သုတေသနသစ်အရ သံလွင်ဆီပေါကြွယ်တဲ့ အစားအစာက အာရုံကြောဆဲလ်တွေမှာ ပရိုတိန်းစုပုံမှုကို ကာကွယ်ပေးလို့ အဆိုပါပရိုတိန်းစုပုံခြင်းမှဖြစ်စေတဲ့ သူငယ်ပြန်ခြင်း (Dementia) ကို တားဆီးပေးနိုင်ပါတယ်။

သံလွင်ဆီမှာ မပြည့်ဝဆီ (Mono Unsaturated Fatty Acid) ပါဝင်ပြီး ကောင်းမွန်တဲ့အဆီဖြစ်ကာ ကိုလက်စထရော မြင့်မားခြင်းနဲ့ နှလုံးရောဂါတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

သံလွင်ဆီရဲ့ နာဗ်ကြောကာကွယ်ပေးတဲ့အကျိုး၊ အကျိုးပြုတဲ့ အဆီရဲ့အကျိုးတွေ့ရှိတာ ကြာခဲ့ပါပြီ။

(၂၀၁၂)ခုနှစ် ကြွက်တွေမှာ တွေ့ရှိချက်အရ၊ ကြွက်တွေရဲ့ ဉာဏ်ရည်နဲ့ ပါဝင်ဆောင်ရွက်မှု ကောင်းစေကြောင်း တွေ့ရှိထား တယ်။

သံလွင်ဆီမှာ ပိုလီဖီနော  (Polyphenols) ပါဝင်မှုများတယ်။ ပိုလီဖီနောဟာ အင်တီအောက်ဆီးဒင့်ကြွယ်ဝပြီး ရောဂါများ၊ အသက်အရွယ်ကြီးရင့်ခြင်းများနဲ့ မှတ်ဉာဏ်မပြည့်စုံမှုတို့ ပြောင်းပြန်ဖြစ်စေတယ်။

ယနေ့ ကျန်းမာရေးသတင်းမှာ လေ့လာမှုကို ပုံနှိပ်ဖော်ပြထားပြီး ကြွက်တွေမှာ လေ့လာထားချက်အရ အယ်လ်ဇိုင်းမား (Alzheimer’s) ရောဂါမှ လျော့နည်းစေကြောင်း ဆိုတယ်။

ဒေါက်တာသက်လွင်(ပြည်သူ့ကျန်းမာရေး)

Health Care