ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမြောက်အများ ထုတ်လုပ်ရောင်းချလျက်ရှိသည့် ဘီယာနှင့်ဝိုင်များကို ပေါင်းခံ သန့်စင်ရာ၌ အသုံးပြုသော  သဘာဝတွင်းထွက်ကျောက်များသည် ခဲ၊ အာဆင်းနစ်၊ ကက်ဒမီယံကဲ့သို့ အဆိပ်အတောက်ဖြစ်စေသော သတ္တုများပါဝင်မှုမြင့်မားခြင်းကြောင့် လူသားတို့၏ကျန်းမာရေးအတွက် ဘေးဥပါဒ်များ ဖြစ်လာစေနိုင်ကြောင်း အမေရိကန်နိုင်ငံရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သတိပေးချက်ထုတ်ပြန်ထားသည်။

ဘီယာနှင့်ဝိုင်အများစုကို ပေါင်းခံသန့်စင်ရာ၌ အသုံးပြုသော Diatomaceous earth အမည်ရှိ သဘာဝ တွင်းထွက်ကျောက်အမျိုးအစားသည် အာဆင်းနစ်သတ္တုပါဝင်မှုပမာဏ ရှစ်ဆအထိပိုများနိုင်ခြင်းကြောင့် ရေရှည်သောက်သုံးသူများအတွက် အဆိပ်သင့်မှုအန္တရာယ်နှင့် ကြုံလာရနိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန် FDA မှ ကျန်းမာရေးသုတေသီများသည် နိုင်ငံတကာတွင် လူကြိုက်များရေပန်း စားနေသော ဘီယာ၊ ဝိုင်နီနှင့် ဝိုင်ဖြူများ၏ အဆိပ်သင့်သတ္တုပါဝင်မှုကို သုတေသနပြုလုပ်ခဲ့ကြပြီး လေ့လာတွေ့ရှိခဲ့မှုကို “Agricultural and Food Chemistry” ဂျာနယ်၌ ပုံနှိပ်ဖော်ပြထားသည်။

ခန္ဓာကိုယ်တွင် အာဆင်းနစ်သတ္တုအဆိပ်သင့်ခြင်းကြောင့် အော့အန်ခြင်း၊ ဗိုက်နာ/ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း၊ အရေပြားတွင် အမည်းကွက်များထွက်ခြင်း၊ အရေပြား၊ ဆီးအိမ်နှင့် အဆုတ်ကင်ဆာရောဂါများဖြစ်ပွားနိုင်သည့်အပြင် ပြင်းထန်ပါက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ကြောင်း သိရသည်။

Dr.YKO

Health Care