၁။ အိတ်ဆောင် ECG  စက်

အိတ်ဆောင် ECG စက်ဟာ သင်ဘယ်နေရာရောက်နေနေ အချိန်တိုင်းမှာ သင့်နှလုံးကျန်းမာရေးကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ သင့်လျော်တဲ့ ထိန်းချုပ်ပရိုဂရမ်နဲ့ တွဲဆက်လိုက်မယ်ဆိုရင် ကျန်းမာရေးစောင့် ရှောက်မှုအတွက် လိုအပ်တဲ့ ECG တစ်ခုကို သင့်လက်ကိုင် ဖုန်းထဲကို စက္ကန့် ၃ဝ လောက်အတွင်းမှာ ရောက်ရှိစေနိုင်မှာဖြစ်ပါတယ်။

 

၂။ စတိုင်ကျကျ ခြေရာကောက်နာရီ

 

စတိုင်ကျကျလှပတဲ့ နာရီတစ်ခုကနေပြီး သင့်ခြေလှမ်းတွေကို ရေ တွက်ပေးမယ်။ သင်ရေကူးနေတာကို မှတ်တမ်းတင်ပေးမယ်။ သင့်အိပ်ချိန်တွေကို စောင့်ကြည့်ပေးမယ်။ သင့်ရဲ့တစ်နေ့တာ ကယ်လိုရီလောင် ကျွမ်းမှုကို မှတ်ထားပေးမယ်ဆိုတာတွေကို လုပ်ပေးနေနိုင်ပါပြီ။ ဒီနာရီကလဲ သင့်တော်တဲ့ လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် သင့်ရဲ့လှုပ်ရှားမှုဆိုင်ရာ အချက်အလက်တွေအကုန်လုံးဟာ ခဏအတွင်းမှာ ဖုန်းထဲကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

 

၃။ သွားဖြူစေတဲ့ကိရိယာ

အိမ်မှာပဲနေနေ၊ ခရီးပဲသွားသွား သင့်သွားတွေကို ဖြူနေအောင် လုပ်ပေးနိုင်မယ့် ကိရိယာရှိနေပြီဖြစ်ပါတယ်။ တစ်နေ့ကို ၈ မိနစ် ၄ ကြိမ် အသုံးပြုရုံနဲ့ ၅ ရက်အတွင်းမှာ ၅ ဆလောက်ဖြူလာစေနိုင်မှာပါ။ ထိရောက်ပြီး ရေရှည်ခံတဲ့ ဓာတ်မတည့်မှုဖြစ်နိုင်ခြေ မရှိသလောက်ဖြစ်တဲ့ သွားဖြူစေတဲ့ကိရိယာဖြစ်ပါတယ်။

 

၄။ ကြိုးမဲ့ သွေးပေါင်ချိန်တိုင်း ကိရိယာ

 

အလွယ်တကူ အသုံးပြုနိုင်ပြီး ဖုန်းနဲ့ ဆက်သွယ်အသုံးပြုလို့ရတဲ့ ကြိုးမဲ့သွေးပေါင်ချိန်တိုင်းကိရိယာ ရှိနေပါပြီ။ သွေးပေါင်ချိန်ကို ချက်ချင်းသိနိုင်ပြီး သိသာအောင် အရောင်တွေနဲ့ ခွဲခြားပြသပေးနိုင်ပါတယ်။ သွေးပေါင်ချိန်နဲ့ပတ်သက်ပြီး ဆရာဝန်တစ်ယောက်လို မှတ်ချက်လည်း ပေးနိုင်ပါတယ်။ အဓိကအချက်ကတော့ သွေးပေါင်ချိန်ကို အလွယ်တကူ နဲ့ လိုချင်တဲ့အချိန်တိုင်း မှတ်တမ်းတင်ထားနိုင်တာဖြစ်ပါတယ်။

 

၅။ ဇီဝလည်စည်း

နွေးထွေးစေပြီး ဖက်ရှင်လည်းကျတဲ့အပြင် ရှူသွင်းမယ့်လေကို စစ် ပေးနိုင်မယ့် လည်စည်းကိရိယာဖြစ်ပါတယ်။ လေထုထဲက မလိုလားအပ် တဲ့ အမှုန်တွေ၊ ဓာတ်မတည့်မှုဖြစ်စေမယ့်အရာတွေ၊ ဗိုင်းရပ်စ်ပိုးတွေ စတာတွေကို ဖယ်ရှားပေးနိုင်မယ့် လေစစ်ကိရိယာကို လည်စည်းလို စည်းထားပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်ကြတော့မှာဖြစ်ပါတယ်။

 

၆။ အရက်သောက်စားမှုကို အာမှုတ်လေနဲ့ တိုင်းတဲ့ ခေတ်ရှေ့ပြေး ကိရိယာ

ဖုန်းနဲ့ချိတ်ဆက်ပြီး ကိုယ့်ဟာကိုယ် သွေးထဲမှာရှိတဲ့ အရက်ပမာဏကို တိုင်းကြည့်နိုင်တဲ့ကိရိယာဖြစ်ပါတယ်။ ရဲတွေအသုံးပြုတဲ့ အာမှုတ်လေ နဲ့ အရက်တိုင်းတဲ့ကိရိယာလို အဆင့်မီတဲ့အတွက် ကိုယ့်သွေးထဲမှာရှိနေတဲ့ အရက်ပမာဏကို ကိုယ့်ဟာကိုယ် လျင်လျင်မြန်မြန်နဲ့ တိတိကျကျ သိရှိထားနိုင်မှာ ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။ အားသာချက်တစ်ခုကတော့ အနီးအနားမှာ ဖွင့်နေသေးတဲ့ စားသောက်ဆိုင်တွေကို ရှာဖွေနိုင်တာ၊ လိုအပ်ရင် တက္ကစီခေါ်နိုင်တာဖြစ်ပါတယ်။

 

၇။ ကြိုးမဲ့ သွေးချိုတိုင်း ကိရိယာ

 

သွေးထဲမှာရှိနေတဲ့ သကြားပမာဏကို တိုင်းတာပြီး သင့်ဖုန်းမှာ ဖော်ပြပေးမယ့် ကိရိယာဖြစ်ပါတယ်။ ဒီ့အပြင် တိုင်းတာထားသမျှကိုလည်း မှတ်ထားပေးနိုင်သလို သင့်ဆရာဝန်ဆီကိုလည်း လှမ်းပို့ပေးနိုင်ပါတယ်။

 

၈။ ဦးနှောက်ကို အာရုံခံပေးမယ့် ခေါင်းစည်း

ဦးနှောက်ထဲက လျှပ်စီးတွေကို တိုင်းတာပေးတဲ့ EEG လိုပဲ ဦးနှောက်ကို အာရုံခံပေးမယ့် အိတ်ဆောင်  EEG စက်ဖြစ်ပါတယ်။ တရားထိုင်နေစဉ် ဖြစ်နေတဲ့ ဦးနှောက်ရဲ့လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပြီး သင့်ကွန်ပျူတာ ထဲ ဒါမှမဟုတ် ဖုန်းဆီကို ပို့ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချ နိုင်မှာဖြစ်ပြီး ဘယ်လိုမျိုး အေးဆေးတည်ငြိမ်အောင် နေရမလဲဆိုတာကိုလည်း ညွှန်ပြနိုင်မှာဖြစ်ပါတယ်။

 

၉။ လေထုညစ်ညမ်းမှုတိုင်း ကိရိယာ

သင်ဟာ ပန်းနာရင်ကျပ် ဒါမှမဟုတ် ဓာတ်မတည့်မှုများသူဖြစ်ပြီး ခရီးသွားရမယ်ဆိုရင် ဒီကိရိယာကို ဆောင်သွားသင့်ပါတယ်။ သေးငယ် လှတဲ့ ဒီကိရိယာကို ဘယ်အချိန်မှာ ဘယ်နေရာမဆို အသုံးပြုနိုင်မှာဖြစ် ပါတယ်။ လေထုထဲက အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကို ထောက် လှမ်းပေးသလိုပဲ လေထုအပူချိန်နဲ့ စိုထိုင်းဆကိုလည်း တိုင်းတာပေးမှာ ဖြစ်ပါတယ်။

 

၁ဝ။ ရေသန့်စင်ကိရိယာ

စိတ်ချယုံကြည်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်သုံး ရေသန့်စင်ကိရိယာ ဖြစ်ပါတယ်။ ရေထဲက အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်း ရပ်စ်ပိုးမွှားတွေကို ၉၉.၉ ရာခိုင်နှုန်းအထိ သန့်စင်ဖယ်ရှားပေးနိုင်ပါ တယ်။ တစ်ခါအားသွင်းထားရင် ရေ ၅ဝ လီတာလောက်ကို သန့်စင်ပေး နိုင်ပြီး ၄၅ စက္ကန့်လောက်ပဲ အချိန်ပေးရမှာဖြစ်ပါတယ်။ ဘယ်သွားသွား သန့်စင်တဲ့ သောက်ရေရဖို့အတွက် ဆောင်ထားသင့်တဲ့ ကိရိယာဖြစ်ပါတယ်။

ကိုအောင်(ဆေး-၁)

Health Care