– ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။

– နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့်နှာခေါင်းကို လုံအောင် အုပ်ပါ။

– နှာချေ၊ ချောင်းဆိုးပြီးချိန်နှင့် ရောဂါလက္ခဏာရှိသူများအား ထိတွေ့ကိုင်တွယ်ပြီးချိန်တိုင်း လက်ကို ရေနှင့်ဆပ်ပြာတို့ဖြင့် စင်ကြယ်စွာဆေးကြောပါ။

– တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် နီးကပ်စွာနေထိုင်ခြင်း၊ လူထူထပ်သော နေရာများသို့သွားလာခြင်းတို့ကို ရှောင်ကြဉ်ပါ။

– လုံလောက်စွာအနားယူပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးပါ။

ရာသီတုပ်ကွေးရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် ကုသမှုခံယူပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Health Care