မြန်မာနိုင်ငံတွင် လတ်တလော အခြေခံလူတန်းစားများအကြား နာမည်ကြီးနေသော တရုတ်မှထုတ်သည့် အရိုးနာနှင့် ခါးနာလိမ်း ဆေးသည် ပိုးကောင်တစ်မျိုးမှ ထုတ်လုပ်ထားပြီး အရေပြားပါးသူများ လိမ်းပါက အရေပြားတွင် မီးလောင်နာကဲ့သို့သော အဖုများ ဖြစ်စေသဖြင့် သတိပြုသုံးစွဲရန် ထိုင်ဝမ်တွင်နေထိုင်သူတစ်ဦးက Health Care ဂျာနယ်သို့ ပြော ကြားသွားသည်။

အဆိုပါ ဆေးအမည်မှာ “ချုံချောင်”ဟုခေါ်ပြီး ရေခဲ တောင်တွင်နေသော ပိုးကောင်တစ်ပိုင်း သစ်ပင်တစ်ပိုင်း ရှီးပဒီးကောင် ၏အဆီဖြင့် ဖော်စပ်ထားသည်ဟု ဆေးဘူးတွင် ရေးသားထားသည်။

သုံးစွဲသူတို့ကမူ ဆေးရည်တစ်စက်ကို နာသည့်အပေါ်တွင်လိမ်းပြီး လက်ဖြင့်အုပ်ထားပါက သက်သာ သည်ဟု ပြောကြသည်။ ထိုင်ဝမ်တွင် နေထိုင်သူတစ်ဦးက ရှီးပဒီး ဆိုတာ အရမ်းရှားပြီး အရမ်းဈေး ကြီးတဲ့ နှင်းတောင်တွေမှာနေတဲ့ အကောင်ဖြစ်တယ်။

မြန်မာပြည်မှာ ဆေးရောင်းဈေးက ၃၅၀ဝ ကျပ် ဆိုတော့ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစား ကြည့်ကြပေါ့။ တရုတ်မှာတော့ ဒီ ဆေးက တော်တော်ကို ဈေးပေါ တယ်။ တစ်ပုလင်းမှ ၂ ယွမ်လောက် ရှိတယ်ဟု ပြောပြသည်။ အချို့ကမူ အဆိုပါဆေးသည် ပူတာအိုဖက်မှ ထုတ်ခြင်းဖြစ်ကြောင်း ပြောကြား ကြသလို FDA အနေဖြင့် အဆိုပါ ဆေးကို စစ်ဆေးပြီး သုံးစွဲသင့်မသင့် ကြေညာပေးသင့်ကြောင်း ပြောဆို လျက်ရှိသည်။

Health Care