ကမ္ဘာပေါ်ရှိ လူဦးရေ ၃ သန်း သည် အရက်အလွန်အကျွံ သောက် သုံးမှုကြောင့် နှစ်စဉ် သေဆုံးနေရပြီး ၎င်းအရေအတွက်မှာ အေအိုင်ဒီ အက်စ် ရောဂါ၊ အကြမ်းဖက်ညှင်းပန်းနှိပ်စက်ခံရခြင်း၊ ယာဉ်မတော် တဆမှု စသည်တို့ကြောင့် သေဆုံး သူစုစုပေါင်းထက်ပင် ပိုမိုများပြား လျက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ချက် အရသိရသည်။ နှစ်စဉ် ကမ္ဘာတစ် ဝန်းရှိ သေဆုံးသူဦးရေ အယောက် ၂ဝ တိုင်းတွင် ၁ ယောက်မှာ အရက်အလွန်အကျွံသောက်သုံး ခြင်းကြောင့်ဖြစ်ပြီး အများစုသည် အရက်အမူးလွန်၍ ကားမောင်းနှင် ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် အ ရက်ကြောင့်ဖြစ်ပွားသော ရောဂါ အခြေအနေအမျိုးမျိုးကြောင့် ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။ ထို့ပြင် အရက်နှင့် ဆက်နွယ်သော သေဆုံးသူ များ၏ ၄ပုံ ၃ပုံမှာ အမျိုးသားများ တွင်ဖြစ်ပြီး အသက်ကြီးသူများ၌ သာမက ဆယ်ကျော်သက်နှင့် လူ ငယ်လူရွယ်များတွင်ပါ ယခင်က ထက် အရက်သောက်သုံးနှုန်း သိ သိသာသာ ပိုများလာကြောင်းလည်း သိရသည်။ အရက်အလွန်အကျွံ သောက်ခြင်းရဲ့ နောက်ဆက်တွဲဆိုး ကျိုးတွေဟာ ကာယကံရှင်တစ်ဦး တည်းကိုတင်မကဘဲ သူ့ရဲ့မိတ်ဆွေ သူငယ်ချင်းတွေ၊ မိသားစုဆွေမျိုး တွေနဲ့ အနီးပတ်ဝန်းကျင်ကလူတွေ ကို ထိခိုက်နစ်နာစေပြီး တိုင်းပြည် အတွက်ပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေ တယ်။ ဒါ့အပြင် အခုနောက်ပိုင်း အမျိုးသမီးတွေမှာပါ အရက် သောက်နှုန်း စိုးရိမ်ဖွယ် သိသိသာ သာပိုများလာတာကြောင့် အရက် ကို နိုင်ငံအလိုက် ထိန်းချုပ်ဖို့ လို အပ်ပါတယ် WHO မှ အ ထွေထွေ ညွှန်ကြားရေးမှူး Dr. Tedros Adhanom Ghebreyesus က ပြောကြားခဲ့သည်။ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ကိုယ်ခံအားကျဆင်းပြီး တီဘီ၊ အိတ်ချ်အိုင်ဗီ စသည့်ကူးစက် ရောဂါများဖြစ်ပွားနိုင်ကာ အသည်း ခြောက်ခြင်းနှင့် ကင်ဆာရောဂါ အမျိုးမျိုးကြောင့် အသက်သေဆုံးရတတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထုတ်ပြန်ထား သည်။

ဒေါက်တာရဲခိုင်ဦး

Health Care