ကင်ဆာရောဂါတစ်မျိုးကတော့ ထိပ်တန်းသတင်းတွေအနေ နဲ့ အပါနည်းတတ်တယ်။ ဟုတ်ပါတယ်။ သုတ်ရည်ဂလင်းကင်ဆာ ကို လူတွေပြောဆိုလေ့သိပ်မရှိကြပါဘူး။ ဒါပေမယ့် ဒီအန္တရာယ်ပြုနိုင်တဲ့ရောဂါဟာ ဇနီးသည်တွေကို မုဆိုးမအများဆုံးဖြစ်စေတဲ့ရောဂါ ဖြစ်တယ်။ ဒီရောဂါဟာ အမျိုးသား တွေကို ဝင်ငွေအများဆုံးရှာနိုင်တဲ့ အချိန်တွေ၊ အငြိမ်းစားယူတဲ့အချိန်တွေမှာ ဖြစ်လေ့ရှိတယ်။ အလောင်းတွေကို ခွဲစိတ်စစ်ဆေးမှုတွေရဲ့ သုံး သပ်ချက်တွေအရ အသက်(၅ဝ)ကျော် အမျိုးသားကိုးယောက်မှာ တစ်ယောက်ဟာ သုတ်ရည်ဂလင်း ကင်ဆာရောဂါရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ အဖြစ်များလာတတ်တယ်။ အသက်(၇ဝ)ကျော် လာရင် အမျိုးသားတစ်ဝက်ကျော်မှာ ဒီရောဂါဖြစ်တတ်တယ်။

စိတ်ပျက်စရာအလွန်ကောင်းပါတယ်။ ပိုပြီး စိတ်ပျက်စရာကောင်းတာကတော့ လုံးဝ မလိုအပ်ဘဲဖြစ် တာကြောင့်ပဲဖြစ်တယ်။ ကင်ဆာရောဂါတွေထဲမှာ ဒီကင်ဆာရောဂါဟာ တွေ့ရှိဖို့နဲ့ ကုသလွယ်တဲ့ ရောဂါမျိုးဖြစ်တယ်။ ညိုမည်းတဲ့ အရောင်ရှိပြီး သစ်ကြားသီးအရွယ်ခန့်ရှိတဲ့ သုတ်ရည်ဂလင်းဟာ ဆီးအိမ်ရဲ့ လည်ပင်းနေရာမှာရစ်ပတ် ကာ ဆီးအိမ်ပြွန်ထဲ ဝင်သွားတယ်။ သုတ်ရည်ဂလင်းဟာ အမျိုးသားလိင်တန်ဆာပလာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ သူ့အလုပ်ကတော့ သုတ်ပိုးဆဲလ်တွေဆီ စွမ်းအင်ပို့ပေးတဲ့သုတ်ရည် အဓိကပံ့ပိုးတာပဲဖြစ်တယ်။

ဆီးပြွန်က လုံးလုံးလျားလျား ရစ်ပတ်ထားတဲ့အတွက် အခက်အခဲများစွာကို ဖြစ်စေတဲ့ အကြောင်းရင်းလည်းဖြစ်တယ်။ ကင်ဆာရောဂါကြောင့် ကြီးလာနိုင်သလို၊ ကူးစက်ရောဂါဖြစ်ကာ ရောင်ယမ်းလာနိုင်တဲ့အပြင် ပြည်တည်အိတ်တွေရဲ့ဒဏ်ကိုလည်း ခံရတတ်တယ်။ အကြောင်းရင်းကို ရှာမရဘဲ ကြီးလာတာတွေလည်း ဖြစ်တတ်တာကြောင့် အသက်(၅ဝ)ကျော်အမျိုးသားတွေရဲ့ တစ်ဝက်ကျော်ကို အခက်အခဲ ဖြစ်စေတယ်။

ရောင်ယမ်းမှုဟာ ဘေ့စ်ဘော အရွယ်လောက်ရှိလာတဲ့အခါတွင် သုတ်ရည်ဂလင်းဟာ ရော်ဘာအသွင်ရှိတဲ့ ဆီးပြွန်ကို ဆိတ်ကိုက်တဲ့ ပုံစံဖြစ်ပေါ်လာတာကြောင့် စီးဆင်းမှုကို အဟန့်အတားဖြစ်စေ (သို့) လုံးဝရပ်သွားစေတယ်။ အများအားဖြင့် ဆီးအိမ်ထဲမှာရှိနေတဲ့ အရည်ဟာ ရောဂါပိုးဝင်လာတယ်။ ဒီလိုမဟုတ်ရင်လည်း ကျောက်ကပ် တွေဆီပြန်ရောက်သွားနိုင်ပြီး ဆီးပြွန်လမ်းကြောင်းမှာ အဆိပ်ဖြစ်စေတယ်။

ယေဘုယျအားဖြင့် သုတ်ရည်ဂလင်းဟာ ဖြစ်လာတော့မယ့် အန္တရာယ်ကို ကြိုတင်အသိပေးတာ မျိုးမရှိဘူး။ ဥပမာ – စောစောဖြစ်တဲ့ ကင်ဆာရောဂါမှာ နာကျင်တာ၊ စိတ်ညစ်ရတာ၊  သွေးယိုစီးမှုတွေမရှိဘူး။ အဲဒါကြောင့်လည်း ရောဂါနိမိတ်တွေ ပေါ်လာတဲ့အခါမှာ အမျိုးသား(၂ဝ)ယောက်တွင် (၁၉)ယောက်တို့ဟာ ခွဲစိတ်ကုသမှုအတွက် အောင်မြင်စရာအကြောင်း မရှိတော့ဘူး။ ဒီအချိန်တွင် ကင်ဆာရောဂါဟာ ခန္ဓာကိုယ်ရဲ့အခြား နေရာတွေဆီ ပျံနှံ့သွားပြီဖြစ်တယ်။

ဝေဒနာရှင်အတော်များများတို့မှာ ကင်ဆာရောဂါဟာ ဖြည်းဖြည်းချင်း ဖြစ်ပွားလာတာဖြစ်တယ်။ ဒီသေစေနိုင်တဲ့ရောဂါအတွက် အချိန်ကြာမြင့်စွာ ယူနေချိန်မှာပဲ ဝေဒနာရှင်ဟာ အခြားရောဂါတစ်ခုခု နဲ့ သေသွားနိုင်သလို ကြီးထွားမှုဟာ အချိန်အနည်းငယ်အတွင်းမှာ  အလွန်မြန်ဆန်စွာဖြစ်ပေါ်လာကာ လပိုင်းအချိန်အတွင်းမှာပင် ဝေဒ နာရှင်ကို သေသွားစေနိုင်တယ်။

သုတ်ရည်ဂလင်း ကင်ဆာရောဂါတွေဟာ နိမိတ်မပြဘဲ အလွန်အချိန်နှောင်းတော့မှ ကုသလို့ မရနိုင်ဖြစ်ပေမယ့် တွေ့ရှိနိုင်ဖို့ ရိုးစင်းတဲ့လုပ်ရပ်ဖြင့် သိရှိနိုင်ပါတယ်။ စအိုဝကို စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် သိနိုင်ပါတယ်။ သုတ်ရည်ဂလင်းဟာ စအိုလမ်းကြောင်းနဲ့ဆက်စပ် နေပါတယ်။ ကံကောင်းတာတစ်ခုကတော့ ကင်ဆာရောဂါတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဂလင်းရဲ့အနောက်ဘက်မှာဖြစ်ပွားပြီး လက်နဲ့စမ်းကြည့်လို့ရနိုင်တယ်။ သုတ်ရည်ဂလင်းကို ပုံမှန်စမ်းသပ်မှုမလုပ်တာဟာ ကိုယ်ခန္ဓာစမ်းသပ်မှုတွေထဲမှာ မဖြစ်သင့်တဲ့ကိစ္စပဲဖြစ်တယ်။ ဆရာဝန်တွေနဲ့ ဝေဒနာရှင်အားလုံးတို့ကို ကသိကအောက်ဖြစ်စေတဲ့ ဒီစအိုကို စစ်ဆေးဖို့ ပျက်ကွက်ခြင်းဟာ စစ်ဆေးမှုတွေရဲ့ တစ်ဝက်နီး ပါးလောက်ရှိတယ်။ ဒီလုပ်ရပ်ဟာ ဒီရောဂါကို အောင်မြင်စွာကုသနိုင် ဖို့ မျှော်လင့်ချက်ရှိတာပဲဖြစ်တယ်။ ဒီလိုစစ်ဆေးမှုကို ရှောင်ရှားဖို့ထက် အမျိုးသားတွေအနေနဲ့ အလေး အနက်တောင်းဆိုရမှာဖြစ်တယ်။

လူလားမြောက်ချိန် (Puberty)မှာ သုတ်ရည်ဂလင်းဟာ သေးတယ်။ မြုံနေတယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် သုတ်ရည်ဂလင်း ကြီးထွားမှုဟာ ဝှေးစေ့တွေကထုတ်လုပ်တဲ့ ယောကျ်ားဟော်မုန်းတွေ အပေါ်မှာ မူတည်တယ်။ သုတ် ရည်ဂလင်းကင်ဆာဟာလည်း ဟော်မုန်းဓာတ်အာဟာရပြည့်မှုပေါ်မှာ မူတည်တဲ့သဘောပဲ။

ဒါဆိုရင် အဓိကပံ့ပိုးမှုကို ရပ်လိုက်တဲ့အခါ ဘာဖြစ်မလဲလို့ မေးစရာရှိတယ်။ ဒါကို နည်းနှစ်မျိုးထဲက တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးစလုံးကို အသုံးပြုပြီး လုပ်နိုင်တယ်။ ဝှေးစေ့တွေကို ဖယ်ရှားပစ်လိုက်ခြင်း (သို့) အမျိုးသမီးဟော်မုန်းတွေနဲ့ ယောကျ်ားဟော်မုန်းတွေကို ပျောက်သွားအောင်လုပ်တာပဲဖြစ်တယ်။ ဒီနည်းနှစ်မျိုးစလုံး အသုံးပြုတဲ့အခါမှာလည်း ရလဒ်ကောင်းတာကို တွေ့ရတယ်။

ဟော်မုန်း ဘုံဘိုင်ခေါင်း၊ အမျိုးသမီးဟော်မုန်းဆေးကျွေးပြီး ပိတ်ပစ်လိုက်တဲ့အခါ ဝေဒနာရှင်တွေရဲ့ တုန့်ပြန်မှုမှာ အလွန်အံ့သြဖွယ်တွေ့ရတယ်။ မော်ဖင်းထိုး ပြီး နာကျင်မှုကို ထိန်းသိမ်းထားရာ မှ နာကျင်မှုဟာပျောက်သွားတယ်။ အချိန်အနည်းငယ်သာ အသက်ရှင်မယ့် ဝေဒနာရှင်အတော်များများ တို့ဟာ နလန်ထူလာပြီး အလုပ်တွေ ပြန်ဆင်းလို့ရလာတယ်။ ကင်ဆာရောဂါတွေဟာလည်း သိသိသာသာ ကျုံ့သွားတာကို တွေ့ရတယ်။ ဒီလို အကျိုးတွေရဖို့ ယောကျ်ားဂလင်း တွေသုံးမှု၊ သွားမှုဟာ ထေမိတယ် လို့ ဝေဒနာရှင်အများက လက်ခံ ကြတယ်။ ဒီလိုကုသမှုကို ခံယူရတဲ့ ဝေဒနာရှင်တွေဟာ ငါးနှစ်အထက် အသက်ရှင်ပြီး နေထိုင်သွားကြတာကိုတွေ့ရတယ်။

ဓာတ်ရောင်ခြည်ကုသမှုကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာတဲ့အခါမှာလည်း သုတ်ရည်ဂလင်းကင် ဆာရောဂါဝေဒနာရှင်တွေကို အထောက်အကူပြုတာကို တွေ့ရတယ်။ ဆရာဝန်အတော်များများ တို့ဟာ အကျိုးဖြစ်ထွန်းသလောက် ဓာတ်ရောင်ခြည်ကုသမှုကို သုံးပြီးတဲ့အခါ၊ ဟော်မုန်းကုသမှုနဲ့ ချဉ်းကပ်ကြတယ်။ တစ်ချို့ကလည်း နည်းနှစ်မျိုးစလုံးကိုပေါင်းပြီး ကုသတာမျိုးတွေလည်းရှိတယ်။ အမျိုးသား (၁ဝ)ယောက်မှာ (၇)ယောက် တို့ဟာ ခွဲစိတ်ကုသမှု မျှော်လင့်ချက် ကင်းခဲ့ရာမှ အသက်ရှင်ခဲ့ပြီး ငါးနှစ်နဲ့အထက် နေသွားရတဲ့သာဓက တွေလည်းရှိတယ်။

တစ်နှစ်ကိုနှစ်ကြိမ်မျှ တစ်မိ နစ်ကြာ စစ်ဆေးမှုခံယူတာမျိုးဟာ အမြဲတစေ စိတ်ဆင်းရဲပြီး သေဆုံး သွားတာထက်စာရင် အင်မတန်မှ လုပ်ကိုလုပ်သင့်တဲ့ စစ်ဆေးမှုပဲဖြစ်တယ်။

မောင်ချမ်းသာ

Health Care