– ဖြစ်စတွင် ဒူးခေါင်း၌ စူးရှသော နာကျင်မှုခံစားရခြင်း

– ထိခိုက်မိပြီးမကြာမီ ဒူးခေါင်းရောင်လာခြင်း၊ အညိုအမည်းစွဲခြင်း

– ဒူးခေါင်းတွင် ပြင်းထန်စွာ တစစ်စစ် နာကျင်ကိုက်ခဲခြင်း (လမ်းလျှောက်/လှေကားထစ်တက်သည့်အခါ နာကျင်မှု ပိုမိုဆိုးရွားခြင်း)

– လှေကားဆင်းသည့်အခါ ယိမ်းယိုင်နေခြင်း၊ ခြေတစ်ဖက်ထောက်၍ မြဲမြံစွာမရပ်နိုင်ခြင်း

– ထိခိုက်ထားသောဒူးကို ထိကြည့်ပါက နာကျင်ခြင်း၊ ပူနွေးသကဲ့သို့ခံစားရခြင်း (ဒူးဆစ်အတွင်း သွေးထွက် နေခြင်းကြောင့်ဖြစ်သည်)

– ဒူးပြန်ဖြောင့်ရန် ခက်ခဲခြင်း

– ဒူးအောက်ပိုင်းတလျှောက် ထုံနေသကဲ့သို့ ခံစားလာရခြင်း

ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို မကုသဘဲထားပါက နာကျင်ရောင်ယမ်းမှုသည် ရက်သတ္တပတ်အနည်းငယ်အကြာတွင် သက်သာပျောက်ကင်းသွားနိုင်သော်လည်း ဒူးမတည်ငြိမ်မှုမှာ ဆက်လက်ကျန်ရှိနေနိုင်သည်။ ယင်းအခြေအနေ ကြောင့် လှေကားအတက်/အဆင်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်း စသည့် သာမန်လုပ်ငန်း ဆောင်တာများ ပြုလုပ်ရာတွင် ခက်ခဲမှုများနှင့် ရင်ဆိုင်လာရနိုင်သည်။

Dr. Ye Khine Oo

Health Care