၁။ Fast Food ဆိုတဲ့ အလွယ်စား အစားအစာတွေ

Fast Food တွေဟာ အမေရိကန်မှာ အသက်သေဆုံးမှု အများဆုံးဖြစ်စေတဲ့ အကြောင်းရင်း ၁ နဲ့ ၂ ကို ဖြစ်စေပါတယ်။ ၎င်းတို့ကို အရသာကောင်းအောင် ပြုလုပ်ထားတဲ့အတွက် အဆီများများ၊ ကယ်လိုရီများများနဲ့ အလွန်အကျွံချက်ပြုတ်ထားပြီး ဈေးနည်းတဲ့ပစ္စည်းတွေ အသုံးပြုရတာဖြစ်ပါတယ်။ ဒါကြောင့် အဆီများကာ ဆီးချိုသွေးချိုကစလို့ နှလုံးရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော ကင်ဆာတွေကိုလဲ ဖြစ်စေပါတယ်။

၂။ Casu Marzu

တရားမဝင်တဲ့ အီတလီချိစ်တစ်မျိုးဖြစ်ပါတယ်။ သိုးနို့ကနေပြုလုပ်ထားတဲ့ ချိစ်ကို လောက်တွေနဲ့ ရောထားလိုက်တာဖြစ်ပါတယ်။ လောက်တွေက ချိစ်ကိုစားပြီး ပြန်စွန့်ထုတ်တဲ့အခါ နူးညံ့တဲ့အရသာနဲ့ အနံ့ကို ရစေတာဖြစ်ပါတယ်။ အဲ့ဒီလောက်တွေ သေသွားမယ်ဆိုရင် ချိစ်ဟာပျက်သွားမှာဖြစ်တဲ့အတွက် ချိစ်နဲ့အတူ လောက်တွေကိုလည်းရောပြီးစားရမှာဖြစ်ပါတယ်။ ဒီချိစ်မျိုးကိုစားရင် လောက်တွေကို သေချာဝါးဖို့လိုမှာပါ။ မဟုတ်ရင်တော့ အူထဲမှာ လောက်တွေပွားနေမလားဆိုတာ စဉ်းစားစရာပါ။

၃။ ဘရာဇီးလ် အစေ့တွေ

ဆီလီနီယမ်ပါဝင်မှုများတဲ့အစေ့တွေဖြစ်ပါတယ်။ ဆီလီနီယမ်ဟာ အတိုင်းအတာတစ်ခုအထိ ကိုယ်ခန္ဓာက လိုအပ်တဲ့အရာဖြစ်ပေမယ့် များလွန်းရင် ပြဿနာဖြစ်နိုင်ပါတယ်။ အသက်ရှူရင် ကြက်သွန်ဖြူနံ့ထွက်တာ၊ ပျို့တာကနေပြီး နှလုံးအလုပ်မလုပ်တော့တာအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရာဇီးလ်အစေ့တွေ စားမယ်ဆိုရင် တစ်နေ့ကို နှစ်စေ့လောက်ပဲစားသင့်ပါတယ်။

၄။ Ackee သီး

လိုင်ချီးသီးမျိုးနွယ်ထဲကဖြစ်ပြီး ဂျမေကာနိုင်ငံရဲ့ အမျိုးသားအသီး ဖြစ်ပါတယ်။ မမှည့်သေးတဲ့၊ အမှည့်လွန်တဲ့ Ackee သီးဟာ ဂျမေကာ ပျို့အန်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အစေ့တွေနဲ့၊ မမှည့်သေးတဲ့၊ အမှည့်လွန်တဲ့ အသီးတွေဟာ အဆိပ်အတောက်ဖြစ်စေနိုင်တာဖြစ်ပါတယ်။ တက်တာတွေ၊  သွေးတွင်းသကြားဓာတ် ကျဆင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

၅။ ဘလူးဘယ်ရီ

ဘယ်ရီသီးတွေဟာ နူးညံ့ပြီး အင်းဆက်တွေကြိုက်တဲ့အတွက် ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာသုံးပြီး စိုက်ပျိုးကြတာများပါတယ်။ ဘလူးဘယ်ရီတွေထဲမှာ ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာ အကြွင်းအကျန်တွေ အများအပြားပါဝင်နေနိုင်ပြီး ဓာတုပစ္စည်း ၅၂ မျိုးလောက် တွေ့နိုင်ပါတယ်။ အေးခဲထားတဲ့ ဘယ်ရီသီးတွေထဲမှာတော့ ပိုးသတ်ဆေးပါဝင်မှုလျော့နည်းတာ တွေ့ရပါတယ်။ ဒါကြောင့် စားချင်ရင် အေးခဲထားတဲ့ ဘယ်ရီသီးတွေကို ရွေးချယ်သင့်ပါတယ်။

၆။ တရုတ်နံနံကြီး

အစားအသောက်တွေကို စားချင့်စဖွယ်အနံ့ပေးနိုင်တဲ့ တရုတ်နံနံကြီးမှာ ဓာတုပစ္စည်း (၆၄)မျိုးနဲ့အထက် ပါဝင်နေနိုင်ပါတယ်။ တရုတ်နံနံပင်က ရေအလွန်စုပ်ယူတဲ့အပင်ဖြစ်တဲ့အတွက် ရေထဲ၊ မြေထဲက ဓာတု ပစ္စည်းတွေမျိုးစုံဟာ သူ့အထဲရောက်နေနိုင်ပါတယ်။ အထူးသဖြင့်တော့ ပိုးသတ်ဆေးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုးသတ်ဆေးမသုံးဘဲ စိုက်ပျိုးထားတဲ့ တရုတ်နံနံပင်တွေကိုပဲ ရွေးချယ်စားသုံးသင့်ပါတယ်။

၇။ ပျားရည်

ပိုးမသတ်ထားတဲ့ သဘာဝအတိုင်းဖြစ်တဲ့ ပျားရည်တွေဟာ ကျန်းမာရေးအတွက် မသင့်တော်တဲ့ ပန်းဝတ်မှုံတွေ ပါဝင်နေနိုင်တာပါ။ Pyrrolizi- dine alkaloids ဆိုတဲ့ အဆိပ်အတောက်တွေဟာ ပိုးမသတ်ထားတဲ့ ပျားရည်တွေမှာပါဝင်နေခဲ့ရင် အသည်းခြောက်တာ၊ အသည်းကင်ဆာ စတာတွေကို ဖြစ်စေနိုင်တာပါ။ နောက်ထပ် ပါဝင်နေနိုင်တဲ့ အဆိပ်အတောက်ကတော့ Botulinum အဆိပ်ဖြစ်ပါတယ်။ ဒီအဆိပ်အတောက်တွေဟာ အပူပေးရုံနဲ့ ပျောက်မသွားပါဘူး။ ဒါကြောင့် ပိုးသတ်ထားတဲ့ ပျားရည်ကိုသာ စားသုံးသင့်တာပါ။ အသက်တစ်နှစ်အောက်ကလေးတွေဆိုရင် ပျားရည် မကျွေးသင့်ပါဘူး။

၈။ ငါးပူတင်း

ဂျပန်မှာ နာမည်ကြီးပြီး တန်ဖိုးထားတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ သေချာပြင်ဆင်ချက်ပြုတ်ထားတာမျိုး မဟုတ်ရင် ငါးပူတင်းဟာ အကြောဆွဲတာမျိုးကစလို့ သေစေတဲ့အထိ ဖြစ်စေနိုင်တာပါ။ ငါးပူတင်းရဲ့အသည်းနဲ့ ကလီစာတွေဟာ အဆိပ်ရှိတာပါ။ အဲဒီအဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အစိတ်အပိုင်းတွေကို စားမိရင် ထုံကျဉ်တာကစလို့ အသက်ရှူရပ်သွားတဲ့အထိ ဖြစ်နိုင်တာပါ။

၉။ ပန်းသီး

ပန်းသီးတွေမှာ ဆိုင်ရာနိုက်ဆိုတဲ့အဆိပ် ပါဝင်နေတတ်ပါတယ်။ ပန်းသီးစေ့ထဲမှာ ပါဝင်နေနိုင်တာဖြစ်တဲ့အတွက် ပန်းသီးစားရင် အလယ်အူတိုင်နဲ့ အစေ့တွေကို မစားမိဖို့ သတိပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပန်းသီးစေ့ တစ်စေ့တစ်လေကြောင့်တော့ အဆိပ်မဖြစ်နိုင်ပါဘူး။ အစေ့ တွေ အများကြီးစားမိမှ ဖြစ်မှာပါ။ နောက်တစ်ခုကတော့ ပန်းသီးခွံမှာပါနေနိုင်တဲ့ ပိုးသတ်ဆေးတွေဖြစ်ပါတယ်။

၁ဝ။ ပဲက္ကတီပါ

ပဲက္ကတီပါမှာပါဝင်တဲ့ Lactin ဆိုတဲ့ ပရိုတိန်းတစ်မျိုးဟာ အစာအိမ်ကို ဒုက္ခပေးပြီး အကြီးအကျယ်ပျို့အန်တာ၊ ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီလိုမဖြစ်ဖို့ ပဲက္ကတီပါတွေကို မချက်ပြုတ်ခင် အနည်းဆုံး ၅ နာရီလောက် ရေစိမ်ထားဖို့လိုမှာပါ။ နောက်တစ်ခုကတော့ ပဲက္ကတီပါ တွေကို မီးအေးအေးနဲ့ခပ်ကြာကြာနူးအောင် ချက်ပြုတ်ဖို့ဖြစ်ပါတယ်။

၁၁။ မှို

 

မှိုတွေထဲက တချို့ဟာ အတော်လေး အဆိပ်အတောက်ဖြစ်စေနိုင်တာပါ။ တစ်ခါတလေမှာ စားကောင်းတဲ့မှိုနဲ့ မစားကောင်းတဲ့မှို ခွဲခြားရခက်ခဲတတ်ပါတယ်။ မှိုဆိပ်သင့်ပြီဆိုရင် ကျောက်ကပ်ပျက်စီးတာ၊ ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာတွေဖြစ်တတ်ပါတယ်။ စားကုန်ပစ္စည်းရောင်းချတဲ့ဆိုင်တွေမှာ ရောင်းချနေတဲ့ မှိုတွေကိုတော့ စိတ်ချလက်ချဝယ်စားနိုင်ပါတယ်။ သဘာဝအတိုင်းအလေ့ကျပေါက်တဲ့ မှိုတွေကို ခူးရောင်းတာမဟုတ်လို့ပါ။

၁၂။ ဇာတိပ္ဖိုလ်သီး

ဇာတိပ္ဖိုလ်သီးဟာ ကာရစ်ဘီယံဒေသနဲ့ အင်ဒိုနီးရှားမှာတွေ့ရတဲ့   နာမည်ကျော် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။ နှစ်လိုဖွယ် အနည်းငယ်ချိုတဲ့အရသာနဲ့ မွှေးကြိုင်တဲ့အနံ့ကို ပေးပါတယ်။ ဖြစ်စေနိုင်တဲ့ပြဿနာကတော့ စိတ်ခြောက်ခြားစေနိုင်တာဖြစ်ပါတယ်။ လက်ဖက် ရည်ဇွန်းတစ်ဇွန်းလောက်ရှိတဲ့ ဇာတိပ္ဖိုလ်သီးအစိမ်းရေဟာ နှလုံးခုန်နှုန်းကို မြန်စေတာ၊ ပျို့အန်ချင်တာ၊ ပါးစပ်ခြောက်တာ၊ အန်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ကံကောင်းတာက ဇာတိပ္ဖိုလ်သီးအစိမ်းကပဲ ဒါမျိုးဖြစ်စေ တာပါ။ သေလောက်အောင်ဖြစ်တာရှားပေမယ့် ဒီလက္ခဏာတွေကို ၂ -၃ ရက် ခံစားနေရတတ်တာပါ။

ကိုအောင် (ဆေး – ၁)

Health Care

LEAVE A REPLY

Please enter your comment!
Please enter your name here