ကျန်းမာရေးနဲ့ပတ်သက်ပြီး ငယ်ငယ်တည်းက ဆောင်ရန်ရှောင်ရန်တွေ လေ့လာထားတယ်လို့ဆိုလာတာကတော့ LGBT တွေကြား ရေပန်းစားနေတဲ့ မေသစ္စာမောင်ပါပဲ။ သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့အယူအဆတစ်ချို့ကို ခုလိုပြောပြလာပါတယ်။

HC: ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘဝရဲ့ခံယူချက်ကိုပြောပြပါဦး။

Ans: ကျန်းမာရေးက ဘဝမှာ အရမ်းအရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေလုပ်နိုင်မယ်။ ကိုယ်စားချင်တာစားနိုင်မယ်ဆိုတော့ ကျန်းမာရေးကအရမ်းအရေးကြီးပါတယ်။

HC: ကိုယ်တိုင်ရော ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုဂရုစိုက်ဖြစ်လဲ။

Ans: ကိုယ်တိုင်လည်း ကျန်းမာရေးကိုဂရုစိုက်တယ်…ကိုယ်ကငယ်ငယ်တည်းက မိန်းကလေးလိုပဲနေလာတော့ အသားအရေအတွက်ရော၊ ခန္ဓာကိုယ်အတွက်ရော ဂရုစိုက်တယ်။ အဓိကတော့ အစားအသောက်ကို အရမ်း ဂရုစိုက်တယ်။ ဆေးတွေဆိုလည်း ယောကျ်ားလေးဟော်မုန်းဆေးတွေ မိန်းကလေးဟော်မုန်းဆေးတွေ လိုတာတွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်တယ်။ မိုးလင်းတာနဲ့ ရေများများသောက်တယ်။ အသားအရေ အတွက်ရော ခန္ဓာကိုယ်အတွက်ပါ ရေဓာတ်ဖြည့်တဲ့အနေနဲ့ပေါ့။ ကျန်တာတော့ပုံမှန် Skin Care သုံးတယ်။

HC: ရင်သားဆီလီကွန်ထည့်ထားတော့ ကျန်းမာရေးအတွက်အဆင်ပြေရဲ့လား။

Ans: ဆီလီကွန်စထည့်ခါစမှာတော့ အတွင်းထဲမှာပုပ်သွားတော့အဆင်မပြေဘူး။ ဒါပေမယ့် ဆရာဝန်နဲ့သေချာတိုင်ပင်တယ်။ ပြန်ပြပြီးတော့ စစ်ဆေးတယ်။ ဆေးခန်းသေချာပြရတယ်။ အခုတော့အဆင်ပြေသွားပါပြီ။

HC: Sex ပြောင်းမယ့်အစီအစဉ်ရှိတယ်ဆိုတာလေး ပြောပြပါဦး။

Ans: လိင်ပြောင်းမှာက မေလလောက်ကျရင် ဘန်ကောက်မှာသွားပြောင်းမှာပါ။ အဲ့ဒီအတွက် ခုတည်းက ဆေးတွေကြိုသောက်ထားရတာတွေရှိတယ်။ ဆရာဝန်နဲ့ တိုင်ပင်ထားတာတွေရှိတယ်။ ကြိုတင်ပြင်ဆင်စရာ ရှိတာတွေအားလုံးပြင်ဆင်ထားပါတယ်..ရင်လည်းခုန်နေတယ်…။

HC: မေသစ္စာမောင်ရဲ့ ပရိသတ်တွေကို ကျန်းမာရေးအကြံပေးပါဆိုရင်….။

Ans: ပရိသတ်ကြီးအားလုံးပဲ ကျန်းမာရေးက ဘဝမှာအရေးအကြီးဆုံးပဲလေ…အဲ့ဒါကြောင့် ကျန်းမာရေးအတွက် အချိန်ပေးဂရုစိုက်ကြပါလို့ပြောချင်ပါတယ်။ အခုရာသီဥတုက ပူလာပြီဆိုတော့ ရေများများသောက်ပြီး အပူဒဏ်သက်သာအောင် ဝတ်စားနေထိုင်ပါလို့ အကြံပေးချင်ပါတယ်။

စောရတီနိုင်

Health Care