ယခုအခါ သန္ဓေတားဆေးတွေ ထင်ရှားလာပြီး သန္ဓေသားမရရှိဖို့ သက်ရောက်တဲ့ နည်းလမ်းတွေပဲဖြစ်တယ်။ ဒါပေမယ့် ရက်ကျော်လွန် (သို့) သောက်ဖို့မေ့သွားရင်၊ အချို့ ဆေးဝါးတွေနဲ့ ရောသွားလို့ ပျို့အန်လိုက်ရင် သန္ဓေတားဆေးရဲ့ သက်ရောက်မှု လျော့နည်းနိုင်ကာ မလိုချင်တဲ့ကိုယ်ဝန်တွေ ရလာစေပါတယ်။

သည်အပိုင်းမှာ သန္ဓေတားဆေးတွေ ဘယ်လိုသက်ရောက်စေတာလဲ။ တားဆေးအာနိသင် လျော့ကျစေတဲ့ နည်းလမ်း (၅)မျိုး၊ သန္ဓေတားဆေးအာနိသင် မလျော့ပါးအောင် ကြိုတင်ကာကွယ်ခြင်းနဲ့ ကိုယ်ဝန်ရဲ့ ပထမဆုံးလက္ခဏာ အချို့ကို ဆွေးနွေးပါမယ်။ သန္ဓေတားဆေးတွေ ဘယ်လို အစွမ်းရှိသလဲ။ အီစတြိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွဲဖက်စားဆေးက အမျိုးသမီးတွေမှာ ဥကြွေခြင်းကို တားဆီးပေးတယ်။ ယင်းသားဥဟာ စပန်း (Sperm)နဲ့ ပေါင်းမိရင် ကိုယ်ဝန်ဖြစ်မယ်။ အခြားတားဆေးတွေ ဥပမာ – ပရိုဂျက်စတုန်း တစ် မျိုးတည်းပါ ဆေးဝါးတွေ နေ့စဉ်(၁) လုံးစီနဲ့ (၂၈)ရက် သောက်သုံးဖို့လိုတယ်။ ပထမ(၂၁)ရက်က ဟော်မုန်းတားဆေးပါဝင်ပြီး နောက်ဆုံး (၇)လုံးက အားဆေးသာ ပါဝင်တယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (CDC) အဆိုအရ နေ့စဉ် တားဆေးတစ်လုံးစီ သောက်သွားသူအဖို့ ကိုယ်ဝန်မရနိုင်မှု(၉၉.၇ရာခိုင်နှုန်း) သေချာတယ်လို့ဆိုတယ်။ တစ်နှစ်မှာ အမျိုးသမီး (၁ဝဝ)မှာ တစ်ယောက် ကိုယ်ဝန်တားဆေးမေ့လျော့ (သို့) အခြားဆေးနဲ့ ရောသောက်မိလို့ (သို့) ပျို့အန်မှုကြောင့် ကိုယ်ဝန် ရနိုင်ခြေရှိတယ်လို့ဆိုတယ်။

ကိုယ်ဝန်တားဆေး အာနိသင် လျော့စေတဲ့ နည်းလမ်း (၅)မျိုးမှာ

(၁) နေ့စဉ် တစ်လုံးကျသောက် သုံးဖို့ မေ့သွားခြင်း။ တကယ်လို့ မေ့သွားရင် နောက်နေ့မှာ နှစ်လုံး ဆက်ပြီးသောက်ရမယ်။

(၂) ပျို့အန်ခြင်း။ အခြားရောဂါ ဥပမာ ရာသီတုပ်ကွေးဖြစ်လို့ ပဋိဇီဝဆေးတွေပါ သောက်ကြရရင် သန္ဓေတားဆေးက ပျို့အန်စေတယ်။ ဆေးအာနိသင်မပါ (သို့) နည်းသွားလို့ ကိုယ်ဝန်ရသွားနိုင်တယ်။ အစားထိုးတစ်လုံးသောက် ဖို့လိုတယ်။

(၃) နေ့စဉ် အချိန်မှန်မှန် မသောက်ခြင်း။ ဥပမာ မနက် (၈) နာရီသောက်လိုက်၊ ည (၈)နာရီ သောက်လိုက်၊ အချိန်အမျိုးမျိုးထား ပြီးသောက်ရင် ဆေးအာနိသင်ပြယ် တတ်ပါတယ်။

(၄) ရာသီရပ်သွားတဲ့ရက်ကစလို့ ဆေးကတ်အသစ်က ဆေးတစ်လုံးသောက်ရမှာ မသောက်ခြင်း၊ ဆေးကတ်အသင့်မရှိသေးခြင်း၊ ရက်ကျော်သွားခြင်းတို့ကြောင့် လိင်ဆက်ဆံဖြစ်ရင် ကိုယ်ဝန်ရနိုင် ပါတယ်။

(၅) အခြားစားဆေးတွေက တားဆေးအာနိသင်ကို ချေဖျက်ခြင်း။ ပဋိဇီဝဆေးတွေက ခန္ဓာကိုယ်ထဲ အရင်ရောက်သွားရင် တခြားဆေးကို လက်ခံမပေးနိုင်တော့သလိုဖြစ် စေတယ်။ ဥပမာ တီဘီဆေးများ၊ ငှက်ဖျားဆေးများ၊ ဖန်းဂတ်(မှိုသတ်)ဆေးတို့က သန္ဓေတားဆေး (လက်ခံ)ကို လုယူသွားလို့ ဆေး အာနိသင်မရှိဖြစ်ကာ သန္ဓေရ သွားနိုင်ပါတယ်။ ဆေးကို အချိန်ခြားပြီးမှ သီးခြားသောက်သင့်ပါတယ်။

ဒေါက်တာသက်လွင် (ပြည်သူ့ကျန်းမာရေး)

Health Care