သတိလစ်မေ့မျောခြင်းဟာ အကြောင်းတစ်စုံတစ်ရာကြောင့် အာရုံကြောအဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို ထိခိုက်ပြီး ဦးနှောက်လုပ်ငန်းများပါ ခေတ္တခဏ ပျက်စီးသွားခြင်းဖြစ်သည်။ သတိလစ်ခြင်း အဆင့်ဆင့် – တစ်ဝက်တစ်ပျက် သတိလစ်ခြင်း၊ လုံးဝသတိလစ်ခြင်းဆိုပြီး နှစ်မျိုးရှိတယ်။ တစ်ဝက်တစ်ပျက် (Stupor) တစ်ဝက်တပျက် သတိလစ်နေသူကို ခက်ခဲစွာနှိုးရတယ်။ လုံးဝသတိလစ်သူ (Coma) သတိလစ်နေသူမျက်ခွံကို လက်နဲ့ စွဲဖွင့်ကြည့်ရင် တစ်ဝက်တစ်ပျက် သတိလစ်နေသူဟာ မျက်ခွံကို ပြန်ပိတ်ဖို့ ကြိုးစားလေ့ရှိတယ်။ လုံးဝ သတိလစ်နေသူကတော့ မျက်စိပြန်ပိတ်ဖို့မကြိုးစားနိုင်၊ တောက်ပတဲ့အလင်းရောင်ဟာ မျက်စိတွင်းဝင် ရောက်တဲ့အခါ အကာအကွယ်မရှိပါက သာမန်မျက်စိသူငယ်အိမ် ကျဉ်းသွားတယ်။ တစ်ဝက်တပျက် သတိလစ်မေ့မျောသူရဲ့ မျက်စိဟာ ကျဉ်းပြီး လုံးဝသတိလစ်ရင် မကျဉ်းနိုင်တော့ပါ။

အကြောင်းအရင်း

သတိလစ်မေ့မျောတဲ့ အကြောင်းများစွာရှိပါတယ်။ အသက်ရှူပိတ်စေတဲ့ အကြောင်းအရင်း၊ သွေးလန့်ခြင်း၊ အဆိပ်သင့်ခြင်းနှင့် သတိလစ်မေ့မျောခြင်းတို့ဖြစ်တယ်။

ဦးခေါင်းဒဏ်ရာရောဂါ

ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ကင်ဆာ၊ ငှက်ဖျားရောဂါပိုး ဦးနှောက်တွင်းရောက်ခြင်း၊ ဦးနှောက်တုန်လှုပ်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း၊ ဦးနှောက်ဖိညှပ်ခံရခြင်းတို့ကြောင့် သတိလစ်မေ့မျောတယ်။

ဝက်ရူးပြန်ခြင်း၊ အပူရှပ်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ကလေးများ တက်ခြင်း၊ အသည်း လုပ်ငန်းပျက်စီးခြင်း၊ ဆီးချိုရောဂါ၊ သွေးအတွင်း ယူရီးယားများခြင်းနှင့် စိတ်အလိုမပြည့်ရောဂါကြောင့် သတိလစ်တတ်တယ်။ ဆီးချိုများခြင်း (သို့) ဆီးချိုကုသဆေး အင်ဆူလင် အထိုးလွန်လျှင် သတိလစ် မေ့မျောတယ်။

နှလုံးကိုသွေးပို့တဲ့ သွေးကြောများ ကျဉ်းမြောင်းခြင်း၊ သွေးခဲပိတ်ဆို့ခြင်း၊ နှလုံးသို့ သွေးအရောက်နည်းခြင်း၊ နှလုံးတွင်ပြင်းထန်စွာ ထိခိုက်မှုဖြစ်ခြင်းများ ရုတ်တရက် သတိလစ်တတ်တယ်။ အစာအာဟာရချို့တဲ့လို့ အလွန်အားနည်းရင် မူးမေ့သတိလစ်တတ်တယ်။

အသက်ရှူပိတ်

သတိလစ်ခြင်း

အရာဝတ္ထုတစ်ခုခုဝင်ပြီး လေပြွန်ချောင်းပိတ်ခြင်း၊ အစာနင်ခြင်း၊ မေးရိုးကျိုးခြင်းကြောင့် သွေးထွက်ပြီး သွေးများနဲ့ လည်ချောင်းပိတ်ဆို့ခြင်း၊ လေပြွန်ချောင်းပိပြားခြင်း၊ လည်ချောင်းပိတ်ဆို့ခြင်းမှာ မီးလောင်ခြင်း၊ အပူလောင်ခြင်း၊ လည်ချောင်းတွင်းရောဂါများကြောင့် အသက်ရှူပိတ်မေ့မျောသွားတယ်။

အဆိပ်များကြောင့် အသက်ရှူခြင်းနဲ့ဆိုင်တဲ့ ကြွက်သားတောင့်တင်းခြင်း၊ မေးခိုင်ရောဂါ၊ အာရုံ ကြောနှင့်ဆိုင်တဲ့ရောဂါများကြောင့် အသက်ရှူကြွက်သား အားနည်းခြင်း၊ ပိုလီယိုအကြောသေရောဂါ၊ ရင်ဘတ်ဖိညှစ်ခံရခြင်း ဥပမာ – မြေပြိုခြင်း၊ လူအုပ်တွင်းညပ်ခြင်း၊ လှုပ်ခြင်းကြောင့် လုပ်ငန်းအဝဝ ထိခိုက်စေတယ်။ ဓာတ်လိုက်ခြင်း၊ မိုးကြိုးပစ်ခံရခြင်း၊ အဆိပ်သင့်ခြင်း၊ တောင်တက်သူများ၊ ရေငုပ်သူများ၊ အသက်ရှူကျပ်ကာ မေ့တတ်သည်။

အဆိပ်သင့်ခြင်း၊ အဆုပ်အတွင်း အဆိပ်ဖြစ်စေတဲ့ဓာတ်ငွေ့များ ရှူမိခြင်း၊ ဘိန်းဖြူအထိုးလွန်ခြင်း စသည်တို့ဖြစ်သည်။

ကြိုတင်ကာကွယ်

ရေနစ်ခြင်း၊ မွန်းခြင်း၊ ဓာတ်လိုက်ခြင်း၊ လေပြွန်ပိတ်ဆို့ခြင်း စတာတွေမဖြစ်အောင် ကာကွယ်ရမယ်။

ကုသခြင်း

လူတစ်ဦး သတိလစ်သွားရင် အသက်ရှူနိုင်ဖို့ ကြိးစားရမယ်။ အဆိပ်သင့်ခြင်း ဖြစ်မဖြစ် စစ်ဆေးရမယ်။ အသက်ရှူပိတ်ရောဂါရှိတဲ့ ရေနစ်ခြင်း၊ မွန်းခြင်း၊ ဓာတ်လိုက်ခြင်း၊ သတိလစ်မေ့မျောခြင်းတို့ဖြစ်ပါက ဆေးကုသရမည်။

သတိမေ့မျောရင် လေကောင်း လေသန့်ရအောင် ဂရုစိုက်ရမယ်။ အသက်အန္တရာယ်ရှိတဲ့ ဓာတ်ကြိုးတွေကို ဖယ်ရှားရမယ်။ သတ္တဝါတစ်ကောင်ကောင် ကိုက်ခံရပါက (မြွေကိုက်ခံရရင်) ဆေးထိုးရမယ်။ သတိရပါက ဆေးရုံပြသရမယ်။ အသက်ရှူလမ်းကြောင်းပွင့်အောင် လုပ်ရသည်။ သွားတုနှင့်အန်ဖတ်များ ဖယ်ရှားရမည်။ သွေးလည်ပတ်မှုရှိရမည်။ လိုအပ်သည့်သွေး၊  သတ္တုဓာတ်သွင်းခြင်း၊ ရေဓာတ် ဂလူးကို့စ်သွင်းခြင်းဖြင့် ကုသနိုင် သည်။ ရောဂါပိုးမွှားများအတွက် ပိုးသတ်ဆေးပေးနိုင်သည်။ ဆီး၊ ဝမ်း၊ သွေးခုန်နှုန်းနှင့် အပူချိန်မှတ်သားရမည်။ သတိလစ်မေ့မျောသူအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လိုအပ်မှာဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါသောကြောင့် အလေးထားစောင့်ရှောက် ကုသသင့်သောရောဂါဖြစ်သည်။

ဒေါက်တာလွင်သန့်

Health Care