ဗီတာမင်အေရဲ့ မှန်ကန်တဲ့ပမာဏဟာ ကောင်းမွန်တဲ့ အရေ ပြား၊ စွမ်းအားကောင်းတဲ့ မျက်စေ့ အမြင်နဲ့ ကျန်းမာတဲ့ ကိုယ်ခံအား စနစ်တို့ကို ပံ့ပိုးပေးနိုင်တယ်။ သို့ သော် ဗီတာမင်အေ သိပ်များများသုံးစွဲတဲ့ အမျိုးသမီးတွေဟာ တင်ပါး ရိုးကျိုးခြင်းအန္တရာယ်ကို ရင်ဆိုင်ရနိုင်ကြောင်း သုတေသနတစ် ခုက အကြံပြုတယ်။

တိရစ္ဆာန်တွေနဲ့ လေ့လာရေး များတွင် ဗီတာမင်အေ အမျိုးအစား  (Rentinol) ရီတီနိုလ်က အရိုးဖွံ့ဖြိုးမှု ကို နှေးကွေးစေနိုင်တယ်လို့ တွေ့ရ တယ်။ ဒါကြောင့် Harvard Medical School မှသုတေသီတွေ က Medical မှ အမျိုးသမီး ၇၂၃၃၇ ဦးတွင် အတိုင်းအချင့်နဲ့ ဗီတာမင်တွေစားတဲ့ အဆင့်တွေကို စစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြတယ်။ အမျိုးသမီးတွေ ဗီတာ မင်အေစားသုံးမှုနဲ့ ၎င်းတို့ရဲ့ တင်ပါးရိုးကျိုးခြင်း ဖြစ်နိုင်ခြေကို ဆရာဝန်တွေက နှိုင်းယှဉ်ကြည့်ရာ ရီတီနိုလ်ကို တစ်နေ့လျှင် ၂ဝဝဝ မိုက်ခရိုဂရမ် သုံးစွဲသူတွေဟာ တင်ပါးကျိုးခြင်း ဖြစ်နိုင်ခြေ နှစ်ဆ နီးပါးပိုများကြောင်း တွေ့ရှိတယ်။

ရီတီနိုလ်ကို အသည်း၊ အာ ဟာရဖြည့်ထားတဲ့ကောက်နှံနဲ့ ဗီတာမင် မျိုးစုံပါ အားဆေးမှာ တွေ့နိုင်တယ်။ ထိုအားဆေးတွင် အကြံပြုထားတဲ့ နေ့စဉ်သုံးစွဲရမည့်ပမာဏ ၇ဝဝ မိုက်ခရိုဂရမ်ထက် နှစ်ဆ ပါဝင်တယ်။ လေ့လာရေးကို ရေးသားသူတစ်ဦးဖြစ်သော ကူးစက် ရောဂါပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်း ဆိုင်ရာပညာရှင် “ဒိုင်တင်ဖက်စ် ကာနစ်ချ်” က ဘေးကင်းရေးအ တွက် ဘီတာကာရိုတင်းပုံစံနဲ့ ဗီတာမင်အေ အချို့ပါတဲ့ ဆေးပြားကို ရှာဖွေရန် အကြံပြုတယ်။ ပံ့ပိုးပေး တာ လျော့နည်းသွားသောအခါ ခန္ဓာကိုယ်က ဘီတာကာရိုတင်းကို ဗီတာမင်အေ သို့ ပြောင်းပေးတဲ့ အတွက် သင်ဟာ မတော်တဆ သိပ်လွန်သွားမှာဖြစ်ဖို့ အလား အလာ နည်းသွားတယ်။

နှင်းအေးဝေ

Health Care