နားကပ်မဖောက်သူတွေအတွက် သည်လိုဆိုးကျိုးတွေ မရနိုင်ပါဘူး။ တစ်ခါတစ်ရံ နားကပ်ဖောက်တာဟာ ခံရခက်ပြီး အမာရွတ်ထင်ကျန်ရစ်တယ်။ အစပိုင်းမှာတော့ နားပေါက်အသေးလေးတွေကနေ အမာရွတ်ထင်ခြင်း၊ အရေပြားပြဿ နာဖြစ်ခြင်းတို့ နည်းပါးပါတယ်။

အရေပြားဖောက်တဲ့အခါ၊ ရောဂါပိုးများ ဝင်ရောက်နိုင်မှု၊ အ မာရွတ်ထင်ကျန်မှု၊ အရေပြားဓာတ် မတည့်မှုနဲ့ အခြားအရေပြားပြဿနာတွေရှိပါတယ်။ နားကပ်ဖောက်ခြင်းရဲ့ လက္ခဏာများ၊ ဖြစ်စဉ်များနဲ့ သည်လိုမဖြစ်ပွားရအောင် ရောဂါပိုးဝင်ရောက်မှု ရပ်တန့်သွားအောင် လုပ်ဆောင်ရမှာတွေရှိပါတယ်။

ယခုအခါ ခေတ်ယဉ်ကျေးမှု အရ ကျားမမရွေး၊ နားဖောက်ခြင်း၊ မျက်နှာအလှဆင်ခြင်း၊ နှာခေါင်းမှာ ရတနာတပ်ဆင်ခြင်းတို့ ပြုလုပ်လာ ကြတယ်။ ဦးစွာ အပေါက်ဖြစ်သွား ပြီး တပ်ဆင်ချင်တဲ့ ပစ္စည်း၊ ရတနာ၊ စတီး (သို့) ဖန်စီပစ္စည်းတွေတပ် ဆင်ကြတယ်။ အချို့က မတူညီတဲ့ နေရာ အများအပြားအပေါက် ဖောက်ပြီး မျက်နှာကို အလှဆင်တယ်။ အချို့က ရတနာ၊ ရွှေ၊ ငွေ ဆင်တယ်။ အပေါက်ဖောက်ပြီး နေ ရာကို စနစ်တကျ ကျန်းမာစောင့် ရှောက်မှုပေးသင့်တယ်။ အချို့က ပေါက်သွားတာနဲ့ တပ်ဆင်မယ့် ပစ္စည်းတစ်ပါတည်းတပ်ပေးလိုက် လို့ ဓာတ်မတည့်မှုတွေဖြစ်လာ တယ်။ အချို့ အပ်မသန့်လို့ ကူးစက် ရောဂါ၊ အနာများဖြစ်လာနိုင်တယ်။ ခန္ဓာကိုယ်အတွင်း အန္တရာယ်ဧရိ ယာခေါ်တဲ့ မျက်ခုံးနှစ်ဖက်မှ ပါး စပ်ကို ဆွဲချလို့ရတဲ့ တြိဂံပုံဧရိယာ ဟာ အတွင်းရောဂါပိုးဝင်ရင် ဦး နှောက်ထဲ အလွယ်တကူ ရောက်ရှိနိုင်လို့ နားဖောက်ခြင်း အပါအဝင်၊ မျက်နှာအပေါက်ဖောက် အလှဆင် လုပ်ရာမှာ အထူးသတိထားရှိဖို့လို အပ်လာပြီပဲဖြစ်တယ်။ အနိမ့်ဆုံး အနာ မရင်းအောင်၊ ရောဂါပိုးမဝင် အောင် ပဋိဇီဝဆေးနဲ့ အကိုက်အ ခဲဆေးကို ပြည့်စုံလုံလောက်အောင် သောက်သွားဖို့လိုလာပါ တယ်။ ဒါမှမဟုတ်ရင်တော့ မိသားစုဆရာဝန်ရဲ့ အကြံဉာဏ်ကို ရယူသင့်ပါတယ်။

ဒေါက်တာသက်လွင်

(ပြည်သူ့ကျန်းမာရေး)

Health Care