ဥရောပစောင့်ကြည့် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်မှ ၃၉ နှစ်ကြား အမျိုးသားများ၏ ၃ဝ ရာခိုင်နှုန်းမှာ အရက်သောက်သူများဖြစ်ပြီး ထိုနှုန်းမှာ အဆက်မပြတ် တိုးလာနေကြောင်း သိရသည်။

အင်္ဂလန်အခြေစိုက်ဈေးကွက် သုတေသနကုမ္ပဏီတစ်ခုကလည်း မြန်မာသည် အာရှတွင် အရက်သောက်နှုန်း တရှိန်ထိုးတက်လာသည့် နိုင်ငံဖြစ်ကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြည်တွင်းဘီယာလုပ်ငန်းရှင်များကလည်း ပြည်တွင်းဈေးကွက်တွင် ဘီယာအရောင်းမှာ နှစ်စဉ် ၉ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း တက်နေသည်မှာ သုံးနှစ်ဆက်တိုက်ရှိ ပြီဖြစ်ကြောင်း ပြောပြသည်။ မြနမာနိုင်ငံတွင် အရက်နှင့် ဘီယာသောက်သုံးသည့် အချိုးမှာ ၅ း ၁ ရှိ ကြောင်းလည်း လုပ်ငန်းရှင်တစ်ဦးက ဆက်လက်ပြောပြသည်။

ပြည်တွင်းတွင် အရက်အပေါ် အခွန်အကောက်တိုးမြှင့် ကောက်ခံသည့်တိုင် မြန်မာနိုင်ငံသည် အရက်ဈေးအပေါဆုံး နိုင်ငံများစာရင်းတွင် ပါဝင်ဆဲဖြစ်သည်ကလည်း ထူးခြားကြောင်း လေ့လာသူတစ်ဦးက ပြောသည်။ ပြည်ပအရက်များကို တင်သွင်းရာတွင် ကန့်သတ်ထားမှုများရှိသော်လည်း ပြည်ပ ထုတ်အရက်များသည် တရားမဝင် လမ်းကြောင်းများမှ ဝယ်ယူသည့် ဈေးကွက်လိုအပ်ချက်ကို ဖြည့် ဆီးပေးနိုင်နေသဖြင့် အာမခံချက် လည်းမရှိ အခွန်အကောက်လည်း မရသော မှောင်ခိုဈေးကွက်အစား သက်ဆိုင်ရာထုတ်လုပ်သည့် ပြည်ပကုမ္ပဏီများမှ တရားဝင်ကိုယ်စားလှယ်ရသူများကို တရားဝင် တင်သွင်းခွင့်ပြုသင့်ကြောင်း သူ၏အမြင်ကို ပြောပြသည်။ လက်ရှိတွင် ပြည်ပထုတ်အရက်များဖြစ်သော ရဒ်လေဘယ်၊ ဘလက်လေဘယ်၊ ဟိုက်ကော်မရှင်နာတို့မှာ ပြည်တွင်း တွင်အတုများထုတ်လုပ်နေပြီး အရက်ဈေးကွက်တွင် အဆိုပါ အရက်တုများကလည်း ၃ဝ ရာခိုင်နှုန်းကျော် နေရာယူထားကြောင်းလည်း အရက်ရောင်းချနေသူတစ်ဦးက ပြောသည်။

အချို့ဘားများမှာ ပြင်ပအရက်များကို ယူလာခွင့်မပြုဘဲ အပြင်တွင် လေးသောင်းခန့်သာပေးရသည့် အရက်ကို ကျပ်တစ်သိန်းကျော်ပေးပြီး ပုလင်းဖောက်ရသော်လည်း ထိုအရက်အများစုမှာ အာမခံချက်မရှိသော အရက်တုများဖြစ်နေသည်ဟု ဘားများသို့ သွားရောက်လေ့ရှိသူတစ်ဦးက ပြောသည်။ မြန်မာ ဆင်းရဲသားများသည် ကွာလတီနိမ့်သော ပြည်တွင်းအရက်ကိုသောက်ကြပြီး ပြည်ပ အထူးသဖြင့် အိမ်နီး ချင်းထိုင်းမှသွင်းလာသော ဈေးပေါသည့်အရက်များကို သောက်ကြသည်။ အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် အရက်နှင့်နှီးနွယ်သော ရောဂါသည်များ များပြားလာနေပြီး အများစုမှာ အသည်းရောဂါဖြင့် အရွယ်မတိုင်မီသေဆုံးနေရကြောင်းလည်း သိရသည်။

 

Health Care Journal အတွဲ(၉)၊ အမှတ်(၂၀)