ပြီးခဲ့တဲ့တနင်္ဂနွေက  မရောက်တာကြာခဲ့ပြီဖြစ်တဲ့ ပုဂ္ဂလိက ဆေးရုံဘက်ကို ရောက်ဖြစ်ခဲ့ပြန်ပါတယ်။ အကြောင်းကတော့ မိခင်ကြီး ရုတ်တရက် နာမကျန်းဖြစ်ပြန်တာကြောင့်ပါ။ ဟိုရောက်တော့ သက်ဆိုင်ရာ ဆရာဝန်ကြီးနဲ့ပြ ထုံးစံအတိုင်း အီးစီဂျီကအစ အာထရာ ဆောင်းအဆုံး သွေးစစ်ဆီးစစ်တွေ လုပ်ရမယ်ဆိုတဲ့အကြောင်း ဆရာဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင် ဆေးတစ်လုံးသွင်းရမယ် သွင်းရမယ့်ဆေးက (၃)(၄) နာရီလောက် ကြာမယ့်အပြင် တနင်္လာနေ့မှာ ပြန်ပြရမယ် လို့ဆိုတာကြောင့် ဆေးရုံမှာပဲ တစ်ရက်လောက်နေဖို့ မောင်နှမတွေအားလုံး တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြပါ တယ်။

တကယ်တော့ လွန်ခဲ့တဲ့(၄)နှစ် ကျော်(၅)နှစ်ကတည်းက နာမကျန်းဖြစ်နေခဲ့တဲ့ မိခင်ကြီးဟာ အဲ့ဒီကာလအတွင်းမှာ ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေဘက်ကို အကြိမ်ပေါင်းများစွာ တက်ရောက်ကုသမှုခံယူခဲ့ပြီးသူဖြစ်သလို တက်တဲ့အကြိမ်တိုင်း မှာလည်း ထူးမခြားနား ဆေးစစ်မှုတွေကို ခံယူခဲ့ရဖူးသူဖြစ်ပါတယ်။ တစ်ခါတစ်ရံ နေထိုင်မကောင်းဖြစ်တာကြောင့် ကြားထဲမှာ ဆရာဝန်နဲ့ သွားပြခဲ့ရတဲ့အကြိမ်တွေကိုပါ ထည့်တွက်ရင် မရေမတွက်နိုင်အောင် များနေခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်းပဲ တစ်လကနေ နှစ်လ၊ သုံးလလောက်လေး ခြားသွားပြီဆိုတာနဲ့ အစအဆုံး ဆေးပြန်စစ်နေရတာ ဓမ္မတာ တစ်ခုလို ဖြစ်နေခဲ့တာပါ။ အမှန်အတိုင်းဝန်ခံရရင် မိခင်ကြီးကို သူ့သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကိုယ်တိုင်က လက်လျှော့ ထားတာကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ မိသားစုဝင်တွေ အားလုံးက တော်ရုံနာမကျန်းဖြစ်ရုံလောက်နဲ့ ဆေးရုံ ဆေးခန်းဘက် မသွားဖို့ကို ဆုံးဖြတ်ထားခဲ့ကြပြီး ဒီတစ်ကြိမ်ကတော့ မိခင်ကြီးကိုယ်တိုင်က သက်ဆိုင်ရာ ဆရာဝန်ကြီးနဲ့ တစ်ခေါက်လောက် ပြန်ပြချင်တယ်လို့ တောင်းဆိုလာတာကြောင့် သွားခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက် တည်းက ဘယ်ဆရာဝန်နဲ့မှ မပြတော့ဘဲ အိမ်မှာပဲ သွေးကျဆေးနဲ့ အားဆေးလေးတွေ မှီဝဲရင်း ကံပေးတဲ့အသက်နဲ့ လူ့ဘဝမှာ ဆက်လက်နေထိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ အသည်းနဲ့ ပတ်သက်ပြီး အပြင်းစားရောဂါဝေဒနာတစ်ခုကို ခံစားနေရသူ တစ်ယောက်ဆိုပါတော့။

အတိုချုပ်ရရင် အဲ့ဒီနေ့က ဆရာဝန်ပြသပြီး လက်တွန်းလှည်းနဲ့ အခန်းထဲကထွက်လာတော့ သူနာပြုမလေးတစ်ယောက်က လိုက်တွန်းပေးပါတယ်။ ဓာတ်လှေခါး အပေါက်ဝရောက်တော့ သူက လူနာနဲ့ စာရေးသူကို ဒီနားမှာ ခဏစောင့်နေဆိုပြီး အောက်ကို ဆင်းသွားပါတယ်။ ဒါနဲ့ပဲ စာရေးသူလည်း ဓာတ်လှေခါးနားမှာရှိတဲ့ ခုံတန်းလေးပေါ်ထိုင်ပြီး စောင့်နေတုန်း (၅)မိနစ်လောက်နေတော့ တခြားသူနာပြုဆရာမလေးတစ် ယောက် ရောက်လာပါတယ်။ သူက ဘာပြောလဲဆိုတော့ ဒီမှာဘာလုပ် နေတာလဲတဲ့၊ ဒါနဲ့ပဲ စာရေးသူက သမီးတို့ဆီက ကောင်မလေးတစ် ယောက် တွန်းလာတာ၊ ဆေးသွင်းရ မယ်ပြောတယ်၊ အခုတော့ သူ အောက်ခဏ ဆင်းသွားတယ်ဆို တော့ ဘာမှမပြောဘဲ ပြန်လှည့်  ထွက်သွားပါတယ်။ နောက် (၁၀)မိနစ်လောက်ကြာတော့ အဲ့ဒီကောင် မလေးပဲ နောက်တစ်ခေါက် ပြန် ရောက်လာပြီး ဒီမှာ ဘာလုပ်နေတာ လဲ ဆရာဝန်လာတော့မယ် ဓာတ် လှေကားအဝမှာ ပိတ်နေလို့ မရဘူး လို့ ဆိုပါလေရော။ သူပြောတဲ့ ပုံစံက လူနာကိုဆက်ဆံတဲ့ ပုံမ ဟုတ်ဘဲ မသိရင် စာရေးသူတို့ကပဲ ဓာတ်လှေကားအဝမှာ တမင်ပိတ် ထိုင်နေတဲ့ပုံစံမျိုးပါ။ ဒါနဲ့ပဲ စာရေး သူလည်း တော်တော်ဒေါသထွက် သွားမိပြီး ဟဲ့ . . . အဲ့ဒါ ငါတို့ကို မေးရမှာမဟုတ်ဘူး။ နင်တို့ဆီက ဝန်ထမ်းက ဒီမှာစောင့်နေဆိုပြီး ပြောလို့ ဒီမှာနေနေတာ၊ ဆေးသွင်း ဖို့စောင့်နေတာလို့ အသံမာမာနဲ့ ပြောတော့ တစ်ခုခု ပြန်ပြောချင်တဲ့ ပုံပါပဲ၊ အဲ့ဒီအချိန်မှာပဲ ဓာတ်လှေ ကား တံခါးပွင့်လာပြီး ဆရာဝန်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ယောက် ထွက်လာကာ ဘာများအဆင်မပြေ ဖြစ်လို့ပါလဲလို့ ဆိုပါတယ်။ ဒါနဲ့ စာ ရေးသူလည်း အကြောင်းစုံ ပြော လိုက်တော့မှ အော်ဆောရီးနော် သမီးတို့က သေချာလုပ်မှပေါ့လို့ ဆို လိုက်မှပဲ ပြဿနာက ရှေ့ဆက်မဖြစ် တော့တာပါ။

ဆိုရရင် အဲ့ဒီနေ့က ရောက်ပြီး သိပ်မကြာဘူး သွေးပေါင်ချိန် ပါတယ်။ အောက်သွေးက (၃၀)ပဲရှိတယ်ဆိုပြီး နောက်တစ်ခေါက် ထပ်ချိန်ပါတယ်။ ဟင် ဒီအတိုင်းပဲ ဆိုပြီး တခြားသူနာပြုအမျိုးသား တစ်ယောက်နဲ့ အမျိုးသမီးတစ် ယောက်ကို ပထမချိန်တဲ့ ကောင်မ လေးက သွားခေါ်လာပြီး ချိန်ခိုင်း ပါတယ်။ သူတို့နှစ်ယောက်ရောက် လာပြီး ချိန်တော့ သွေးပေါင်ချိန်က ၄၀ကျော်လို့ ဆိုပြန်ပါတယ်။ တစ် မိနစ်မပြည့်ခင်မှာပဲ ပြောင်းလဲ သွားတဲ့ အပြောင်းအလဲပါ။ သွေး ပေါင်ချိန်တယ်ဆိုတာ တစ်ယောက် နဲ့တစ်ယောက် စက်တစ်ခုနဲ့တစ်ခု မတူနိုင်ဘူးဆိုတာ စာရေးသူ နား လည် လက်ခံပြီးသားပါ။  သို့သော် လည်းပဲ ပထမတစ်ခါချိန်တဲ့ သူနာ ပြုမလေးအနေနဲ့ သွေးပေါင်ချိန်တာ လောက်ကိုတော့ ယုံကြည်မှု ပြည့်ဝ စွာနဲ့ အပေါ်သွေး ဘယ်လောက်၊ အောက်သွေးဘယ်မျှ ဆိုတာမျိုးကို တော့ ရဲရဲဝံ့ဝံ့ပြောကြားရဲတဲ့ အတွေ့ အကြုံမျိုး ရှိဖို့ကောင်းတယ်လို့ စာ ရေးသူကတော့ သုံးသပ်ချင်တာ ပါပဲ။ သွေးပေါင်ချိန်တာလေး တစ်ခုကိုတောင် ယုံကြည်လို့မရတဲ့ သူနာပြု တစ်ယောက်အပေါ်မှာ လူနာတွေက ဘယ်လိုပုံစံနဲ့ ယုံ ကြည်ရမလဲဆိုတာ တော်တော်လေး စဉ်းစားစရာကောင်းတယ်လို့ စာ ရေးသူကတော့ ဆိုချင်တာပါပဲ။ ထို နည်းတူစွာပဲ သွေးပေါင်ချိန်တောင် ကောင်းကောင်း မချိန်တတ်ဘူးလို့ ယူဆရတဲ့ သူနာပြုတွေနဲ့ လည်ပတ်နေတဲ့ ဆေးရုံတစ်ခုမှာ ကိုယ့်လူနာကို ဘယ်လိုပုံစံမျိုးနဲ့ ယုံကြည်စွာ အပ်နှံ ဆေးကုသမှုခံယူရမလဲဆိုတာ ကလည်း တွေးကြည့်ရင် ရင်လေးစရာပါ။

သို့သော်လည်းပဲ စာရေးသူတို့ဆီက နာမကျန်းဖြစ်သူ အများစုကတော့ တစ်ချို့သော အဲ့ဒီလို ဆေးရုံမျိုးတွေကို မျက်စေ့စုံမှိတ် အားကိုးနေရဆဲပဲဖြစ်ပါတယ်။ အားမကိုးလို့လဲ မရပါဘူး။ ကိုယ့်လူနာကို ကုသနေတဲ့ သက်ဆိုင်ရာ ဆရာဝန် ကြီးထိုင်တဲ့ ဆေးခန်းတွေကို လူနာက လိုက်နေရတာကိုး။ တစ်လောလေးဆီက နေပြည်တော်မှာနေတဲ့ တူမတစ်ယောက် မျက်စိပျက် မျက်နှာပျက်နဲ့ ရန်ကုန်ကို ရောက်လာပါတယ်။ အကြောင်းကတော့ နေပြည်တော်မှာရှိတဲ့ ဆေးရုံတစ်ခုက ရင်သားမှာ အကျိတ်တွေ့တယ် ခွဲရမယ်။ ပိုက်ဆံ သိန်း ဆယ်ဂဏန်းလောက်ကုန်မယ်လို့ ဆိုတာကြောင့် ခွဲခြင်းခွဲရင် ရန်ကုန်မှာပဲခွဲတော့မယ်ဆိုပြီး ဒီက ဆရာဝန်ကြီး တစ်ယောက်နဲ့လာပြတာပါ။ ဒီရောက်လို့ စမ်းသပ်လိုက်တော့ ဘာအကျိတ်မှ မရှိပါဘူး။ ဒါပေမယ့် ဒီပြဿနာက ပြီးမသွားပါဘူး။ တစ်ယောက်က အကျိတ်ရှိတယ်ပြောတယ်။ နောက် တစ်ယောက်က မရှိဘူး ပြောတယ်။ ဘယ်ဟာကိုယုံရမှာတုန်း၊ မရှိရင် အကြောင်းမဟုတ်ရှိနေရင် ဘယ်လိုတွေ လုပ်ကြမတုန်းဆိုပြီး ဘန်ကောက်ဘက်ထွက် ဆေးစစ်တော့မှပဲ ဘာအကျိတ်မှ မရှိဘူးဆိုပြီး အဲ့ဒီ တူမမှာ စိတ်ဒုန်းဒုန်း ကျနိုင် ပါတော့တယ်။ ဆိုတော့ကာ စာရေးသူတို့ဆီမှာ အထက်ကလိုအဖြစ်မျိုးတွေ ဖြစ်နေတာဟာ တော်တော်လေး ကြာနေခဲ့ပြီဖြစ်ပါတယ်။ အရင်ကလည်း ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့သလို လူတိုင်းနီးပါးအတွက်လည်း ကြားဖူးနေကြ သမရိုးကျ ဇာတ်လမ်းတွေလို ဖြစ်နေခဲ့တာပါ။ သို့သော်လည်းပဲ ပြောင်းလဲသွားပြီ လား ဆိုတော့လည်း ဒုံရင်းက ဒုံရင်းအတိုင်းပဲ ဖြစ်နေလေတော့ကာ ဘာတွေကို ဘယ်လိုယုံကြည်ရမယ် မှန်းတောင် မပြောတတ်တော့လောက် အောင်ပါပဲလို့ ဟစ်ေြွကးရင်း ဒီတစ်ပတ်နားခွင့်ပေးပါဦး။

ဦးမျိုးကြီး

Health Care