ဖိစီးမှုဆိုတာဘာလဲ။
စိတ်ရောဂါအစဉ်အလာတွင် ဖိစီးမှုကို အဓိကအားဖြင့် နှစ်မျိုးတွေ့ရတယ်။ ဆုံးရှုံးမှုကြောင့်ဖြစ်လာတဲ့ဖိစီးမှု – ကိုယ်ချစ်တဲ့သူ၊ အလုပ်အကိုင်။ လူတစ်ယောက်ရဲ့ ရည်မှန်းချက်ဟာ မဖြစ်နိုင်လောက်အောင် မြင့်မားရာမှ မိမိကိုယ်မိမိ တန်ဖိုးထားမှုနဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖိစီးမှု – လူတစ်ဦးရဲ့ ဂုဏ်ဒြပ်၊ ရည်မှန်းချက်တွေ၊ ကျန်းမာရေးနဲ့ လုံခြုံမှုတို့ဖြစ်ကြတယ်။ ဒီလို ဖိစီးမှုမျိုးတွေဟာ စိတ်ဓာတ်ကျတာ (သို့) ဗျာပါရများ (သို့) နှစ်ခုစလုံးတို့ကို ဖြစ်ပေါ်စေတယ်။

လူတစ်ယောက်ရဲ့ဘဝမှာ ဖိစီးမှုအများဖြစ်တဲ့ ကာလတစ်ခုရှိသလား။
ကာလတစ်ခုချင်းဆီမှာ သူ့ဟာသူ ဖိစီးမှုတွေရှိကြတယ်။ ငယ်စဉ်ဘဝမှာဆိုရင် သူရဲ့ အနီးကပ်မိသားစုအဖွဲ့၊ ကျောင်းက လိုအပ်ချက်တွေကိုလည်း ဖြေရှင်းရတယ်။ ဆရာမရဲ့ ပင်ကိုယ်စရိုက်နဲ့ အခြားကလေးတွေအပေါ် လိုက်လျောညီထွေနေထိုင်ရတာဟာ အလွန်ဖိစီးမှုရှိတဲ့အပြင် အရွယ်ရောက်လာတဲ့ အခါမှာလည်း ယောကျ်ားလေး၊ မိန်းကလေး ဆက်ဆံရေးပြဿနာမှာလည်း ဖိစီးမှုရှိတယ်။ ဒါ့အပြင် ကောလိပ်တက်ချိန် ပညာရေးဖိစီးမှုနဲ့ အလုပ်အကိုင်ရွေးရာမှာလည်း ဖိစီးမှုတွေက ရှိလာပြန်တယ်။ ကော လိပ်ပြီးသွားပြန်တော့လည်း အများစုအတွက် အိမ်ထောင်ရေးရဲ့ ကနဦးနှစ်တွေမှာ ပြဿနာတွေရှိလာ ပြန်တယ်။ ဒီကိစ္စတွေကလည်း ပေါ့သေးသေးမဟုတ်ဘူး။ စောစီးစွာ ကွာရှင်းပြတ်စဲမှုအထိ ဖြစ်သွားနိုင်တယ်။ သားသမီးရဖို့အတွက် အမျိုးသမီးတွေမှာ ပြဿနာရှိလာနိုင်သလို အမျိုးသားတွေအတွက်ကလည်း အလုပ်အကိုင်နဲ့ ပတ်သက်လို့ ပြဿနာတွေ စောစီးစွာပေါ်လာတတ်တယ်။
ကဏ္ဍတစ်ခုချင်းစီမှာ ဖိစီးမှုရဲ့ နိမိတ်လက္ခဏာတွေဟာ ဘယ်လိုကွာခြားသလဲ။
ပြင်ပကအနေနဲ့ ဘယ်လိုဖိစီးမှုပဲဖြစ်ဖြစ်၊ တကယ့်နိမိတ်လက္ခဏာတွေဟာ တူနိုင်တယ်။ လူတွေဟာ စွဲလန်းတာတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ အရက်(သို့) အခြားတုံ့ပြန်မှု စတဲ့ပြဿနာတွေအပေါ် လူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တုံ့ပြန်တတ်ကြတဲ့သဘောရှိကြတယ်။

ကိုယ်တွင်းကိုယ်ပအနာတွေရော ဖြစ်လာနိုင်သလား။
ဟုတ်ပါတယ်။ ကိုယ်တွင်းကိုယ်ပအနာတွေဟာ ဘယ်အဆင့်မျိုးမှာမဆို ဖြစ်ပေါ်လာနိုင်တဲ့ နိ မိတ်လက္ခဏာဖြစ်တယ်။ ကလေးတွေမှာတောင် တွေ့နိုင်တယ်။ ဒါပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ် တွင်းကိုယ်ပအနာရဲ့ ပင်ကိုယ်စရိုက်ကတာ့ အလယ်အလတ်တန်းစား စီမံခန့်ခွဲရေးအရာရှိ အဆင့်တွေမှာ ဖြစ်တတ်တယ်။ သူ့မှာ ပြင်ပအလုပ်အကိုင် ဖိအားတွေရှိသလို ပိုပြီးအရေးကြီးတာက တိုးတက်မှုအတွက် အတွင်းကဖြစ်ပေါ်လာတဲ့ ဖိအားပေးမှုတွေဖြစ်တယ်။ ဒီလူမျိုးဟာ သူ့အလုပ်အကိုင် ပိုကောင်းမွန်ဖို့အတွက် သူ့ကိုယ်သူ မညှာမတာရုန်းကန်လှုပ်ရှားတယ်။ အောင်မြင်မှုအဆင့်တစ်ခုကို အဲဒီသူဟာ ရောက်သွားရင်လည်း သူ့ရဲ့ရည်မှန်းချက်အဆင့်ကို ထပ်မြှင့်လိုက်တာကြောင့် ဘယ်တော့မှပြီးတယ်လို့ မရှိဘူး။
စောစီးစွာအိမ်ထောင်ကျတာနဲ့ မိခင်ဘဝရဲ့ ဖိစီးမှုတွေဟာ ဘာလဲ။
မိခင်ငယ်တစ်ယောက်အနေနဲ့ ရင်ဆိုင်ရတတ်တာက “အပေး အယူ”မညီမျှမှုပဲ။ ဒီနှစ်တွေမှာ အိမ်မှုအလုပ်နဲ့ ကလေးတွေ ကြီးပြင်းလာအောင်ကျွေးမွေးစောင့်ရှောက်ရတဲ့အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတာဟာ သူကျောင်းတက်တုန်းက ရရှိခဲ့တဲ့ ကျေနပ်မှုတွေနဲ့စာရင် မတန်ဘူးလို့ သူ့အနေနဲ့ထင်နိုင်တယ်။ အဲဒီအချိန်မှာပဲ သူ့ခင်ပွန်းဟာ သူ့အလုပ်မှာ နစ်မြုပ်နေရတာကြောင့် ဇနီးသည်ကို ပံ့ပိုးမှုအနည်း အကျဉ်းသာပေးနိုင်တယ်။

လူတွေကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကိစ္စအချို့တွေဟာ ဘာလဲ။
စိတ်တစ်ထင့်ထင့်ဖြစ်စေတဲ့ အကြောင်းတွေကို မလုပ်ဘဲနေတဲ့ ရိုးစင်းတဲ့ လုပ်နည်းအချို့တွေလည်း ရှိတယ်။ ဥပမာ – လူငယ်တစ်ယောက်ဟာ အထီးကျန်အဖော်မဲ့တဲ့အချိန်နဲ့ ကြုံကြိုက်တဲ့အခါ သူ့အနေနဲ့ အင်မတန်ဆိုးရွားတယ်လို့ ထင်နိုင်တယ်။ သူတစ်ယောက်ထဲ ဒီလိုခံစားမှုဖြစ်နေတယ်လို့ယုံကြည်ကာ သူ့ အနေနဲ့ ဘာမှမလုပ်နိုင်ပဲ ဒီအထီးကျန် အဖော်မဲ့မှုဟာ အမြဲဖြစ်နေမယ်လို့ သူကထင်တယ်။ နောင်တွင် ဒီလိုအထီးကျန်အဖော်မဲ့တာ မျိုးထပ်ဖြစ်လာရင် အရင်က ဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ မှတ်ဉာဏ်ရဲ့ နောက်တွင် ပျောက်သွားတယ်ဆိုတာက ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ယန္တရားဖြစ်လာနိုင်တယ်။ ဒီ ယောကျ်ားလေးအနေနဲ့ အရင်ကပြဿနာကို မခံချိမခံသာဖြစ်စေခဲ့တဲ့ အဓိပ္ပါယ်ကောက်လွဲတာတွေနဲ့ ခဲျ့ကားတာတွေကို အလိုလိုက်မှာ မဟုတ်တော့ဘူး။

အသက်အရွယ်ပိုကြီးတဲ့လူကကော ဘယ်လိုလဲ။ ဥပမာ – အလယ်အလတ်ဆင့် စီမံခန့်ခွဲအရာ ရှိတစ်ယောက်အနေနဲ့ကော သူတိုးတက်ချင်သလောက် မတိုးတက်တဲ့အပေါ် ဖြစ်လာတဲ့ အားမလို အားမရ ဖြစ်တာကို ကိုင်တွယ်ဖြေ ရှင်းလာနိုင်မလား။
သူ့ပြဿနာက လူတစ်ယောက်ရဲ့ မိမိကိုယ်အပေါ် တန်ဖိုးထားတာဟာ သူဘယ်လောက် ရှာဖွေနိုင်တယ်ဆိုတဲ့ အယူအဆရဲ့ ရလဒ်ပဲဖြစ်တယ်။ အောင်မြင်မှုနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့သဘောထားကို သူ့အနေနဲ့ လုပ်ယူနိုင်ရင် ရည်မှန်းချက်အပေါ် ကြိုးပမ်းမှုကြောင့်ဖြစ်လာတဲ့ ဖိစီးမှုကို သိပ်ကြီးခံစားရမှာ မဟုတ်ဘူး။ စိတ်တထင့်ထင့်ဖြစ်နေတဲ့ အလယ်အလတ်တန်း စီမံခန့်ခွဲအရာရှိကို သူ သိပ်ကြိုးစားလွန်းနေတယ်လို့ ရိုးစင်းစွာအသိပေးလိုက်ရုံပဲ။

ဖိစီးတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာကတော့ ဒီလူဟာ သူ့အခြေအနေအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ မမြင်ဘဲ လွတ်သွားတာဖြစ်နိုင်တယ်။ တိကျတဲ့ ပြင်ပအကြောင်းတစ်ခုက ဖိစီးမှုကိုဖြစ်စေခဲ့ရင် ဖော်ထုတ်ပြီး အခက်အခဲမရှိဘဲ ကိုင်တွယ်ဖြေရှင်းနိုင်လို့ရမလား။
အမြဲတော့မရဘူး။ တစ်ချို့ ပြင်ပအခြေအနေတွေဟာ တစ်ဖြည်းဖြည်းနဲ့ ဖြစ်လာတတ်ကာ တစ်စုံတစ်ခုက ဘွားကနဲပေါ်လာစေတော့မှသာ သိသာနိုင်တယ်။ ဥပမာတစ်ခုပေးရရင် အရင်ကလို ခင်ပွန်းက ချစ်မပြဘူးလို့ခံစားနေရပြီး စိတ်အားငယ်နေတဲ့ ဇနီးသည်လိုပေါ့။ အမှန်ကတော့ သူ့အပေါ် ခင်ပွန်းဖြစ်သူက သစ္စာမရှိဘူးလို့ သံသယဝင်နေတာဖြစ်တယ်။ ဒါကို ခင်ပွန်းက ငြင်းခဲ့ပေမယ့် တစ်နေ့မှာ ခင်ပွန်းက တကယ်ဖောက်ပြန်နေတာကို ဇနီးကအသေအချာသိခဲ့တဲ့နောက်ပိုင်းတွင် “ပွင့်ပွင့် လင်းလင်း”ချဲခဲ့ပြီးနောက်မှာ ဒီပြဿနာကို ဇနီးဖြစ်သူက ဖြေရှင်းနိုင်ခဲ့တယ်။

သားသမီးတွေ ကြီးလာတဲ့အခါ စိတ်အားငယ်တာနဲ့ ပူပန်သောကရောက်တာတွေမှ ကာ ကွယ်နိုင်ဖို့မိဘတွေအနေနဲ့ဘာလုပ်နိုင်လဲ။
သားသမီးတွေကို ချစ်ခင်မှုများများပေးနိုင်တာကောင်းပါတယ်။ ဒါပေမယ့် အဲဒါဟာ မလုံလောက်သေးဘူး။ နေ့စဉ်လိုအပ်တဲ့ ချစ်ခင်မှုကိုရရှိကာ သားသမီးအတော်များများဟာ ကောင်းမွန်စွာနဲ့ သန်သန် မာမာဖြစ်လာနိုင်ပါတယ်။ သူတို့ အမှန်တကယ်လိုအပ်တာကတော့ သူတို့ ငယ်သေးတဲ့အခါတွင် ပြဿ နာအမျိုးမျိုးတို့ကို ရင်ဆိုင်ရတဲ့ အခွင့်အလမ်းရကာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ဖြစ်တယ်။ မိဘတွေအနေနဲ့ အချိန်မတန်သေးဘဲ ဝင်ရောက်စွက်ဖက်ရင် ကလေးကို ပြဿနာတွေအတွက် ခံနိုင်စွမ်းအားရှိဖို့ တားဆီးသလို (သို့) ပြဿနာဖြေရှင်းနိုင်တဲ့ ယန္တရားတွေရရှိဖို့အတွက် အဟန့်အတားဖြစ်စေတယ်။

မိသားစုဝင်တစ်ယောက် ဖိစီးမှုဖြစ်နေတာကို သူကိုယ်တိုင် သတိမထားမိပေမယ့် တခြားလူတွေကတော့ သိနေတယ်။ ဒါဟာ အဲဒီ မိသားစုဝင်ကို စိတ်ရောဂါအထူးကု ဆရာဝန်နဲ့ ပြဖို့လိုနေပြီလား။
မဟုတ်ပါဘူး။ ကောင်းတဲ့ ဆေးစစ်မှုခံယူတာဟာ ပုံမှန်လုပ် ထုံးလုပ်နည်းပဲ။ လူနာရဲ့စိတ်အတွင်း ပူပန်မှုတွေ (သို့) ခံစားမှုတွေကို ဆရာဝန်ကို ပြောပြလို့ရတဲ့ အခွင့်အလမ်းတစ်ခုပဲ။ အများအားဖြင့် ဆရာဝန်က လူနာကို ကိုယ်တိုင်အကောင်အထည်ဖော်နိုင်တဲ့ ယေဘုယျအကြံ ပေးစကားတွေကို ပြောပေးနိုင်တယ်။ ဒီလိုအခြေအနေမျိုးနဲ့ မရနိုင်တော့တဲ့ ကိစ္စတွေကိုသာ စိတ်ရောဂါဆိုင်ရာ အထူးဂရုစိုက်ဆောင်ရွက် ရမှာဖြစ်တယ်။

မောင်ချမ်းသာ

Health Care