ့အတွက် မစားသင့်တဲ့ အသီးထဲမှာပါပါတယ်။

ဒါဆို စားပြီးရင် ဘာလို့ အိပ်ငိုက်လာလဲ၊ ခေါင်းမူးလာလဲ ?

ဒါကတော့ ဒူးရင်းသီးမှာ အဆီဓါတ်အရမ်းများလို့ပါ။ စားပြီးတာနဲ့ အဆီဓါတ်တွေ ခန္ဓာကိုယ်ထဲ ရောက်လာပြီး အိပ်ငိုက်စေပါ တယ်။

ဒူးရင်းသီးကို ဘာနဲ့ တွဲမစား သင့်ဘူးလဲ?

၁။ ကော်ဖီ နဲ့ တွဲမစားသင့်ပါ။ ကော်ဖီမှာပါဝင်တဲ့ Caffeine ဓါတ်က ရင်တုန်စေသလို၊ ဒူးရင်းသီးမှာ ပါတဲ့ ပိုတက်ဆီယမ်ကလည်း ရင်တုန်စေတဲ့ အတွက် တွဲဖက် မစားသုံးသင့်ပါ။

၂။ အရက်၊ ဘီယာနဲ့ တွဲဖက် မစားသင့်ပါ။ ဒူးရင်းသီးမှာ ပါဝင်တဲ့ Sulphur နဲ့ အရက်တို့ ဓါတ်ပြုကာ လူကိုဒုက္ခပေးနိုင်ပါတယ်။

ဒေါက်တာညီညီကျော်

Health Care