၁။ ချန်ဒရာဘဟာဒါဒန်ဂီ

၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလတွင် နီပေါ၌ မွေးသော ချန်ဒရာသည် လူ့သမိုင်းတစ်လျှောက် အရပ်အပုဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ ခန္ဓာကိုယ်အချိုးအစားကိုယ်၌က သေးငယ်ပြီး အရပ်အမြင့်မှာလည်း ၂၁.၅ လက်မသာရှိသည်။ သူသည် မွေးဖွားချိန်မှစပြီး သူ့ရွာမှလွဲ၍ ဘယ်မှ မရောက်ဖူးသလို ၂ဝ၁၂ ခုနှစ် ကမ္ဘာ့စံချိန် မှတ်တမ်းဂင်းနစ်အတွက် ဆေးစစ်ရန် ဆရာဝန်နှင့်ပြသည်မှလွဲပြီး တစ်ခါမှ ဆရာဝန် နှင့် မပြသဖူးပေ။

၂။ ဂျွန်ရေးဘာလာဝင်း

၁၉၉၃ ခုနှစ်က ဖိလစ်ပိုင်တွင် မွေးဖွားသော ဘာလာဝင်းသည် အသက် ၁၁ နှစ်အရွယ်အထိကမ္ဘာ့အပုဆုံး လူသားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ မွေးသည့်အချိန်မှ ယခုထိ အနည်းငယ်သာ အရပ်ရှည်ခဲ့ပြီး ယခုအရပ် ၂၃.၆ လက်မနှင့် ကိုယ်အလေးချိန် ၁၁ ပေါင်သာရှိသည်။

၃။ ဂျေယော့တီအမ်ဂေး

ကမ္ဘာ့အသေးဆုံး သွားလာနိုင်သည့်အမျိုးသမီးဖြစ်သည်။ အရပ် ၂၄.၇ လက်မသာ ရှိပြီး ကိုယ်အလေးချိန် ၂၈ ပေါင်ပင် မရှိပေ။ ၁၉၉၃ ခုနှစ်က အိန္ဒိယတွင် မွေးဖွားပြီး အသက်တစ်နှစ်ပြည့်ချိန်တွင် ကြီးထွားမှု ရပ်ဆိုင်းသည့် ရောဂါခံစားခဲ့ရသဖြင့် အရပ်ပုသွားခြင်းဖြစ်သည်။ ၂ဝ၁၂ ခုနှစ်က ဘောလီးဝုဒ်ရုပ်ရှင်တွင် သရုပ်ဆောင်ခဲ့ပြီး ယခုအခါ တက္ကသိုလ် တက်ရောက်လျက်ရှိသည်။

၄။ မက်ချ်ဘက်စတာ

၁၉၆၃ ခုနှစ်က တောင်အာဖရိကနိုင်ငံတွင် မွေးဖွားသော ဘက်စတာ သည် အရပ် ၂၅.၅ လက်မသာ ရှိပြီး တောင်အာဖရိကတွင် အသေးငယ်ဆုံး လူသားဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် ထိုင်ဝမ်၌ကျင်းပသော မသန်စွမ်းသူများ ညီလာခံတွင်ချီနှင့်တွေ့ဖူးသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဘက်စတာက “ကိုယ်မသန်စွမ်းတာတွေကို ဂရုမစိုက်နဲ့ ကိုယ့်မှာရှိတဲ့ စွမ်းဆောင်ရည်ကို အသုံးပြု” ဟု ချီကိုပြောခဲ့သည်။

၅။ ခါဂျန်ဒရာသပါမက်ဂါ

ကမ္ဘာပေါ်တွင် တတိယမြောက် အရပ်အပုဆုံး အမျိုးသားဖြစ်သည်။ နီပေါနိုင်ငံ ဘက်လမ်းခရိုင်တွင် စီးပွားရေးသမားတစ်ဦးက သူ့ကို ၂ဝဝ၆ ခုနှစ်တွင် တွေ့ခဲ့ပြီး အရပ် ၂၆ လက်မသာ ရှိသည်။ ၂ဝ၁ဝ ခုနှစ်အထိ သူသည် ကမ္ဘာ့အပုဆုံးလူသားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သူသည် အသက်သုံးနှစ်သားအထိ ပုံမှန်အရွယ်အစားရှိခဲ့သူဖြစ်သည်။ ယခု နီပေါ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ပရိုမိုတာအဖြစ် ဆောင်ရွက်လျက်ရှိသည်။

၆။ ချီလင်းယူ

၁၉၇၂ ခုနှစ် မွေးဖွားပြီး အရပ် ၂၆.၆ လက်မသာရှိသော ချီသည် အရိုးရောဂါကြောင့် လက်တွန်းလှည်းဖြင့်သာ သွားလာနိုင်သည်။ ထိုင်ဝမ် နိုင်ငံသားဖြစ်သော ချီသည် သူ့ရောဂါကြောင့် အရပ်ပုနေသည်ကို အသက် ၂ဝ အရွယ်မှပင် သိခဲ့သူဖြစ်သည်။

၇။ ဘရစ်ဂက်ဂျော်ဒန်

ကမ္ဘာ့အသေးဆုံး အမျိုးသမီးစာရင်းတွင် ပါဝင်ပြီး ကမ္ဘာ့အသေးဆုံး အားကစားအသင်းအားပေးသူ အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ လူသုံးသန်း တွင်မှတစ်ယောက်ဖြစ်သော အရိုးရောဂါ ခံစားရသဖြင့် အရပ်ပုနေခြင်းဖြစ်ပြီး အရပ် ၂၇ လက်မသာရှိသည်။ လက်ရှိတွင် အီလီနွိုက်ပြည်နယ် တက္ကသိုလ် တက်နေသော သူမသည် အားကစားအဖွဲ့များကို အားပေးရင်း ပျော်ရွှင်နေသူဖြစ်သည်။ ဘွဲ့ရလျှင် အသက်မွေးဝမ်းကျောင်းအဖြစ် လူပုလေးများအတွက် ဖက်ရှင်ဒီဇိုင်နာလုပ်မည်ဟု သိရသည်။

၈။ အက်ဒွပ်နီနိုဟာန်ဒက်စ်

၁၉၈၆ ခုနှစ်က မွေးဖွားသော အရပ် ၂၇ လက်မသာရှိသော ဟာနန် ဒက်စ်သည် ကိုလံဘီယာနိုင်ငံတွင် အသေးငယ်ဆုံးလူသားဖြစ်သည်။ သူ သည် မွေးချိန်မှ အသက် ၂ နှစ်အထိ အရပ် လုံးဝရှည်မလာသဖြင့် ဂင်းနစ် မှတ်တမ်းစာအုပ်တွင် ဖော်ပြခံခဲ့ရသည်။ လက်ချောင်းများလည်း သေး လွန်းသဖြင့် စာရေးရန်ပင် မနည်းကြိုးစားခဲ့ရပြီး အသက် ၁၃ နှစ်တွင် ကျောင်းထွက်ခဲ့သည်။ လက်ရှိတွင် မြို့တော် ဘိုဂိုတာ၌ အချိန်ပိုင်း အကသမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေပြီး ၁၈ နှစ်အရွယ် အမျိုးသမီးချစ်သူနှင့် ပျော်ရွှင်နေကြောင်း သိရသည်။

၉။ ဟက်တစ်ခိုကာမန်

ကမ္ဘာ့အသေးငယ်ဆုံး သက်ရှိအမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်စာ အုပ်တွင် ဖော်ပြခံရဖူးသော ခိုကာမန်သည် တူရကီနိုင်ငံသူဖြစ်ပြီး အရပ် ၂၈ လက်မသာ ရှိသည်။ မိဘနှစ်ပါး၏ ချို့ယွင်းသော မျိုးရိုးဗီဇများ လက် ခံရယူထားသူဟု ဆရာဝန်များကသတ်မှတ်ထားသောသူမသည် မည်သည့် အလုပ်မှ လုပ်နိုင်ခြင်းမရှိပေ။ ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် သူမက “ကျောင်းတုန်းက ကျွန်မက သေးငယ်တော့ အတန်း ဖော်တွေက အမြဲနောက်ပြောင်တယ်။ ဒါပေမယ့် အခုတော့ ကျွန်မရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ကြောင့် ကမ္ဘာကျော်နေပြီ” ဟု ပြောခဲ့သည်။

၁ဝ။ စတေစီဟာရဲလ်

အမေရိကန်နိုင်ငံ ကင်တပ်ကီနေစတေစီသည် အရပ် ၂၈ လက်မ သာရှိသည့် ကလေးမိခင်ဖြစ်သည်။ အဆုတ်နှင့် အရိုးမသန်စွမ်းမှုကြောင့် လက်တွန်းလှည်းပေါ်တွင် နေရသည်။ ၂ဝဝ၅ ခုနှစ်တွင် အရပ် ၅ ပေ ၉ လက်မရှိ ကာယလေ့ကျင့်ရေးနည်းပြဆရာနှင့် အိမ်ထောင်ကျပြီးနောက် ကလေးသုံးဦးမွေးဖွားခဲ့သည်။ ပထမနှစ်ဦးမှာ စတေစီကဲ့သို့ပင် ဗီဇချို့ယွင်း မွေးဖွားလာပြီး ၂ဝဝ၉ ခုနှစ်တွင်မွေးသော နောက်ဆုံးသမီးမှာမူ ပုံမှန်ဖြစ်သည်။ အင်တာဗျူးတစ်ခုတွင် စတေစီက ဆရာဝန်တွေကို လေးစားပေမယ့် တစ်ခါတစ်ရံမှာ ဘဝပျော်ရွှင်ဖို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ် ရတာတွေရှိတယ်ဟု ဖြေခဲ့သည်။ ဆရာဝန်များက သူမကို ကလေးမယူ သင့်ကြောင်း အကြံပေးခဲ့သည်ကို ပြန်လည်ချေပခြင်း ဖြစ်သည်။

မောင်အောင်နိုင်

Health Care