အခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ ရေပန်းစား လူကြိုက်များပြီး လူတော်တော်များများ စားသုံးလာကြတဲ့ မာလာရှမ်းကောရဲ့ ကယ်လိုရီပမာဏ (အကြမ်းဖျင်း)
(၁) အရွက်(ချက်ပြီး) (တရုတ် ပန်းကန်လုံး ၄ လုံး) – ၂၀ဝ ကယ်လိုရီ
(၂) ပိန်းဥ+ကြာစွယ်+အာလူး+မုန်လာဥနီ (တရုတ် ပန်းကန်လုံး ၁လုံး) – ၁၆၀ ကယ်လိုရီ
(၃) အသား (၁၀ဝ ဂရမ်) – ၂၂၅ ကယ်လိုရီ
(၄) အသားလုံး (၁၀ဝ ဂရမ်) – ၃၀ဝ ကယ်လိုရီ
(၅) ခေါက်ဆွဲ (တရုတ် ပန်းကန်လုံး ၁ လုံး) – ၂၄၀ ကယ်လိုရီ
(၆) မြေပဲ (၁၅ စေ့) – ၈၀ ကယ်လိုရီ
(၇) ဆီ (ထမင်းစားဇွန်း ၂ဇွန်း) – ၂၇၀ ကယ်လိုရီ
အထက်ကပြောထားတဲ့ ပမာဏဆိုရင် ကယ်လိုရီ (၁၄၇၅) ရှိတာကြောင့် များတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေဆိုရင်တော့ အရွက်ပိုထည့်ဖို့နဲ့ ဆီလျှော့ခိုင်းဖို့လိုသလို အပတ်တိုင်းလည်း မစားသင့် ပါဘူး။
အခု မာလာရှမ်းကောမှာပါတဲ့ကယ်လိုရီ ပမာဏကို သိသွားပြီဆိုတော့ လိုတိုးပိုလျှော့လေးတွေ လုပ်ပြီး စားကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒေါက်တာညီညီကျော်
Health Care