ကမ္ဘာအနှံ့ မှိုနှစ်ခြိုက်သူတွေ ရှိပါလိမ့်မယ်။ မှိုမှာ အာဟာရပြည့်ဝစွာပါဝင်ပြီး အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာရှိပါတယ်။ ဆဲလ်တွေရဲ့ကျန်းမာရေးကို ကာကွယ်ပေးနိုင်တယ်။

သုတေသီတွေက မှိုစားသုံးခြင်းဟာ ခုခံအားကျဆင်းမှုကိုကာကွယ်ပေးနိုင်တယ်လို့ဆိုတယ်။ မှိုကကိုယ်တွင်းအာဟာရဓာတ် ကိုညှိပေးတယ်။ အချို့မှိုတွေက ကမ္ဘာဦးကာလကစပြီး ယနေ့ထက်တိုင် စားသောက်နိုင်ပြီး အချို့မှိုတွေကတော့ ကမ္ဘာဦးအစကနေ ယနေ့တိုင် ‘အဆိပ်’ အဖြစ်ရှိနေဆဲပဲဖြစ်တယ်။ ဟင်းသီးဟင်းရွက် အနွယ်တွေပါပဲ။ မှိုတွေဟာ ဖန်းဂတ် (Fungus) အနွယ်ဝင်ဖြစ်ကာ တိရစ္ဆာန်နဲ့ လူတွေလိုပဲ ဇီဝနာမည်ရှိကြ ပါတယ်။

စားသောက်နိုင်တဲ့မှိုတွေဟာ ထွန်ယက်စိုက်ပျိုးခြင်းနဲ့ ပြုစုစိုက်ပျိုးရတာရှိသလို သဘာဝအတိုင်း ပေါက်ကြတာရှိကာ အမျှင်ဓာတ်၊ အင်တီအောက်စီးဒင့်၊ ပရိုတိန်း၊ ဗီတာမင်သက်စောင့်ဓာတ်နဲ့ သတ္တု ဓာတ်စုံလင်စွာပါဝင်ပါတယ်။

ယခုသုတေသနသစ်အရ သဘာဝအစားအစာဖြစ်တဲ့မှိုဟာ အယ်လ်ဇိုင်းမားရောဂါကို တားဆီးပေးနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကြတယ်။

လူတစ်ယောက်အနေနဲ့ သက်ကြီးရွယ်အိုကာလတွေမှာ အသိဉာဏ်လျော့သွားပြီး ကြိုတင်ကာကွယ်နည်းလမ်း မရှိသေးတဲ့ အယ်လ်ဇိုင်းမားရောဂါခံစားရနိုင်ပါတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ်မှ သုတေသီတွေက မှိုစားသုံးခြင်းအပေါ် အမြင်တစ်ခုတင်ပြထားရာ မှိုက ဦးနှောက်ကျန်းမာရေးကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုတယ်။ ယခု လေ့လာမှုသစ်ကို ဆက်ပြီးလေ့လာသွားဖို့တော့လိုပါဦးမယ်လို့ သုတေသီတွေက ပြောခဲ့ပါတယ်။

ဒီတွေ့ရှိမှုကို “ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) ”ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားပါတယ်။

ဒေါက်တာသက်လွင် ( ပြည်သူ့ကျန်းမာရေး )

Health Care

LEAVE A REPLY

Please enter your comment!
Please enter your name here