လူသားများဧ။် ကိုယ်ခန္ဓာသည် ဆန်းသစ်သည့်အသေးစိတ်ကျမှုများနဲ့ လုပ်ငန်းဆောင်တာများကို ပေါင်းစပ်ထားသည့်ရှုပ်ထွေးသောအရာတစ်ခုပဲဖြစ်ပါသည်။ အရိုးကြွက်သားများနဲ့ ပုံဖော်ထားမှုနှင့် ကြွက်သားများနဲ့ အဆီများဖြန့်ဝေမှုပေါ်မူတည်ပြီး ကိုယ်ခန္ဓာပုံစံဆိုပြီးဖြစ်လာပါသည်။ အသက်ဆယ့်ရှစ်နှစ်ရောက်သည့်အခါ လူတစ် ယောက်ဧ။် ကိုယ်ခန္ဓာကို သေချာစွာသတ်မှတ်လို့ရနေပြီဖြစ်ပါသည်။ သို့သော်လည်း ဘဝပုံစံများပြောင်းလဲသွားချိန်မှာ ကိုယ်ခန္ဓာများသည်လည်း ပြောင်းလဲသွားကြခြင်းဖြစ်ပါသည်။

ကိုယ်ခန္ဓာအမျိုးအစားနဲ့ ပတ်သက်ပြီးမည်သည့်အရာများအား သိသင့်သနည်း။

ယေဘုယျအားဖြင့် လူတို့သည်ကိုယ်ခန္ဓာပုံစံနဲ့ ပတ်သက်ပြီးသိပ်ဂရုမစိုက် တတ်ကြပါ။ ရှေးဦးစွာကိုယ်ခန္ဓာပုံစံကို သေချာစွာသိရှိခြင်းသည် ကိုယ်နဲ့လိုက်ဖက်မည့် အဝတ်အစားရွေးချယ်မှုမှာအသုံးဝင်ပါသည်။ ဥပမာ-သစ်တော်သီးပုံလူတစ်ယောက်သည် သူတို့ဧ။်ခြေထောက်များကို ကြီးစေသောကြောင့် ဂျင်းများကို ဘယ်တော့မှမဝတ်သင့်ပါ။ ပန်းသီးပုံစံရှိသည့်သူသည် ဗိုက်ပူခြင်းကိုသိသာစေသောကြောင့် ချက်ပေါ်အင်္ကျီများကိုမဝတ်သင့်ပါ။ ဒုတိယအနေဖြင့် ကိုယ်ခန္ဓာပုံစံကိုသိရှိခြင်းသည် ကျန်းမာရေးအခြေအနေကို ပိုမိုသိရှိစေပါသည်။

ကိုယ်ခန္ဓာ ပုံပန်းကို ဘယ်လိုသိရှိနိုင်မလဲ။

မိမိဧ။် ခန္ဓာပုံပန်းကိုသိရှိရန်အတွက် သင်ဧ။် ပုခုံး၊ ရင်၊ ခါးနှင့်တင်များကိုတိုင်းတာသင့်ပါသည်။

သင်ဟာ ဘယ်လို ကိုယ်ခန္ဓာပုံစံရှိနေလဲ။

(၁) လေးထောင့်ပုံ

လေးထောင့်ကိုယ်ခန္ဓာရှိသူများသည်ကိုယ်အစိတ်အပိုင်းအကုန်လုံးမှာတူညီသည့်အတိုင်းအတာရှိကြခြင်းဖြစ်ပါသည်။ သူတို့ကိုဖြောင့်တန်းသည့် (သို့) ပေတံကဲ့သို့ခန္ဓာကိုယ် ရှိသည်ဟုလည်း ဆိုကြပါသည်။ ထိုသူများသည် အခြားများနဲ့ ယှဉ်လျှင် ကောက်ကြောင်း နည်းပါးတတ်ပါသည်။ သို့သော်လည်း သူတို့သည် အရပ်ရှည်၊ ပိန်ပြီး ဖက်ရှင်မော်ဒယ် နဲ့တူပါသည်။ ထိုလူများသည် ရှည်လျားသည့် ဝတ်စုံများကို ဝတ်ဆင်သင့်ပါသည်။ ထိုအရာက သူတို့ကိုချစ်စရာကောင်းစေပြီး လိုက်ဖက်ရုံသာမကသူမရဲ့အစိတ်အပိုင်းများကိုလည်းထင်ရှားစေနိုင်ပါသည်။ ခါးပတ် (သို့) ကြိုးများသည်သူတို့အတွက် ပိုမိုသင့်လျော်ပါသည်။

(၂) သစ်တော်သီးပုံ

သစ်တော်သီးပုံရှိသူများသည် တင်ပါးကကြီးပြီး ပုခုံးကသေးငယ်ပါသည်။ သူတို့ဧ။် ခန္ဓာကိုယ်သည်တြိဂံပုံစံနဲ့တူပါသည်။ ထိုပုံစံ ခန္ဓာကိုယ်မျိုးများကိုအတွေ့ရများပါသည်။ သူတို့သည် ဆွဲကြိုးကို ဝတ်ဆင်သင့်ပြီး ဒီအရာကအောက်ပိုင်းထက် အပေါ်ပိုင်းမှာ ဆွဲဆောင်မှုကိုပိုမိုများပြားစေပါသည်။ သူတို့သည်အတိုများ၊ ဂါဝန်တိုများ၊ စကပ်တိုများကိုမဝတ်ဆင်သင့်ပါ။ ဒီဝတ်စုံများသည် အားနည်းချက်များကို ဖုံးမပေးနိုင်ပါ။

(၃) ပန်းသီးပုံ

ပန်းသီးပုံက သစ်တော်သီးပုံနဲ့ပြောင်းပြန်ဖြစ်ပါသည်။ ပန်းသီးပုံရှိသူများသည် ရင် ဘတ်ကျယ်ကြပြီး လက်မောင်းနဲ့ ရင်များလည်းကြီးမားကြပါသည်။ သို့သော်သူတို့တွင် သေးငယ်သောတင်နဲ့ ခြေထောက်များရှိပါသည်။ ပန်းသီးကိုယ်ခန္ဓာရှိသူများသည် သူတို့နဲ့ လိုက်ဖက်မည့် အဝတ်အစားရှာရခက်တတ်ပါသည်။ သူတို့သည် သူတို့ဧ။်လက်မောင်းများကို ဖုံးကွယ်ရန်ပုံမှန်ရိုးရိုးအင်္ကျီများကိုသာ ဝတ်သင့်ပါသည်။

(၄) သဲနာရီပုံစံ

သင်ဧ။်ခန္ဓာသည် သဲနာရီပုံစံရှိလျှင် သင်သည် Kim Kardashian နဲ့တူပါလိမ့်မည်။ အရမ်းကောင်းပါသည်။ ပုခုံး၊ တင်တိုင်းတာမှုတူညီပြီး ခါးသေးသူများသည်သဲနာရီပုံစံ ခန္ဓာကိုယ်ရှိသူများပင်ဖြစ်ပါသည်။ သူတို့သည် ဘယ်လိုအင်္ကျီမျိုးမဆိုလိုက်ဖက်သော ကြောင့်ယုံကြည်မှုရှိရှိသာနေသင့်ပါသည်။

ပန်းအိမ်

Health Care